Vivo ကနေ အခုအချိန်မှာဆိုရင် လက်ရှိဈေးကွက်ထဲမှာ အမြင့်ပိုင်းအနေနဲ့ V Series နဲ့ အနိမ့်ပိုင်းအနေနဲ့ Y Series ဆိုပြီး ရောင်းချနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Vivo ကနေ နောက်ထပ် S Series ဆိုပြီး စမတ်ဖုန်းအသစ်တစ်မျိုးကိုရောင်းချလာတော့မှာပါ။

အခု Vivo ကအသစ်ရောင်းချမယ့် S Series ဖုန်းကိုတော့ Vivo S1 လို့ နာမည်ေပးထားပြီးတော့ လက်ရှိဈေးကွက်ထဲမှာ အောင်မြင်လာနိုင်တဲ့ Feature တွေအများအပြားလည်း ပါဝင်နေပါတယ်။ ဒါတွေကတော့ In-Display Fingerprint Sensor ၊ AI Triple Camera နဲ့အတူ ကြာရှည်အသုံးခံတဲ့ Battery တွေပဲဖြစ်ပါတယ်။

ဒီ Vivo S1 စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းအသေးစိတ်ကိုတော့ မကြာခင်ပြုလုပ်တော့မယ့် Launch Event ပြီးရင် သိရမှာဖြစ်ပေမယ့် အခုလိုမျိုး Mid Range ဖုန်းတစ်ခုထဲမှာ In-Display Fingerprint Sensor ကိုထည့်ပေးထားနိုင်တဲ့အတွက် Display ပိုင်းမှာ AMOOLED Display ကို သုံးလာမယ်ဆိုတာကျိန်းသေနေပါပြီ။ အဲ့ဒါကြောင့် Display ကလည်း တော်တော်လေးကို ကောင်းမယ်လို့ ယူဆရပြီးတော့ Waterdrop Notch ကိုအသုံးပြုထားမှာလည်းဖြစ်ပါတယ်။

အဲ့ဒီအပြင် Vivo စမတ်ဖုန်းတစ်ခုဖြစ်နေတဲ့အတွက် Selfie Camera ပိုင်းမှာလည်း အားရဖို့ကောင်းနေပြီးတော့ လက်ရှိ Teaser တွေအရတော့ 32MP Selfie Camera ကို အသုံးပြုထားတယ်လို့ သိထားရပါတယ်။ Selfie Camera တင်ကောင်းနေတာမဟုတ်ဘဲ Back Camera ပိုင်းမှာလည်း AI စနစ်တွေပါဝင်နေတဲ့ Triple Camera Setup ကြောင့် Camera ပိုင်းမှာလည်း အားရဖို့ကောင်းနေမှာပါ။ ဒီ AI စနစ်တွေထဲမှာ Vivo ရဲ့ လူကြိုက်များခဲ့တဲ့ AI Portrait Framing လည်းပါလာဦးမယ်ဆိုတော့ Portrait ရိုက်တတ်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားစရာပါ။

နောက်ပြီး Vivo ကတော့ ဒီ Vivo S1 ဖုန်းက လက်ရှိဈေးကွက်ထဲကဖုန်းတွေထဲမှာ တော်တော်လေးကို အားရဖို့ကောင်းတဲ့ Battery Life ကိုလည်း ပေးနိုင်ဦးမယ်လို့ ပြောထားတော့ အနည်းဆုံး 4000mAh Battery အထက်ကိုပါဝင်လာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ စိတ်ဝင်စားဖို့ကောင်းနေတဲ့ Vivo S1 စမတ်ဖုန်းအသစ်အကြောင်းအသေးစိတ်ကို နောက်တပတ်ဆိုရင် သိရတော့မှာပါ။