[Zawgyi] 




NEX Camera Design



Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

နောက်ထပ်လိုချင်စရာ ဖုန်းတစ်လုံးဖြစ်လာမယ့် Vivo ရဲ့ NEX

ဈေးကွက်ထဲမှာတွေ့ရတဲ့ Full Screen ဖုန်းတွေမှာ Design သုံးမျိုးကွဲနေပါတယ်။ ဘေးဘောင်တွေပါးအောင်လုပ်ကြသလို Notch ပါတဲ့ Design ကို အသုံးပြုကြတဲ့အပြင် Notch လုံးဝမပါတဲ့ Design ကလည်း ဆွဲဆောင်မှုရှိတဲ့ Design ဖြစ်တာကြောင့် နောက်ပိုင်း အသုံးများလာပါတယ်။ Vivo ကတော့ သူတို့ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် NEX စမတ်ဖုန်းကို မိတ်ဆက်တော့မှာပါ။ 

Vivo NEX and NEX S via /LEAKS

NEX စမတ်ဖုန်းကတော့ ပုံမှာတွေ့ရတဲ့အတိုင်း Notch မပါတဲ့ Design ကိုအသုံပြုထားပါတယ်။ Camera ကိုတော့ Vivo ရဲ့ Apex Concept မှာတွေ့ရသလို အပေါ်ကထွက်လာမယ့်  Mechanism  နဲ့ထည့်ထားပါတယ်။ NEX စမတ်ဖုန်းတွေက ဈေးကွက်ထဲမှာ Vivo ရဲ့ အကောင်းဆုံး ထုတ်ကုန်တွေအဖြစ် နေရာယူလာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ NEX စမတ်ဖုန်းက Vivo အတွက် ကြီးမားတဲ့ Design ပြောင်းလဲမှုကို ယူလာပေးမယ့် စမတ်ဖုန်းလည်းဖြစ်ပါတယ်။ 

NEX Camera Design

NEX စမတ်ဖုန်းတွေကိုတော့ အမျိုးအစား နှစ်မျိုးထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ NEX နဲ့ NEX S ဆိုပြီးဖြစ်ပါတယ်။ NEX S မှာတော့ In-Display Fingerprint Scanner ပါလာမယ်လို့ သိရပြီး NEX မှာတော့ Fingerprint Scanner ကို ဖုန်းရဲ့နောက်ကျောဖက်မှာ တပ်ထားပေးမှာဖြစ်ပါတယ်။ NEX ဖုန်းတွေကိုတော့ Qualcomm ရဲ့ Chipset အသစ်တွေဖြစ်တဲ့ Snapdragon 710 Chip တွေနဲ့တွေ့ရမှာဖြစ်တယ်လို့လည်း သတင်းထွက်ထားပါတယ်။ တရားဝင်မိတ်ဆက်မယ့် ရက်ကတော့ မနက်ဖြန် ၁၂ ရက်နေ့ပဲဖြစ်ပါတယ်။ 

Snapdragon 700 Series တွေကတော့ Snapdragon 800 လို Flagship SoC တွေနီးပါး Powerful ဖြစ်ပေမယ့် ဈေးပိုသက်သာတဲ့အပြင်၊ Power Efficient လည်းဖြစ်တာကြောင့် 2018 နှစ်ဝက်နောက်ပိုင်း ဖုန်းအသစ်တော်တော်များမျာမှာ တွေ့လာရနိုင်ပါတယ်။ Snapdragon 600 Series တွေကတော့ တန်ဖိုးသင့် SoC တွေအဖြစ်ရှိနေဦးမှာပါ။

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။