[Zawgyi] 










[Unicode] 

မကြာင်ခင်မှာ အသစ်တစ်ဖန်ပြန်ဖွင့်မယ့် မန္တလေးက Vivo Showroom

လာမယ့် နိုဝင်ဘာလ (၄) ရက်နေ့မှာ မန္တလေးမြို့၊ ၃၃လမ်း၊ ၇၇လမ်း နဲ့ ၇၈လမ်းကြားက Vivo Showroom ကို Version 3.0 အဖြစ် Upgrade လုပ်ပြီး အသစ်တစ်ဖန် ပြန်ဖွင့်သွားမယ့်လို့သိရပါတယ်။ Vivo Showroom ဖဲကြိုးဖြတ်ဖွင့်ပွဲအခမ်းအနားကို Vivo ရဲ့ Brand Ambassador ဝိုင်းစုခိုင်သိန်း အပါအဝင် နန်းစန္ဒာလှထွန်း ၊ ပိုးကြာဖြူခင် တို့ တက်ရောက် ဖွင့်လှစ်ပေးသွားမှာပါ။

ဖွင့်ပွဲနေ့မှာ ပထမဆုံး ဖုန်းဝယ်မယ့် အယောက် (၆၀) အတွက် ကျပ်ငွေ (၂သောင်း) တန်ဖိုးရှိတဲ့ လက်ဆောင်ဘူးတွေကို ပေးအပ်သွားမှာပါ။ နံနက် ၈ နာရီခွဲကစပြီး ဆိုင်ဖွင့်ပွဲကို ပထမဦးဆုံး တက်ရောက် လာမယ့် Customer အယောက် (၁၀၀) ကိုလည်း ကျပ်ငွေ (၁၅၀၀၀) တန်ဖိုးရှိတဲ့ V Fan အကျီလက်ဆောင်တွေကို ပေးသွားဦးမှာပါ။ အဲ့တာတင်မဟုတ်ဘဲ ခုဝယ်၊ ခုယူ လက်ဆောင် (၅) မျိုးကိုလည်း ပေးသွားမယ့်အပြင် ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်ဦးမှာပါ။

Vivo Showroom မှာ စိတ်တိုင်းကျ လိုအပ်တာတွေကို ဝယ်ယူပြီး ငွေရှင်းဖို့ ကောင်တာကိုလည်း ရိုးရှင်းတဲ့ဒီဇိုင်း၊ ခန့်ညားလှပပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ပေးထားပါတယ်။

လာရောက်သူတွေကိုလည်း Vivo Showroom က ဝန်ဆောင်မှု အပြည့်နဲ့ ကြိုဆိုနေပါတယ်။ Vivo Showroom မှာ စောင့်ဆိုင်းနားဖို့နေရာကိုလည်း ဖန်တီးပေးထားပါတယ်။ Vivo ဝန်ထမ်းတွေက Customer တွေအတွက် လိုအပ်တာတွေကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးဖို့ အဆင့်သင့်ပါပဲ။

Customer တွေအနေနဲ့ Vivo Smartphone တွေကို Vivo Showroom တွေမှာ စိတ်တိုင်းကျ လက်တွေ့ စမ်းသပ် အသုံးပြုနိုင်ဖို့အတွက် အခုလို ပြင်ဆင်ထားပေးပါတယ်။ Vivo Showroom တွေကို လာရောက်လေ့လာဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်။

Vivo ကနေ ထွက်ရှိထားတဲ့ Smartphone အမျိုးအစားတွေကို တစ်နေရာထဲမှာ ရွေးချယ်နိုင်ဖို့အတွက်လည်း Counter တွေပြုလုပ်ပေးထားပါတယ်။ Vivo ဝန်ထမ်းတွေကလည်း Customer တွေ သိရှိလိုတာရှိရင် ရှင်းလင်းပြောကြားပေးဖို့ အဆင်သင့်ပါပဲ။

ကိုယ့်ရဲ့ Smartphone တွေကို သန့်ရှင်းရေး ပြုလုပ်တာ၊ Virus ရှင်းတာတွေအတွက်လည်း Vivo Showroom တွေမှာ အခမဲ့ဝန်ဆောင်မှုတွေပေးနေပါတယ်။

Vivo ဖုန်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Accessory တွေ၊ Vivo ကနေ လက်ဆောင်ပေးစရာပစ္စည်းတွေကိုလည်း တနေရာတည်းမှာ ခင်းကျင်းပြသပေးထားပါတယ်။

Vivo Showroom ကို လာရောက် ဝယ်သူအားပေးကြတဲ့ Customer တွေအတွက် အေးအေးဆေးဆေး သက်တောင့်သက်သာစောင့်ဆိုင်းပြီး အနားယူနိုင်အောင်လည်း အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ပြုလုပ်ထားပါတယ်။
Vivo Showroom ကို လာရောက်လေ့လာကြဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ပါတယ်။