[Zawgyi]

Vivo က 5G Antenna နည္းပညာကို Qualcomm နဲ႔အတူ ဖန္တီးႏိုင္ခဲ့ပါၿပီ

Vivo အေနနဲ႔ 5G ကြန္ရက္စနစ္ ျဖစ္ထြန္းလာဖို႔ Qualcomm နဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး 5G Antenna နည္းပညာနဲ႔ သမိုင္းမွတ္ေက်ာက္ စိုက္ထူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီနည္းပညာဟာ Vivo ကိုယ္တိုင္ ဖန္တီးထားတဲ့ 5G mm-Wave (Millimetre Wave) Antenna Arrays နဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီး 5G Performance ကို OTA (Over The Air) System နဲ႔ တိုင္းတာႏိုင္မွာ ျဖစ္ပါတယ္။

An Era of 5G

အခုလို 5G အသုံးျပဳႏိုင္မယ့္ နည္းပညာဟာ Smartphone ထုတ္လုပ္သူေတြနဲ႔ Network Operators ေတြၾကား ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္သလို Vivo အေနနဲ႔ ခက္ခဲနက္နဲတဲ့ နည္းပညာေတြနဲ႔ ဖန္တီးခဲ့တာလည္း ျဖစ္ပါတယ္။ 5G ရဲ႕ သိသာတဲ့ ကြန္ရက္ခ်ိတ္ဆက္မႈ အေနနဲ႔ 4G LTE နည္းပညာထက္ ပိုလွ်င္ျမန္တဲ့ Data Rate ရရွိႏိုင္မွာ ျဖစ္ၿပီး 4G ထက္ Data Peak (၁ဝ) ဆကေန အဆ (၂ဝ) အထိ ရွိမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ AR ၊ VR ၊ AI အစရွိတဲ့ Wireless ခ်ိတ္ဆက္မႈအရင္ကထက္ ပိုမိုေကာင္းမြန္စြာ ခ်ိတ္ဆက္ႏိုင္မွာ ျဖစ္သလို Ultra High Definition (UHD) Application ေတြ ေကာင္းေကာင္း အသုံးခ်ႏိုင္မွာပါ။

Vivo ရဲ႕ Antenna Technical Director ျဖစ္သူ Dr. Huan-Chu Huang က “အခုလို Vivo နဲ႔ Qualcomm ပူးေပါင္းမႈကေန ေပါက္ဖြားလာတဲ့ 5G mm-Wave Antenna ဒီဇိုင္းကို End Users ေတြအသုံးျပဳမယ့္ ပစၥည္းေတြအတြက္ Optimize လုပ္သြားမွာ ျဖစ္တယ္” လို႔ ေျပာၾကားလိုက္ပါတယ္။ အခုလို “5G mm-Wave Antenna Design နဲ႔ လိုအပ္တဲ့ တိုင္းတာမႈ ျပဳလုပ္ၿပီးတဲ့အခါ အသုံးျပဳသူေတြအေနနဲ႔ Smartphone ေတြမွာ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ အားသာခ်က္ေတြနဲ႔ Experience အသစ္ ရရွိမွာ ျဖစ္တယ္” လို႔ ျဖည့္စြက္ ေျပာၾကားခဲ့ပါေသးတယ္။

A 5G Network

လက္ရွိအခ်ိန္မွာေတာ့ 5G sub-6 GHz နဲ႔ mm-Wave နည္းပညာေတြကို မၾကာခင္ ကာလမွာ ေဈးကြက္တြင္း ျဖန႔္ခ်ိသြားမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္နဲ႔ ၂၀၂၀ ခုႏွစ္ကာလေတြမွာ ျမင္ေတြ႕ ႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းထားတာ ျဖစ္ပါတယ္။ အခုလို ဖန္တီးႏိုင္မႈုနဲ႔ ပတ္သက္လို႔ Dr. Huan-Chu Huang ၫြန္ၾကားခ်က္အရ Vivo အေနနဲ႔ 5G ယူေဆာင္လာဖို႔ မူပိုင္ခြင့္နဲ႔ ပတ္သက္လို႔ စတင္ေဆာင္႐ြက္ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

အခုလို ေနာက္ဆုံးရွာေဖြေတြ႕ရွိခဲ့တဲ့ နည္းပညာဟာ Vivo အေနနဲ႔ 5G ဖြံ႕ၿဖိဳးတိုးတက္မႈမွာ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး “အရင္ WiGig နည္းပညာကေန 5G mm-Wave နည္းပညာသစ္ဆီ ေလွ်ာက္လွမ္းလာႏိုင္ဖို႔ mm-Wave နည္းပညာ ဒီဇိုင္းအေပၚ ေလးေလးနက္နက္ ေလ့လာခဲ့တာျဖစ္ပါတယ္။ ဒီလို Smartphone ေတြရဲ႕ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ေနတဲ့ 5G mm-Wave Antenna Array နည္းပညာ ဖန္တီးႏိုင္မႈဟာ Vivo ရဲ႕ စြမ္းေဆာင္ႏိုင္မႈ ျဖစ္သလို နည္းပညာေခတ္ရဲ႕ ဦးေဆာင္သူတစ္ဦးလည္း ျဖစ္ခဲ့ပါၿပီ” လို႔ Dr. Huan-Chu Huang က ေျပာၾကားခဲ့ပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Vivo က 5G Antenna နည်းပညာကို Qualcomm နဲ့အတူ ဖန်တီးနိုင်ခဲ့ပါပြီ

Vivo အနေနဲ့ 5G ကွန်ရက်စနစ် ဖြစ်ထွန်းလာဖို့ Qualcomm နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး 5G Antenna နည်းပညာနဲ့ သမိုင်းမှတ်ကျောက် စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ Vivo ကိုယ်တိုင် ဖန်တီးထားတဲ့ 5G mm-Wave (Millimetre Wave) Antenna Arrays နဲ့ တည်ဆောက်ထားတာဖြစ်ပြီး 5G Performance ကို OTA (Over The Air) System နဲ့ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။

An Era of 5G

အခုလို 5G အသုံးပြုနိုင်မယ့် နည်းပညာဟာ Smartphone ထုတ်လုပ်သူတွေနဲ့ Network Operators တွေကြား ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်သလို Vivo အနေနဲ့ ခက်ခဲနက်နဲတဲ့ နည်းပညာတွေနဲ့ ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ 5G ရဲ့ သိသာတဲ့ ကွန်ရက်ချိတ်ဆက်မှု အနေနဲ့ 4G LTE နည်းပညာထက် ပိုလျှင်မြန်တဲ့ Data Rate ရရှိနိုင်မှာ ဖြစ်ပြီး 4G ထက် Data Peak (၁ဝ) ဆကနေ အဆ (၂ဝ) အထိ ရှိမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် AR ၊ VR ၊ AI အစရှိတဲ့ Wireless ချိတ်ဆက်မှုအရင်ကထက် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်မှာ ဖြစ်သလို Ultra High Definition (UHD) Application တွေ ကောင်းကောင်း အသုံးချနိုင်မှာပါ။

Vivo ရဲ့ Antenna Technical Director ဖြစ်သူ Dr. Huan-Chu Huang က “အခုလို Vivo နဲ့ Qualcomm ပူးပေါင်းမှုကနေ ပေါက်ဖွားလာတဲ့ 5G mm-Wave Antenna ဒီဇိုင်းကို End Users တွေအသုံးပြုမယ့် ပစ္စည်းတွေအတွက် Optimize လုပ်သွားမှာ ဖြစ်တယ်” လို့ ပြောကြားလိုက်ပါတယ်။ အခုလို “5G mm-Wave Antenna Design နဲ့ လိုအပ်တဲ့ တိုင်းတာမှု ပြုလုပ်ပြီးတဲ့အခါ အသုံးပြုသူတွေအနေနဲ့ Smartphone တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် အားသာချက်တွေနဲ့ Experience အသစ် ရရှိမှာ ဖြစ်တယ်” လို့ ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။

A 5G Network

လက်ရှိအချိန်မှာတော့ 5G sub-6 GHz နဲ့ mm-Wave နည်းပညာတွေကို မကြာခင် ကာလမှာ ဈေးကွက်တွင်း ဖြန့်ချိသွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ကာလတွေမှာ မြင်တွေ့ နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ အခုလို ဖန်တီးနိုင်မှုုနဲ့ ပတ်သက်လို့ Dr. Huan-Chu Huang ညွန်ကြားချက်အရ Vivo အနေနဲ့ 5G ယူဆောင်လာဖို့ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို နောက်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာဟာ Vivo အနေနဲ့ 5G ဖွံ့ဖြိုးတိုးတက်မှုမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာဖြစ်ပြီး “အရင် WiGig နည်းပညာကနေ 5G mm-Wave နည်းပညာသစ်ဆီ လျှောက်လှမ်းလာနိုင်ဖို့ mm-Wave နည်းပညာ ဒီဇိုင်းအပေါ် လေးလေးနက်နက် လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလို Smartphone တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ 5G mm-Wave Antenna Array နည်းပညာ ဖန်တီးနိုင်မှုဟာ Vivo ရဲ့ စွမ်းဆောင်နိုင်မှု ဖြစ်သလို နည်းပညာခေတ်ရဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ခဲ့ပါပြီ” လို့ Dr. Huan-Chu Huang က ပြောကြားခဲ့ပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။