[Zawgyi]




Vivo #PassTheSwag

Vivo #PassTheSwag



အခရာ (www.akhayar.com)

[Unicode]

ကမ္ဘာကြီးကို Vivo ရဲ့ #PassTheSwag နဲ့ အတူယူဆောင်လာရအောင်

တစ်ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Vivo ကနေ 2018 FIFA World Cup အတွက် ဘောလုံးနဲ့ သီချင်းနှစ်သက်သူတွေအတွက် အကအသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Vivo ကနေ #PasstheSwag လို့နာမည်ပေးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကလှုပ်ရှားမှုတစ်ခုကို  ဒီနေ့ကြေညာလိုက်ပါတယ်။ ဘောလုံးပရိသတ်တွေနဲ့ သီချင်းပရိသတ်တွေကို ပူးပေါင်းစေပြီး 2018 FIFA World Cup အတွက် အမှတ်တရဖြစ်အောင် ဖန်တီးဖို့ပဲဖြစ်ပါတယ်။
အခုလှုပ်ရှားမှုက မတူညီတဲ့လူသားတွေကို တူညီတဲ့ အကဘာသာစကားတစ်ခုကနေ အတူလက်တွဲစေမှာဖြစ်ပြီးတော့ Nicky Jam ၊ Will Smith နဲ့ Era Istrefi တို့ သီဆိုထားတဲ့ 2018 FIFA World Cup RussiaTM ရဲ့ တရားဝင်သီချင်းဖြစ်တဲ့ “Live it Up” ရဲ့ သံစဉ်တွေဆီကို ရောက်ရှိလာစေမှာပါ။ Vivo အနေနဲ့ ပရိသတ်တွေကို မမေ့နိုင်တဲ့ အမှတ်တရတွေကို ရရှိစေဖို့နဲ့ ယခု World Cup ရဲ့ #PasstheSwag ကနေတစ်ဆင့် သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ဖို့ဖြစ်ပါတယ်။ ဒါအပြင် အရည်အသွေးမြင့် အသံတွေ၊ အကောင်းဆုံး ဓါတ်ပုံရိုက်ကူးတဲ့ခံစားမှုတွေနဲ့ အလန်းစားနည်းပညာတွေကိုပါ ခံစားနိုင်မှာပါ။
အခုလိုမျိုး Launch Event နဲ့အတူ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေက သူတို့ရဲ့ လူမှုကွန်ရက်ပေါ်ကို #PassthSwag နဲ့ Share လုပ်မယ်ဆိုရင် Official သီချင်းနဲ့အတူ Final Match Show မှာ Vivo Super Time မှာရှိတဲ့ Screen အကြီးနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ အခုယှဉ်ပြိုင်ပွဲကတစ်ဆင့် တစ်ပြိုင်နက် Live ကြည့်နေတယ်ဆိုရင်လည်း #PassTheSwag ကို Vivo Super DJ Show မှာ ကမ္ဘာ့ဖလား (၆၄) ပွဲလုံးကို ကြည့်နိုင်မှာဖြစ်ပါတယ်။

ကြေညာချက်အရ Vivo ရဲ့ Brand Director နဲ့ International Business အဖြစ်တာဝန်ယူထားတဲ့ Michael Chang က “FIFA World Cup က ဘောလုံးပြိုင်ပွဲတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အားပေးတဲ့ပရိသတ်တွေအကုန်လုံးကို တူညီတဲ့နေရာကို ယူဆောင်လာပေးတဲ့ ကြီးမားတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ အခုလိုမျိုး 2018 FIFA World Cup ကို Sponsor ပေးတာကနေ ကျွန်တော်တို့ဟာ Fans တွေကို ပရိသက်ထက်ပိုပြီး တွန်းအားပေးပြီးတော့ ကိုယ်တိုင်ပါဝင်ဖန်တီးတဲ့သူဖြစ်စေဖို့နဲ့ မတူထူးခြားနေတဲ့ အမှတ်တရတွေကို မြင်တွေ့၊ မျှဝေပြီး အမှတ်ရနေစေဖို့ပဲဖြစ်ပါတယ်။

Vivo #PassTheSwag

Vivo #PassTheSwag

“တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့က သီချင်းနဲ့ဖျော်ဖြေမှုတွေက အားကစားနဲ့ အတူယှဉ်တွဲလိုက်ပြီး တကယ်ကို မတူထူးခြားတဲ့ အမှတ်တရတွေကို ဖန်တီးဖို့အတွက် ဘယ်အချိန်မှာ ဘယ်လိုမျိုးအတူရှိသွားကြသလဲဆိုတာကိုတွေ့မြင်ခဲ့ရပါပြီ။ #PassTheSwag ဟာ ကျွန်တော်တို့ Campaign Theme ဖြစ်တဲ့ “My Time, My FIFA World Cup” ကို အသက်ဝင်စေလာပြီး လူတိုင်းကို စိတ်လှုပ်ရှားစေပြီးတော့ Fans တွေကိုလည်း ပျော်ရွှင်ဖွယ် ‘အက’ ကနေတစ်ဆင့် World Cup ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာစေမှာပါ။” လို့ Mr. Chang က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Vivo #PassTheSwag က Vivo Super Time Project ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ သီချင်းကို နောက်ခံထားတဲ့ Activities တွေဖြစ်တဲ့ ဘောလုံးပွဲတိုင်းမှာ Vivo Super DJ Show တွေ ဒါ့အပြင် Final Match Show မှာလည်း Official Song Performance တွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ Vivo ရဲ့ Super Fan Photographer အစီအစဉ်ကနေ ပရိသတ်တွေကို Pitch-side ၊ Stadium နဲ့ Warm up Sessions နေရာတွေမှာ မတူထူးခြားတဲ့အမှတ်တရတွေကို ရယူပြီး မျှဝေနိုင်မှာပါ။ Vivo Super Time က Vivo ရဲ့ တကမ္ဘာလုံးဆိုင်ရာ World Cup Campaign ဖြစ်တဲ့ “My Time, My FIFA World Cup” ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

အခရာ (www.akhayar.com)