ချဉ်ချဉ်စပ်စပ်ထိုင်းစာလေးကိုမှ အာသီသရှိတဲ့ပရိသတ်တို့ရှိလားဗျို့။ ကိုယ်တို့ရောက်ခဲ့တဲ့ ပါရမီလမ်းမပေါ်က စားသောက်ဆိုင်လေးအကြောင်း ဖောက်သည်ချ ပေးမလို့။ ဒီဆိုင်လေးက ထိုင်းအစားအစာလေးတွေပဲ သီးသန့်ရောင်းပေးတဲ့ဆိုင်လေး နာမည်ကိုက Vitamin Thai တဲ့။ ဒီဆိုင်လေးမှာ E San Hot Pot Buffet အပြင် တခြား Menu လေးတွေလည်း အများကြီးရှိပါသေးတယ်။ ကိုယ်က E San Hot Pot မစားခဲ့မိလို့ ဓာတ်မဖမ်းခဲ့ရတာလေးတော့ ခွင့်လွှတ်ပေးကြပါ ပရိသတ်ကြီး။

ဒီဆိုင်မှာ ကိုယ်စားခဲ့တာလေးတွေ့ရဲ့ အရသာလေးတွေကို ကိုယ်ပြန်ပြောပြပေးမယ်။

ဝက်နံရိုးချဉ်စပ်ဟင်းရည်နဲ့ ထမင်း

ဒီဟင်းလေးက ချဉ်ချဉ်စပ်စပ်လေးကိုမှ ဝက်နံရိုးလေးတွေနဲ့ စားလို့တော်တော်ကောင်းတဲ့ထဲမှာပါတယ်။ တုံရမ်းဟင်းချိုအရသာနဲ့ဆင်ပြီးတော့ အချဉ်ဘက်လေး နည်းနည်းပိုရောက်တယ်။ အရည်လေးသောက်လိုက် ထမင်းလေးနဲ့စားလိုက် အရမ်းကိုအဆင်ပြေနေတာပဲ။  ဝက်နံရိုးလေးက နည်းနည်းမာတော့ အရိုးနုကိုက်မရတာလေး တစ်ခုပဲ။ အဲ့ဒါလေးအဆင်ပြေရင် ဒီဟင်းပွဲလေးက ပြီးပြည့်စုံသွားမှာသေချာတယ်။

 

Thai Tea wirh Black Jelly

ပုံမှန် Thai Tea ဆို Bubble Tea လောက်ပဲသောက်ဖြစ်တဲ့ ကိုယ့်အတွက်တော့ အထူးအဆန်းဖြစ်နေလို့ မှာကြည့်လိုက်တဲ့ Tea လေးပါ။ သိပ်လည်းမချိုဘဲ အနေတော်လေးမို့ သောက်လို့ကောင်းပါတယ်။ Black Jelly အတုံးလေးတွေကလည်း နူးနူးညံ့ညံ့လေးဆိုတော့ တထုတ်ထုတ်နဲ့ စားရတာ အသစ်အဆန်း ဖြစ်နေတယ်။ Bubble Milk Tea ထပ်ကို ပိုနူးညံ့တယ်လို့ခံစားရတော့ ကိုယ်အရမ်းကြိုက်ခဲ့ရတယ်။

 

Sticky Rice with Sein Ta Lone Mango

ဒီ Menu လေးက ကိုယ်အကြိုက်ဆုံးပဲ။ ရာသီပေါ်အသီးရမှ လုပ်လို့ရတဲ့Menu လေး အချိန်မီပြေးစားကြည့်ဖို့ ကိုယ်ညွှန်းပါရစေ။ ကောက်ညှင်းလေးရဲ့ အိအိစေးစေးလေးကိုမှ အုန်းနို့ရည်လေးပါ ရောလိုက်တဲ့အချိန် အီဆိမ့်ချိုမြသွားတာ လက်ထဲက ခရင်းတောင် မချနိုင်တော့တဲ့အထိပဲ။ စိန်တစ်လုံးသရက်သီး အစွမ်းကလဲ အံ့မခန်းနော်။ အီဆိမ့်နေတဲ့  ကောက်ညှင်းအုန်းနို့ဆမ်းကို စိန်တစ်လုံးရဲ့ချိုချဉ်အရသာလေးက တပ်ကူပေးထားတော့ ရင်ထဲမှာပန်းတွေကိုပွင့်လို့…။

 

ဒါတွေက ကိုယ်စားခဲ့တာအကုန်ပဲ ဟီးဟီး။ ဒီသုံးမျိုးလုံးပေါင်းနဲ့ Tax အပါအဝင်ကိုမှ ၉,၀၀၀ ကျပ်ပဲကျခဲ့တော့ သူငယ်ချင်းတွေစုပြီးလည်း ဒိတ်လို့ရတဲ့နေရာလေး အနေနဲ့ရွေးချယ်လို့ ရပြီပေါ့။ ညနေပိုင်းဆိုရင် ဆိုင်အပြင်ဖက်လေးမှာ ကွေတယိုလေးတွေ၊ ဝက်ဂုတ်သားကင်လေးတွေလည်း ရတယ်တဲ့။ အရမ်းကိုမိုက်နေမှာနော်။

ဒီဆိုင်ရဲ့ Decoration ကလည်း ထိုင်းအိမ်လေးတစ်လုံးကို ရောက်သွားသလိုခံစားရတယ်။ အပြင်အဆင်လေးတွေက Thai Drama ကားတွေထဲက အိမ်လေးတွေလိုလေးလုပ်ထားတာလေးကို တော်တော်သဘောကျတယ်။ ဓာတ်ပုံရိုက်ဖို့နေရာလေးတွေလည်း လုပ်ပေးထားတာလေးတွေ ဝရန်တာပေါ်မှာ လုပ်ပေးထားတဲ့ ဒန်းလေးကလည်း စာအုပ်လေးဖတ်ပြီးပဲပေးချင်တဲ့သူတွေအတွက် ကွက်တိပဲ။

ဒီဆိုင်လေးမှာ အစားအစာတွေအပြင် ဘန်ကောက်က Snack တွေ၊ ပျားရည်နဲ့ပတ်သက်တာလေးတွေ လည်းဝယ်လို့ရတယ်။ ဒီဆိုင်က Decoration တွေကလည်း ဒီဆိုင်လေးရဲ့ ကုမ္ပဏီတိုက်ရိုက်ကနေ အလှဆင်ထားတာတဲ့ ဒီ Decoration လေးတွေသဘောကျလို့ ဝယ်ချင်ကြတယ်ဆိုလည်း ဒီဆိုင်လေးမှာ ဝယ်လို့ရပါတယ်တဲ့။


ကိုယ်ကတော့ ဒီနေ့တစ်ရက်စာတော့ သာသာယာယာပဲ စာအုပ်လေးဖတ်လိုက်၊ စိန်တလုံးသရက်သီးကာက်ညှင်းလေးဆွဲလိုက်နဲ့ အိုကေမှာစိုပြေနေရော။ ဆိုင်လိပ်စာလေးက လှိုင်မြို့နယ်၊ ဗဟိုလမ်းမီးပွိုင့်အနီး၊ ပါရမီလမ်း၊ အမှတ်(၁၀၃) မှာပါနော်။ ဒီဆိုင်လေးက ဗဟိုလမ်းဖက်က ဝင်ရင်ပိုနီးတယ်ဗျ။ ဖုန်းနံပါတ်က 09 761 883 239 ကိုဆက်လို့ရပါတယ်နော်။ ကိုယ်စားခဲ့တာလေးတွေနဲ့ Menu အချို့ကို ကိုယ်ဓာတ်ပုံရိုက်ခဲ့တယ် ဝင်ကြည့်ကြည့်နော်။

အော် မေ့လို့။ ဒီဆိုင်လေးကိုရောက်ရင် Check In ဝင်လိုက်တာနဲ့ 5% Discount ရမှာတဲ့ဗျို့။

King Pin ( Akhayar )

www.akhayar.com