လီဗာပူးလ်အသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက် Virgil van Dijk ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ဥရောပအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဗန်ဒိုက် ဟာ ဒီဆုကို အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားခဲ့တဲ့ ဗန်ဒိုက် ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့သလို တစ်ဦးချင်းထူးချွန်ဆုအနေနဲ့လည်း Premier League Player of the Season နဲ့ PFA Players’ Player of the Year ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

ဒီဆုအတွက် ဗန်ဒိုက် ဟာ (၃၀၅)မဲထိရရှိခဲ့တာကြောင့် ဒုတိယနေရာက မက်ဆီ က (၂၀၇)မဲကို မဲအပြတ်အသတ်နဲ့ အသာရပြီး စီရော်နယ်လ်ဒို ကတော့ (၇၄)မဲသာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဗန်ဒိုက် ဟာ ၂၀၁၈-၂၀၁၉ ရာသီရဲ့ အကောင်းဆုံး နောက်ခံလူအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဗန်ဒိုက် ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်း တစ်ဟုန်ထိုးတိုးတက်လာခဲ့သလို ထိပ်တန်းအဆင့်ကိုလည်း ခပ်မြန်မြန်တက်လှမ်းနိုင်ခဲ့ပြီး တစ်ဦးချင်းထူးချွန်ဆုတွေကို ဆက်တိုက်ဆိုသလို ရရှိခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် ဒီနှစ် Ballon d’Or ဆုကိုလည်း ဗန်ဒိုက် ဆွတ်ခူးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဥရောပအကောင်းဆုံး ကစားသမားဆုကို ၂၀၁၀-၁၁ ရာသီက စတင် ချီးမြှင့်ခဲ့ပြီး စီရော်နယ်လ်ဒိုက (၃)ကြိမ်နဲ့ အကြိမ်အများဆုံး ရရှိခဲ့သူအဖြစ် ဦးဆောင်နေပါတယ်။

ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူများ

2010–11 Lionel Messi Barcelona
2011–12 Andrés Iniesta Barcelona
2012–13 Franck Ribéry Bayern Munich
2013–14 Cristiano Ronaldo Real Madrid
2014–15 Lionel Messi Barcelona
2015–16 Cristiano Ronaldo Real Madrid
2016–17 Cristiano Ronaldo Real Madrid
2017-18 Modric Real Madrid
2018–19 Virgil van Dijk Liverpool

၂၀၁၈-၂၀၁၉ ရာသီအတွက် နေရာအလိုက် အကောင်းဆုံးဆု ရရှိခဲ့သူများ

ဂိုး – အီဒါဆန်(လီဗာပူးလ်)
နောက်တန်း – ဗန်ဒိုက်(လီဗာပူးလ်)
အလယ်တန်း – ဒီယွန်း(အေဂျက်စ်/ဘာစီလိုနာ)
ရှေ့တန်း – မက်ဆီ (ဘာစီလိုနာ)

Ref: UEFA.Com
Photo: Liverpool Twitter , UEFA.com
Ko Kyue(Akhayar)
www.akhayar.com