[Zawgyi] 


ဖွင့်ပွဲနေ့မှာ ပထမဦးဆုံး ဖုန်းဝယ်သူ အယောက် (၆၀) ကိုလည်း ကျပ် (၂၀၀၀၀) တန်ဖိုးရှိတဲ့ လက်ဆောင်ဘူးတွေကို ပေးအပ်ခဲ့သလို နံနက် (၈:၃၀) ကစပြီး ဆိုင်ဖွင့်ပွဲကို ပထမဦးဆုံး တက်ရောက်လာတဲ့ Customer အယောက် (၁၀၀) ကိုလည်း ကျပ် (၁၅၀၀၀) တန်ဖိုးရှိတဲ့ V Fan အင်္ကျီတွေကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ 



www.akhayar.com

[Unicode] 

အဆင့်မြှင့်တင်မှုတွေနဲ့အတူ ဖွင့်ပွဲပြုလုပ်ပြီးသွားတဲ့ မန္တလေးက Vivo Showroom 3.0

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၄) ရက်နေ့မှာတော့ မန္တလေးမြို့ ၃၃ လမ်း၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြားမှာရှိတဲ့ Vivo Showroom 3.0 ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာတော့ Vivo ရဲ့ တာဝန်ရှိလူကြီးတွေ၊ Brand Abassador ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း အပါအဝင်၊ သရုပ်ဆောင် မော်ဒယ်တွေဖြစ်ကြတဲ့ နန်းစန္ဒာလှထွန်း ပိုးကြာဖြူခင် တို့တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖွင့်ပွဲနေ့မှာ ပထမဦးဆုံး ဖုန်းဝယ်သူ အယောက် (၆၀) ကိုလည်း ကျပ် (၂၀၀၀၀) တန်ဖိုးရှိတဲ့ လက်ဆောင်ဘူးတွေကို ပေးအပ်ခဲ့သလို နံနက် (၈:၃၀) ကစပြီး ဆိုင်ဖွင့်ပွဲကို ပထမဦးဆုံး တက်ရောက်လာတဲ့ Customer အယောက် (၁၀၀) ကိုလည်း ကျပ် (၁၅၀၀၀) တန်ဖိုးရှိတဲ့ V Fan အကျႌတွေကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ 

အဲ့ဒီအပြင် အခုဝယ်၊ အခုယူ လက်ဆောင် (၅) မျိုးကိုလည်း ပေးသွားတဲ့အပြင် ကံစမ်းမဲ အစီအစဉ်တွေကိုလည်း Showroom ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ပေးအပ်ခဲ့ပါတယ်။

နိုဝင်ဘာလအထူးအစီအစဉ်အနေနဲ့လည်း Vivo V11 | V11i ဖုန်းတွေကို ဝယ်ယူကြမယ့် ပရိသတ်ကြီးအတွက်လည်း နိုဝင်ဘာ (၁၅) ရက်နေ့အထိ ခဲခြစ်ကံစမ်းမဲအစီအစဉ်လည်း ပြုလုပ်ပေးထားပါသေးတယ်။ ဆုမဲတွေကတော့ ပထမဆုအနေနဲ့ Vivo V11 (၃) ဆု၊ ဒုတိယဆု Vivo V11i (၅) ဆု၊ တတိယဆုအနေနဲ့ Vivo V9 (၁၀) ဆုနဲ့ ကျပ် (၁၀၀၀၀) Chasback ဆုမဲတွေလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။ 

www.akhayar.com