[Zawgyi] 


LIVE Perfomance


LIVE Performance




Vivo Booth







Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Vivo က My Time ၊ My FIFA World Cup TM Campaign ကို Russia မှာ အောင်မြင်စွာဝင်ရောက်ဆင်နွဲခဲ့ပြီ

Vivo ကတော့ FIFA World Cup နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ တေးဂီတဖျော်ဖြေရေးလုပ်ပိုင်ခွင့်ရရှိခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပွဲမှာတော့ World Cup Offical Song ကို တီးခတ်ဖျော်ဖြေခွင့်ရခဲ့ပြီး အမှတ်ရစရာ ထူးခြားဆန်းကြယ်တဲ့ အခိုက်အတန့်တွေကို ဘောလုံးဝါသနာရှင်တွေနဲ့အတူ ဖန်တီးနိုင်ခဲ့ပါတယ်။ 

LIVE Perfomance

Live It Up’ ဆိုတဲ့ FIFA World Cup Official Song ကို Nicky Jam နဲ့အတူ Will Smith ၊ Era Isterfi တို့နဲ့ ဖျော်ဖြေခဲ့ပါတယ်။ Vivo အနေနဲ့လည်း ကွင်းဘေးမှာ မိနစ် ၉၀ စာ Brand ကြော်ငြာတွေကို ပြသခွင့်ကိုရရှိခဲ့ပါတယ်။ ကွင်းပတ်ပတ်လည်က ပရိသတ်တွေအနေနဲ့လည်း Vivo Nex နာမည်နဲ့ Screen အကြီးကြီးကို ကြည့်ရှုရင်း  ဖျော်ဖြေရေးအစီအစဉ်တွေကို ခံစားနိုင်ပါတယ်။ Nex ကတော့ FIFA World Cup ပွဲကြီးကျင်းပနေချိန်အတွင်းမှာ ဈေးကွက်ကိုထုတ်ပြခဲ့တဲ့ Vivo ရဲ့ Flagship စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ 

LIVE Performance

အခုလိုဖျော်ဖြေရေးအစီအစဉ်တွေကတော့ Vivo Supre Time Project ထဲက အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ Vivo Super Time Project ထဲမှာတော့ ကမ္ဘာတစ်လွှားက ဂီတစိတ်ဝင်စားသူတွေကို စည်းလုံးစေခဲ့တဲ့ တေးဂီတဦးစားပေး လုပ်ရှားမှုအစီအစဉ်တွေပါဝင်ပါတယ်။ Vivo DJ Show လည်းပါဝင်ပြီး ပွဲစဉ် ၆၄ ခုလုံမှာ ပရိတ်သတ်တွေအတွက် အားပေးဖက်ဖြစ်ခဲ့သလို စည်းလုံးမှုလည်း ပိုတိုးအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ Vivo Swag အဖွဲ့ကလည်း အကအလှတွေနဲ့ ကမ္ဘာတစ်လွှားက ဘောလုံးပရိသတ်တွေနဲ့ ဂီတ်ပရိတ်သတ်တွေကအတွက် မမေ့နိုင်မယ့် အမှတ်တရတွေကို ၂၀၁၈ FIFA World Cup Russia မှာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

LED Board with NEX Frame

Vivo ရဲ့ “My Time ၊ My FIFA World Cup TM Campaign” ထဲက နောက်ထပ်တစ်ခုကတော့ Vivo Super Fan Photographer Programme ပဲဖြစ်ပါတယ်။ ဒီ Programme ကတော့ ကစားသမား ၅၆ ယောက်နဲ့အတူ ဘောလုံးဝါသနာရှင်၊ အနုပညာရှင်၊ Social Media Influencer တွေ၊ Media Partner တွေအပြင် Vivo ဖုန်းဝယ်ယူသူတွေကို ကွင်းဘေး ကစားပွဲမစခင်အချိန်တွေမှာ ဓာတ်ပုံရိုက်ခွင့်ပေးခဲ့ပါတယ်။  

Vivo Booth

နောက်ဆုံးပွဲစဉ်အနီးမှာ Vivo ရဲ့ နိုင်ငံတကာ စီးပွားရေးနဲ့ Brand Director ဖြစ်တဲ့ Michael Chang ကတော့ “FIFA World Cup ကတော့ အံ့မခန်းပွဲကြီးဖြစ်ခဲ့ပါတယ်။ ကွင်းဘေးလှုပ်ရှားမှုတွေကအစ နောက်ဆုံးပွဲစဉ်မစခင်အချိန်မှာ Official Song ကို ဖျော်ဖြေခွင့်ရခဲ့တာ၊ Vivo Super Fan Photographer Programme တွေနဲ့အတူ FIFA World Cup ရဲ့ ယဉ်ကျေးမှုပြယုဂ်ကို အောင်မြင်စွာဖော်ဆောင်ရင်း အခုလို လှပတဲ့ကစားပွဲတွေကို Russia နိုင်ငံမှာတင်မကဘဲ ကမ္ဘာတစ်ဝှမ်းလုံးကိုပါ သယ်ဆောင်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ 

Super Fan Photograph Programme

“ကျွန်တော်တို့အနေနဲ့ Vivo Brand ကို ကမ္ဘာတစ်ဝှမ်းလုံး သတိထားမိနိုင်စေဖို့အတွက် ၂၀၁၈ FIFA World Cup မှာ Sponsor ပေးခဲ့တာဖြစ်ပြီး Vivo ပရိသတ်ကိုလည်း Vivo ရဲ့ ထူးခြားဆန်းကျယ်မှုကိုပြသနိုင်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့လကတည်းက ကျွန်တော်တို့အနေနဲ့ ပွဲနဲ့ပတ်သက်လို့ အခုလိုအောင်မြင်တဲ့ရလဒ်တွေရမယ်လို့ ယုံကြည်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့က အနာဂတ်အတွက်လည်း စိတ်လှုပ်ရှားနေပါတယ်၊ ဘောလုံးနဲ့ပတ်သက်ပြီးတာ့လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆက်နွယ်လုပ်ကိုင်သွားဖို့ကို စီဉ်ထားတာတွေရှိပါတယ်” လို့ Chang က ဆက်ပြောပါတယ်။ 

Super Fan Photograph Programme

FIFA အတွက် Sponsorship အဖြစ် ပါဝင်ခွင့်ရခဲ့တာနဲ့ပတ်သက်လို့တော့ Vivo က FIFA World Cup ရဲ့ အငွေ့အသက်ကို FIFA World Cup 2018 Limited Edition Vivo V9 Blue ကိုထုတ်လုပ်ထားပါတယ်။ V9 Blue Limited Edition ကိုထုတ်ပြပြီးတဲ့နောက် တစ်ဆက်တည်းမှာပဲ Vivo ဆီက ပရိသတ်တွေ မျှော်လင့်ထားတဲ့ နည်းပညာအသစ်တွေ အများကြီးနဲ့ Vivo NEX ဖုန်းတွေကို ပွဲထုတ်ခဲ့ပါသေးတယ်။ Smartphone လောကရဲ့ နောက်တစ်ခေတ်လို့ယူဆလို့ရတဲ့ ဘောင်မဲ့ Display Design နဲ့အတူ On-Screen Fingerprint Sensor ၊ Screen SoundCasting နည်းပညာအပြင် အသုံးလိုတဲ့အချိန်မှာ အပြင်ကိုထွက်လာပေးမယ့် Pop-Up Selfie Camera တွေပါဝင်တာကြောင့် အသုံးပြုသူတွေအတွက် အနာဂတ်ရဲ့ ဖန်တီးမှုတွေကို စိတ်ကူးယဉ်ကြည့်ရုံတင်မဟုတ်ဘဲ လက်တွေ့ခံစားနိုင်ခဲ့ပါတယ်။ 

FIFA နဲ့ ပူးပေါင်းတဲ့အပိုင်းမှာ Vivo က ၂၀၁၇ ခုနှစ်အတွက်လည်း FIFA အဖွဲ့အစည်းအတွက် Sponsor ပေးခဲ့သလို နောက် ၂၀၂၂ ခုနှစ် Qatar မှာကျင်းပပြုလုပ်မယ့် FIFA World Cup 2022 အတွက်လည်း Sponsor လုပ်ပေးသွားဦးမှာဖြစ်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။