[Zawgyi]

အေမရိကန္ျပည္ေထာင္စု ျပည္ဝင္ခြင့္ဗီဇာေၾကးနဲ႔ ဗီဇာသက္တမ္းမ်ားေျပာင္းလဲသတ္မွတ္

ျမန္မာႏုိင္ငံသားမ်ားအတြက္ အေမရိကန္ျပည္ေထာင္စုကို အေျခမစိုက္ျပည္ဝင္ခြင့္ဗီဇာေၾကးနဲ႔ ဗီဇာသက္တမ္းမ်ား ေျပာင္းလဲသတ္မွတ္လိုက္ေၾကာင္းကုိ U.S Embassy Rangoon Consular Section Page ကေနျပီး ေၾကညာလုိက္ပါတယ္။ ဒီအေျပာင္းအလဲကို အခု ဇယားကြက္မွာ ေဖာ္ျပထားတဲ့အတုိင္း ဧျပီလ (၉) ရက္ကေနစတင္ျပီး ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

“ ဤသည္မွာ အေမရိကန္ ျပည္ေထာင္စုဥပေဒအရ ျပည္ဝင္ခြင့္ဗီဇာႏွင့္ ပတ္သက္၍ ကမာၻတစ္ဝန္း အျပန္အလွန္ ခ်မွတ္ထားေသာ သေဘာတူညီမႈမ်ားကုိ ျပန္လည္သုံးသပ္ရန္ လုိအပ္ေသာ ေဆာင္ရြက္မႈ၏ အစိတ္အပုိင္းတစ္ရပ္” ျဖစ္တယ္လို႔ ေဖာ္ျပပါရွိျပီး ျပည္ဝင္ခြင့္ဗီဇာေၾကးအခ်ိဳ႕ တုိးလာမွာျဖစ္သလို အခ်ိဳ႕ျပည္ဝင္ခြင့္ ဗီဇာေၾကးမ်ားဟာလည္း ေလ်ာ့သြားမွာ ျဖစ္ပါတယ္။

ရန္ကုန္ျမိဳ႕ အေမရိကန္သံရံုးမွာ ျပည္ဝင္ခြင့္ဗီဇာလာေရာက္ေလွ်ာက္ထားသူေတြရဲ့ သံုးပံုတစ္ပံုက ခရီးသြားအလည္အပတ္ဗီဇာမ်ား ျဖစ္ျပီး ဗီဇာေၾကးကေတာ့ အရင္ (၁၉၂) ေဒၚလာကေန အခု ေဒၚလာ (၁၆၀) အထိ ေလ်ာ့သြားမွာ ျဖစ္ပါတယ္။

ဘာလို႔ ဒီလို အေျပာင္းအလဲေတြ ျဖစ္ရပါသလဲ၊ေၾကညာခ်က္အရ ျပည္ဝင္ခြင့္ဗီဇာနဲ႔ ပက္သက္ျပီး ကမာၻတဝွမ္း ျပန္လွန္သံုးသပ္မႈေတြ လုပ္ရာမွာ ျမန္မာႏုိင္ငံရဲ့ ျပည္ဝင္ခြင့္ဗီဇာ ထုတ္ေပးေရးဌာနနဲ႔ အေမရိကန္ျပည္ေထာင္စုမွ ျပည္ဝင္ခြင့္ဗီဇာထုတ္ေပးေရးဌာနတို႔ အၾကား မတူညီမႈေတြကို ေတြ႔ရွိခဲ့ရျပီး အေမရိကန္ျပည္ေထာင္စုရဲ့ ဥပေဒအရ အိမ္ရွင္ႏိုင္ငံမွ ႏုိင္ငံသားေတြအတြက္ ေပးတဲ့ ျပည္ဝင္ခြင့္ဗီဇာေၾကးနဲ႔ ျပည္ဝင္ခြင့္ ဗီဇာသက္တမ္းဟာ အေမရိကန္ႏုိင္္ငံသားေတြအတြက္ အိမ္ရွင္ႏုိင္ငံက ေပးတဲ့ ျပည္ဝင္ခြင့္ဗီဇာေၾကးနဲ႔ ျပည္ဝင္ခြင့္ဗီဇာသက္တမ္းကို အေျချပဳဖို႔ လိုအပ္ပါတယ္တဲ့။

ျပည္ဝင္ခြင့္ဗီဇာေၾကးနဲ႔ ျပည္ဝင္ခြင့္ဗီဇာသက္တမ္းကို ျမန္မာႏုိင္ငံက က်င့္သံုးေနတဲ့ လုပ္ထံုးလုပ္နည္းမ်ားနဲ႔ တူညီေအာင္ ညွိဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုရဲ့ ဥပေဒအရ လိုအပ္တဲ့အတြက္ေၾကာင့္လို႔ ဆုိပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ဘယ္လိုပဲ ျဖစ္ျဖစ္ ဗီဇာေၾကးနဲ႔ ဗီဇာသက္တမ္းအေျပာင္းအလဲေတြဟာ ဧျပီလ (၉) ရက္ေန႔မွာ စတင္ေတာ့မွာမို႔ အေျပာင္းအလဲကို သတိျပဳမိေအာင္ Share ထားလုိက္ပါဦး။

www.akhayar.com
[Unicode]

အမေရိကန်ပြည်ထောင်စု ပြည်ဝင်ခွင့်ဗီဇာကြေးနဲ့ ဗီဇာသက်တမ်းများပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စုကို အခြေမစိုက်ပြည်ဝင်ခွင့်ဗီဇာကြေးနဲ့ ဗီဇာသက်တမ်းများ ပြောင်းလဲသတ်မှတ်လိုက်ကြောင်းကို U.S Embassy Rangoon Consular Section Page ကနေပြီး ကြေညာလိုက်ပါတယ်။ ဒီအပြောင်းအလဲကို အခု ဇယားကွက်မှာ ဖော်ပြထားတဲ့အတိုင်း ဧပြီလ (၉) ရက်ကနေစတင်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

“ ဤသည်မှာ အမေရိကန် ပြည်ထောင်စုဥပဒေအရ ပြည်ဝင်ခွင့်ဗီဇာနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း အပြန်အလှန် ချမှတ်ထားသော သဘောတူညီမှုများကို ပြန်လည်သုံးသပ်ရန် လိုအပ်သော ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်” ဖြစ်တယ်လို့ ဖော်ပြပါရှိပြီး ပြည်ဝင်ခွင့်ဗီဇာကြေးအချို့ တိုးလာမှာဖြစ်သလို အချို့ပြည်ဝင်ခွင့် ဗီဇာကြေးများဟာလည်း လျော့သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလာရောက်လျှောက်ထားသူတွေရဲ့ သုံးပုံတစ်ပုံက ခရီးသွားအလည်အပတ်ဗီဇာများ ဖြစ်ပြီး ဗီဇာကြေးကတော့ အရင် (၁၉၂) ဒေါ်လာကနေ အခု ဒေါ်လာ (၁၆၀) အထိ လျော့သွားမှာ ဖြစ်ပါတယ်။

ဘာလို့ ဒီလို အပြောင်းအလဲတွေ ဖြစ်ရပါသလဲ၊ကြေညာချက်အရ ပြည်ဝင်ခွင့်ဗီဇာနဲ့ ပက်သက်ပြီး ကမ္ဘာတဝှမ်း ပြန်လှန်သုံးသပ်မှုတွေ လုပ်ရာမှာ မြန်မာနိုင်ငံရဲ့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဌာနနဲ့ အမေရိကန်ပြည်ထောင်စုမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရေးဌာနတို့ အကြား မတူညီမှုတွေကို တွေ့ရှိခဲ့ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအရ အိမ်ရှင်နိုင်ငံမှ နိုင်ငံသားတွေအတွက် ပေးတဲ့ ပြည်ဝင်ခွင့်ဗီဇာကြေးနဲ့ ပြည်ဝင်ခွင့် ဗီဇာသက်တမ်းဟာ အမေရိကန်နိုင်ငံသားတွေအတွက် အိမ်ရှင်နိုင်ငံက ပေးတဲ့ ပြည်ဝင်ခွင့်ဗီဇာကြေးနဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကို အခြေပြုဖို့ လိုအပ်ပါတယ်တဲ့။

ပြည်ဝင်ခွင့်ဗီဇာကြေးနဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကို မြန်မာနိုင်ငံက ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ တူညီအောင် ညှိဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအရ လိုအပ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဘယ်လိုပဲ ဖြစ်ဖြစ် ဗီဇာကြေးနဲ့ ဗီဇာသက်တမ်းအပြောင်းအလဲတွေဟာ ဧပြီလ (၉) ရက်နေ့မှာ စတင်တော့မှာမို့ အပြောင်းအလဲကို သတိပြုမိအောင် Share ထားလိုက်ပါဦး။

www.akhayar.com