Screen-to-Body Ratio 98% နဲ႔ MWC မွာျပသလုိက္တဲ့ Vivo APEX Concept ဖုန္း

စမတ္ဖုန္းေတြဟာ Infinity Display ၊ FullScreen ဒါမွမဟုတ္ FullView Display ေတြဆုိျပီး နာမည္အသီးသီးနဲ႔ ဖုန္းရဲ႕ Display ကို ဖုန္းရဲ႕ အေရွ႕ဘက္ပိုင္းအကုန္လံုးပါ ေနရာယူထားႏုိင္ေအာင္ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ အခုလုိမ်ိဳး ဖုန္းရဲ႕ Display ဟာ ဖုန္းရဲ႕ အေရွ႕ဘက္မ်က္ႏွာျပင္မွာ ပါဝင္တဲ့ ရာခုိင္ႏႈန္းကို Screen-to-Body Ratio လုိ႔ ေခၚဆုိျပီးေတာ့ အခုအခ်ိန္မွာ Vivo ကေန Mobile World Congress – MWC 2018 မွာ အျခားေသာ စမတ္ဖုန္းေတြအားလံုးထက္ ပိုျပီး Screen-to-Body Ratio မ်ားျပားတဲ့ ဖုန္းတစ္ခုကို ထုတ္ျပခဲ့ပါတယ္။

အဆိုပါ စမတ္ဖုန္းကိုေတာ့ Vivo APEX လုိ႔ နာမည္ေပးထားျပီးေတာ့ အဆုိပါ စမတ္ဖုန္းဟာ ေလာေလာဆယ္မွာေတာ့ သာမန္လက္ရွိအျခားေသာ စမတ္ဖုန္းအမ်ားစုလုိပဲ 5.99″ 18:9 Ratio FullHD+ Display ကိုပဲ အသံုးျပဳထားတယ္ဆုိေပမယ့္ Vivo ကေန အခုစမတ္ဖုန္းေတြထက္ အလြန္မ်ားျပားတဲ့့ Screen-to-Body ratio ရွိေနတာပဲဖစ္ပါတယ္။ အခု Vivo APEX ဟာ Screen-to-Body Ratio 98% အထိရွိေနျပီးေတာ့ အေပၚနဲ႔ေဘးဘက္ေဘာင္ေတြက 1.8mm ပဲရွိေနတာျဖစ္ပါတယ္။ အခုလုိမ်ိဳး ရူးသြပ္ဖြယ္ Screen-to-Body Ratio နဲ႔ စမတ္ဖုန္းျဖစ္ေနတဲ့အတြက္ လက္တဖက္ထဲနဲ႔ကိုင္မယ္ဆုိရင္ေတာ့ ဖုန္း Screen တစ္ခုထဲကိုပဲ ကိုင္ေနရသလုိျဖစ္ေနမွာျဖစ္ပါတယ္။

အခုလုိမ်ိဳး မျဖစ္ႏုိင္ေလာက္တဲ့ Screen-to-Body Ratio ကို Vivo APEX ဖုန္းကို ထူးျခားေစတာတင္မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိရင္ Vivo က ယခင္တုန္းက Vivo X20 Plus UD စမတ္ဖုန္းနဲ႔ Under Display Fingerprint Scanner ကို အသံုးျပဳႏုိင္ခဲ့သလုိပဲ အခု Vivo APEX ကိုလည္း Under Display Fingerprint Scanner ပါဝင္ေနတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ထူးျခားတဲ့အခ်က္က Vivo X20 Plus UD ဖုန္းလိုမ်ိဳး Screen ေအာက္ပိုင္းတစ္ေနရာမွာပဲ Fingerprint Sensor ကို ျမဳပ္ထားတာမဟုတ္ပဲနဲ႔ Screen Display ရဲ႕ ေအာက္ဖက္ပိုင္းတဝက္လံုးကို Under Display Fingerprint နည္းပညာထည့္သြင္းထားတာျဖစ္ပါတယ္။ ဒါက လက္ရွိအခ်ိန္မွာ အျခားဘယ္စမတ္ဖုန္းမွ Under Display Fingerprint ကို ထည့္သြင္းႏုိင္ျခင္းမရွိေသးတဲ့အခ်ိန္မွာ ေနာက္ထပ္အဆင့္တစ္ခုကို Vivo က ယူေဆာင္သြားတာလုိ႔ ေျပာလုိ႔ရပါတယ္။

လက္ရွိ Prototype အေနနဲ႔ကေတာ့ Vivo APEX ဖုန္းဟာ Dual Camera ပါဝင္လာမယ့္ စမတ္ဖုန္းတစ္ခုျဖစ္ျပီး Vivo က အခုလုိမ်ိဳး Screen-to-Body Ratio ကို 98% အထိ ထုတ္လုိက္တဲ့အတြက္ Front Selfie Camera ကိုလည္း ထူးျခားတဲ့ ဖုန္းရဲ႕အေပၚဘက္ေဘာင္မွာျမဳပ္ထားခဲ့ရပါတယ္။ အဲ့ဒီအတြက္ Selfie ရုိက္မယ္ဆုိေတာ့မွ Front Camera က ထြက္ေပၚလာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလုိ အျခားေသာ စမတ္ဖုန္းေတြအားလံုးက လုိက္မလုပ္ႏုိင္ေသးတဲ့ နည္းပညာေတြနဲ႔ Vivo APEX ဖုန္းဟာ လက္ရွိအခ်ိန္မွာ MWC 2018 ရဲ႕ အေကာင္းဆံုးနဲ႔ စိတ္ဝင္စားမႈအေကာင္းဆံုး စမတ္ဖုန္းတစ္ခုျဖစ္လာျပီလုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ Vivo ကေတာ့ အခု APEX ဖုန္းကို Concept ဖုန္းတစ္ခုဆုိတာထက္ အျခားေသာ အေသးစိတ္အခ်က္အလက္ေတြကို ေျပာၾကားသြားျခင္းမရွိပါဘူး။

ဘာပဲျဖစ္ျဖစ္ Vivo ကေတာ့ ဒီႏွစ္ MWC မွာ တီထြင္ဆန္းသစ္မႈအရွိဆံုးျဖစ္တယ္လုိ႔ ေျပာရေတာ့မွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

စမတ်ဖုန်းတွေဟာ Infinity Display ၊ FullScreen ဒါမှမဟုတ် FullView Display တွေဆိုပြီး နာမည်အသီးသီးနဲ့ ဖုန်းရဲ့ Display ကို ဖုန်းရဲ့ အရှေ့ဘက်ပိုင်းအကုန်လုံးပါ နေရာယူထားနိုင်အောင် ပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုမျိုး ဖုန်းရဲ့ Display ဟာ ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင်မှာ ပါဝင်တဲ့ ရာခိုင်နှုန်းကို Screen-to-Body Ratio လို့ ခေါ်ဆိုပြီးတော့ အခုအချိန်မှာ Vivo ကနေ Mobile World Congress – MWC 2018 မှာ အခြားသော စမတ်ဖုန်းတွေအားလုံးထက် ပိုပြီး Screen-to-Body Ratio များပြားတဲ့ ဖုန်းတစ်ခုကို ထုတ်ပြခဲ့ပါတယ်။

အဆိုပါ စမတ်ဖုန်းကိုတော့ Vivo APEX လို့ နာမည်ပေးထားပြီးတော့ အဆိုပါ စမတ်ဖုန်းဟာ လောလောဆယ်မှာတော့ သာမန်လက်ရှိအခြားသော စမတ်ဖုန်းအများစုလိုပဲ 5.99″ 18:9 Ratio FullHD+ Display ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် Vivo ကနေ အခုစမတ်ဖုန်းတွေထက် အလွန်များပြားတဲ့ Screen-to-Body ratio ရှိနေတာပဲဖစ်ပါတယ်။ အခု Vivo APEX ဟာ Screen-to-Body Ratio 98% အထိရှိနေပြီးတော့ အပေါ်နဲ့ဘေးဘက်ဘောင်တွေက 1.8mm ပဲရှိနေတာဖြစ်ပါတယ်။ အခုလိုမျိုး ရူးသွပ်ဖွယ် Screen-to-Body Ratio နဲ့ စမတ်ဖုန်းဖြစ်နေတဲ့အတွက် လက်တဖက်ထဲနဲ့ကိုင်မယ်ဆိုရင်တော့ ဖုန်း Screen တစ်ခုထဲကိုပဲ ကိုင်နေရသလိုဖြစ်နေမှာဖြစ်ပါတယ်။

အခုလိုမျိုး မဖြစ်နိုင်လောက်တဲ့ Screen-to-Body Ratio ကို Vivo APEX ဖုန်းကို ထူးခြားစေတာတင်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Vivo က ယခင်တုန်းက Vivo X20 Plus UD စမတ်ဖုန်းနဲ့ Under Display Fingerprint Scanner ကို အသုံးပြုနိုင်ခဲ့သလိုပဲ အခု Vivo APEX ကိုလည်း Under Display Fingerprint Scanner ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်က Vivo X20 Plus UD ဖုန်းလိုမျိုး Screen အောက်ပိုင်းတစ်နေရာမှာပဲ Fingerprint Sensor ကို မြုပ်ထားတာမဟုတ်ပဲနဲ့ Screen Display ရဲ့ အောက်ဖက်ပိုင်းတဝက်လုံးကို Under Display Fingerprint နည်းပညာထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါက လက်ရှိအချိန်မှာ အခြားဘယ်စမတ်ဖုန်းမှ Under Display Fingerprint ကို ထည့်သွင်းနိုင်ခြင်းမရှိသေးတဲ့အချိန်မှာ နောက်ထပ်အဆင့်တစ်ခုကို Vivo က ယူဆောင်သွားတာလို့ ပြောလို့ရပါတယ်။

လက်ရှိ Prototype အနေနဲ့ကတော့ Vivo APEX ဖုန်းဟာ Dual Camera ပါဝင်လာမယ့် စမတ်ဖုန်းတစ်ခုဖြစ်ပြီး Vivo က အခုလိုမျိုး Screen-to-Body Ratio ကို 98% အထိ ထုတ်လိုက်တဲ့အတွက် Front Selfie Camera ကိုလည်း ထူးခြားတဲ့ ဖုန်းရဲ့အပေါ်ဘက်ဘောင်မှာမြုပ်ထားခဲ့ရပါတယ်။ အဲ့ဒီအတွက် Selfie ရိုက်မယ်ဆိုတော့မှ Front Camera က ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို အခြားသော စမတ်ဖုန်းတွေအားလုံးက လိုက်မလုပ်နိုင်သေးတဲ့ နည်းပညာတွေနဲ့ Vivo APEX ဖုန်းဟာ လက်ရှိအချိန်မှာ MWC 2018 ရဲ့ အကောင်းဆုံးနဲ့ စိတ်ဝင်စားမှုအကောင်းဆုံး စမတ်ဖုန်းတစ်ခုဖြစ်လာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Vivo ကတော့ အခု APEX ဖုန်းကို Concept ဖုန်းတစ်ခုဆိုတာထက် အခြားသော အသေးစိတ်အချက်အလက်တွေကို ပြောကြားသွားခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Vivo ကတော့ ဒီနှစ် MWC မှာ တီထွင်ဆန်းသစ်မှုအရှိဆုံးဖြစ်တယ်လို့ ပြောရတော့မှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com