[Zawgyi] 


Halo FullView Display




www.akhayar.com

[Unicode] 

Vivo ကနေ မကြာခင်မိတ်ဆက်လာမယ့် Y95 က ဘယ်လိုဖြစ်မလဲ

Vivo ဖုန်းတွေကတော့ ပြည်တွင်းဈေးကွက်မှာ Mid-Range ဖုန်းတွေအနေနဲ့ နာမည်ကောင်းရထားပြီးဖြစ်လို့ ပရိသတ်တွေကြားမှာ သိပ်ပြီးတော့ ညွှန်းနေစရာမလိုတဲ့ Brand တစ်ခုဖြစ်နေပါပြီ။ မကြာခင်မှာပဲ Vivio က Model အသစ်ဖြစ်တဲ့ Y95 ကိုမိတ်ဆက်ပေးသွားတော့မယ်လို့ သိရပါတယ်။ Vivo Fan တွေအတွက်တော့ စိတ်ဝင်စားစရာသတင်းပါပဲ။ 

Halo FullView Display

လက်ရှိသိရသလောက်ကတော့ ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်သွားမယ့် Vivo Y95 မှာ RAM 4GB ၊ ROM 64GB တို့ပါဝင်လာမယ်လို့ သိရပါတယ်။ Camera အနေနဲ့တော့ နောက်ကျောဖက်မှာ Dual Camera ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ Display မှာတော့ အရင်ကထွက်ခဲ့တဲ့ Vivo V11 နဲ့ V11i တို့မှာ တွေ့ခဲ့ရသလိုပဲ Halo FullView Display Design ကို သုံးပေးလာမှာပါ။ 

Vivo Y95 မှာ စိတ်ဝင်စားစရာအချက်အနေနဲ့တော့ Battery ပိုင်းအတွက် ကောင်းကောင်းလုပ်ပေးထားတဲ့အချက်ပါ။ 4030mAh Battery ကိုထည့်ပေးထားတာကြောင့် Battery Cpapcity များများမှ သဘောကျတယ်ဆိုသူတွေအတွက်တော့ Y95 က စိတ်ဝင်စားစရာပါပဲ။ Battery အားကုန်မြန်တာဆိုသူတွေအတွက်လည်း Y95 က ဆွဲဆောင်နိုင်မယ်လို့လည်း ယူဆရပါတယ်။ 

ဒီ Vivo Y95 ကို ပြည်တွင်းဈေးကွက်မှာ ဘယ်အချိန်တွေ့ရမယ်လို့ အတိအကျ မသိရသေးပေမယ့် မကြာခင်မှာပဲမိတ်ဆက်ပေးလာမယ်လို့ ယူဆရပါတယ်။ Vivo Y95 ရဲ့ Feature တွေနဲ့ Specifiaction အသေးစိတ်ကိုတော့ Launch လုပ်ပြီးတဲ့အခါသိနိုင်မှာဖြစ်သလို Y95 ကတော့ Vivo ပရိသတ်ကြီးအနေနဲ့ စောင့်ကြည့်ရမယ့် ဖုန်းတစ်လုံးပါပဲ။ 

www.akhayar.com