ကမ္ဘာပေါ်မှာ အမှတ်တရနေ့တွေ အများကြီးရှိပါတယ်၊ နိုင်ငံအလိုက် အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ စသဖြင့် အတိတ်က အဖြစ်ပျက်တွေ ပြန်တူးဆွဖို့ အောက်မေ့ဖွယ်ရာ အခမ်းနားတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ ဒီလိုပဲ နည်းပညာ လောကထဲမှာလည်း အရမ်းကိုနာမည်ကြီးခဲ့ပြီး လုံခြုံရေးအဖွဲ့စည်းတွေကိုတောင် အထိတ်တလန့်ဖြစ်စေခဲ့တဲ့ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

Photo: Word Press

အဲ့ဒါကို အမှတ်တရဖြစ်စေဖို့ Guo O Dong ဆိုသူက အန္တရာယ်အရှိဆုံး Virus ၆ မျိုးပါဝင်တဲ့ ကွန်ပျူတာတလုံးနဲ့ ဖန်တီးလိုက်တယ်ဆိုပါတယ်။ Guo အဆိုရ “ဒီကွန်ပျူတာကို အင်တာနက် မချိတ်မချင်း၊ USB မထိုးမချင်း အေးဆေးသုံးလို့ရတယ်။”ဖန်တီးရတဲ့ရည်ရွယ်ချက်ကိုတော့

Photo: The Persistence of Chaos

“ဒီဂျစ်တယ်နည်းပညာကို အကျိုးပြုဖို့ တီထွင်ကြတယ်ဆိုမယ့် ဒေါ်လာသန်းနဲ့ချီတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မသိကြပါဘူး။ အဲ့ဒီလို Digital World can cause Physical Harm ဆိုတဲ့အတိုင်း ကမ္ဘာပေါ်မှာ ဘယ်လို Virus တွေက အဆိုးရွားဆုံး ဒုက္ခပေးခဲ့လည်း သိရစေဖို့ ဖန်တီးလိုက်တာလို့” သူပြောထားပါတယ်။

Guo အနေနဲ့ ၁၀.၂ လက်မ အရွယ်စားရှိ Samsung NC10 Laptop ကို ရွေးချယ်ခဲ့ပြီး အန္တရာယ်အပေးဆုံး Virus ၆ မျိုးကို အမှတ်တရဖြစ်စေအောင် ထည့်သွင်းထားပါတယ်။ အထူးသဖြင့် သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၁၇ တုန်းက အထိတ်တလန့်ဖြစ်စေခဲ့တဲ့ “ILOVEYOU” Virus နဲ့ WannaCry Ransomware တို့က တကယ် စိတ်ပျက်စရာကောင်းတဲ့ အကောင်တွေပါလာပါတယ်။

Photo: The Persistence of Chaos

“ILOVEYOU” ကတော့ Attach လုပ်လိုက်တဲ့ email မှာ ပါဝင်လာတာဖြစ်ပြီး ကွန်ပျူတာ အတော်များများ ကူးစက်ခံခဲ့ရတဲ့ Virus လည်းဖြစ်ပါတယ်။ WannaCry ကတော့ ၂၀၁၇ မှာကြုံတွေ့ခဲ့ရပြီး ကွန်ပျူတာတွေ Shutdown ကျတဲ့အထိ နှောက်ယှက်ခဲ့လို့ စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားလိုက်ရတဲ့အထိ ဆိုးရွားလွန်းခဲ့တာပါ။

အထူးသဖြင့် WannaCry Virus ဟာ ဒီဂျင်တယ်နည်းပညာကနေ လက်တွေ့ဆုံးရှုံးမှုဖြစ်ပေါ်စေဖို့ အကောင်းဆုံး ဥပမာဖြစ်ပြီး ဒီ Ransomware ကြောင့် ဒေါ်လာ သန်း ၁၀၀ နဲ့ညီမျှတဲ့ နစ်နာမှုတွေဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။ ပြောရေးဆိုခွင့်ရှိသူတွေက WannaCry ကို မြောက်ကိုးရီးယားတွေ တီထွင်တယ်လို့ လက်ခံထားကြပြီး အခုချိန်ထိ သတိထားနေရတုန်းဖြစ်ပါတယ်။

Photo: The Persistence of Chaos

Guo အနေနဲ့ Virus ၆ မျိုးကြောင့် ဒေါလာ ၉၅ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပြီး Deep Instinct နဲ့ Collaborate ဖန်တီးထားတာဖြစ်ပါတယ်။ အခုချိန်မှာ Live Streaming လွင့်နေပြီး Virus ၆ မျိုးအသေးစိတ်ကို ဒီ Link မှာ လေ့လာနိုင်ပါတယ်။ ဆောင်းပါးရေးသားချိန်မှာတောင် လက်တော့တန်ဖိုးဟာ ဒေါ်လာ ၁.၂ သန်းအထိမြင့်တက်နေပြီး Guo ကတော့” A Kind of Bestiary – A Catalogue of Historical Threats” လို့ သုံးနှုန်းထားပါတယ်။

Credit: James Vincent (The Verge)
2B (Akhayar)
www.akhayar.com