နားေအး၊ ပါးေအးနဲ႔ ေအးေအးေဆးေဆး ေနရတာႀကိဳက္တဲ့သူေတြအတြက္

ေႏွာက္ယွက္တဲ့ အသံမ်ိဳးစံုကို ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာ အၿမဲၾကားေနရမွာပါ။ ေလာ္စပီကာသံ၊ အလွဴခံ အသံ၊ မေနာရဲ႕သီခ်င္းသံနဲ႔႔ ပတ္ဝန္းက်င္က ထြက္ေပၚလာတဲ့ ဆူဆူညံညံအသံအားလံုးဟာ နားေအး၊ ပါးေအး ေနခ်င္တဲ့သူေတြအတြက္ေတာ့ စိတ္ပ်က္စရာပါပဲ။ အလုပ္တစ္ခုကို အာရံုစူးစိုက္ၿပီးလုပ္မယ္ဆုိရင္လည္း ဒီလုိ အသံေတြေၾကာင့္ အေႏွာက္အယွက္ျဖစ္ရပါတယ္။

ပတ္ဝန္းက်င္က အသံေတြေၾကာင့္ အေႏွာက္ျဖစ္ရတာ အခုမွမဟုတ္ပါဘူး။ ဟိုးတုန္းကတည္းက ရွိခဲ့တဲ့ကိစၥပါ။ ၁၉၂၀ ေလာက္တုန္းက ဒီလိုမ်ိဳး ဆူညံတဲ့အသံဗလံေတြက ကင္းလြတ္ႏိုင္ဖို႔ တီထြင္မႈတစ္ခုရွိခဲ့ဖူးပါတယ္။ ထိတ္ လန္႔ဖြယ္ပုံစံနဲ႔ ေခါင္းေဆာင္းပါ။ တီထြင္မႈရဲ႕ရည္ရြယ္ခ်က္က ေကာင္းေပမယ့္ ပံုပန္းသ႑န္က စိတၱဇလူသတ္ ကားထဲက ေခါင္းေဆာင္းႀကီးနဲ႔တူေနတာမို႔ လူႀကိဳက္ေတာ္ေတာ္နည္းခဲ့ပါတယ္။

The Isolator

အဲ့ဒီ ၁၉၂၅ ခုႏွစ္ေလာက္တုန္း တီထြင္ခဲ့တဲ့အရာကို The Isolator လို႔ေခၚပါတယ္။ ဥေရာပ-အေမရိက အႏြယ္ဖြား Hugo Gernsback က ပတ္ဝန္းက်င္အသံဗလံေတြရဲ႕ရန္က ကင္းႏိုင္ဖို႔ တီထြင္ခဲ့တာပါ။ သူတီထြင္ခဲ့တဲ့ The Isolator ေခါင္းေဆာင္းက ပတ္ဝန္းက်င္က်င္က ဆူညံသံေတြကို ၉၅ ရာခိုင္ႏႈန္း အထိ ေလ်ာ့ေပးႏိုင္ပါတယ္။

The Isolator ရဲ႕ဒီဇိုင္းက အသံေတြကို ေလ်ာ့ခ်ႏို္င္ဖို႔အျပင္ ျမင္ကြင္းကုိလည္း တစ္ေနရာထဲကို စူးစိုက္ ၾကည့္ႏိုင္ဖို႔ ေရးဆြဲထားပါတယ္။ ဒီေခါင္းေဆာင္းေဆာင္းထားတဲ့အခ်ိန္က်ရင္ ျမင္ကြင္းက ပံုမွန္ျမင္ေန ကလိုမ်ိဳး က်ယ္က်ယ္ဝန္းဝန္းျမင္ရေတာ့မွာ မဟုတ္ပါဘူး။ ေနာက္ၿပီး အသက္ရႈဖို႔အတြက္ ေအာက္ ဆီဂ်င္ဗူးသက္သက္လိုအပ္ပါတယ္။ စိတ္မႏို္င္တဲ့သူဆိုရင္ေတာ့ ေမွာင္ေမွာင္မည္းမည္း၊ တိတ္တိတ္ ဆိတ္ဆိတ္ေခါင္းေဆာင္းထဲမွာ အိပ္ေပ်ာ္သြားမွာ အေသအခ်ာပါပဲ။

Helmfon Helmet

ဒီေခါင္းေဆာင္းရဲ႕ အိုင္ဒီယာနဲ႔တီထြင္မႈကို လူေတြေမ့ထားခဲ့တာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ဒါေပမယ့္ ဒီေန႔ ေခတ္မွာေတာ့ Hochuu Rayu ကုမၸဏီက ဒီအိုင္ဒီယာကို ျပန္လည္အသက္သြင္းၿပီး Helmfon Helmet ဆိုတဲ့နာမည္နဲ႔ ေခါင္းေဆာင္းအသစ္ထုတ္ပါေတာ့မယ္။

ဒီေခါင္းေဆာင္းအသစ္ဟာဆိုရင္ေတာ့ ပတ္ဝန္းက်င္အသံဗလံေတြကို သက္ေတာင့္သက္သာနဲ႔ေလ်ာ့ခ်ေပးနို္င္ ပါတယ္။ ပတ္ဝန္းက်င္မွာ ဘာေတြပဲျဖစ္ေနျဖစ္ေန ကုိ္ယ့္အလုပ္လုပ္ပဲကိုယ္ အာရံုစိုက္ခ်င္တဲ့သူေတြအတြက္ အဓိကထားၿပီး ထုတ္ထားတာပါ။ အလုပ္ခြင္မွာပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္ နားေအး၊ ပါးေအးေနခ်င္တဲ့သူေတြ အႀကိဳက္ျဖစ္မယ့္ေခါင္းေဆာင္းတစ္ခုဆိုလည္း မမွားပါဘူး။

The Isolator ေခါင္းေဆာင္းဟာ ၁၉၂၅ ခုႏွစ္၊ ဇူလိုင္လထုတ္ The American Physical Society မဂၢဇင္းမ်က္ႏွာဖံုးမွာ ေဖာ္ျပျခင္းခံခဲ့ရဖူးပါတယ္။ Gernsback ကလည္း အဲ့ဒီအသင္းရဲ႕အသင္းဝင္ တစ္ေယာက္ပါ။ အခုအခ်ိန္မွာေတာ့ ဒီနည္းပညာဟာ ျပန္လည္ဆန္းသစ္ၿပီး ေပၚထြက္လာခဲ့ပါၿပီ။

Ref: Interesting Engineering

မင္းသုခ (အခရာ)

www.akhayar.com

နားအေး၊ ပါးအေးနဲ့ အေးအေးဆေးဆေး နေရတာကြိုက်တဲ့သူတွေအတွက်

နှောက်ယှက်တဲ့ အသံမျိုးစုံကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲကြားနေရမှာပါ။ လော်စပီကာသံ၊ အလှူခံ အသံ၊ မနောရဲ့သီချင်းသံနဲ့ ပတ်ဝန်းကျင်က ထွက်ပေါ်လာတဲ့ ဆူဆူညံညံအသံအားလုံးဟာ နားအေး၊ ပါးအေး နေချင်တဲ့သူတွေအတွက်တော့ စိတ်ပျက်စရာပါပဲ။ အလုပ်တစ်ခုကို အာရုံစူးစိုက်ပြီးလုပ်မယ်ဆိုရင်လည်း ဒီလို အသံတွေကြောင့် အနှောက်အယှက်ဖြစ်ရပါတယ်။

ပတ်ဝန်းကျင်က အသံတွေကြောင့် အနှောက်ဖြစ်ရတာ အခုမှမဟုတ်ပါဘူး။ ဟိုးတုန်းကတည်းက ရှိခဲ့တဲ့ကိစ္စပါ။ ၁၉၂၀ လောက်တုန်းက ဒီလိုမျိုး ဆူညံတဲ့အသံဗလံတွေက ကင်းလွတ်နိုင်ဖို့ တီထွင်မှုတစ်ခုရှိခဲ့ဖူးပါတယ်။ ထိတ် လန့်ဖွယ်ပုံစံနဲ့ ခေါင်းဆောင်းပါ။ တီထွင်မှုရဲ့ရည်ရွယ်ချက်က ကောင်းပေမယ့် ပုံပန်းသဏ္ဍန်က စိတ္တဇလူသတ် ကားထဲက ခေါင်းဆောင်းကြီးနဲ့တူနေတာမို့ လူကြိုက်တော်တော်နည်းခဲ့ပါတယ်။

The Isolator

အဲ့ဒီ ၁၉၂၅ ခုနှစ်လောက်တုန်း တီထွင်ခဲ့တဲ့အရာကို The Isolator လို့ခေါ်ပါတယ်။ ဥရောပ-အမေရိက အနွယ်ဖွား Hugo Gernsback က ပတ်ဝန်းကျင်အသံဗလံတွေရဲ့ရန်က ကင်းနိုင်ဖို့ တီထွင်ခဲ့တာပါ။ သူတီထွင်ခဲ့တဲ့ The Isolator ခေါင်းဆောင်းက ပတ်ဝန်းကျင်ကျင်က ဆူညံသံတွေကို ၉၅ ရာခိုင်နှုန်း အထိ လျော့ပေးနိုင်ပါတယ်။

The Isolator ရဲ့ဒီဇိုင်းက အသံတွေကို လျော့ချနိုင်ဖို့အပြင် မြင်ကွင်းကိုလည်း တစ်နေရာထဲကို စူးစိုက် ကြည့်နိုင်ဖို့ ရေးဆွဲထားပါတယ်။ ဒီခေါင်းဆောင်းဆောင်းထားတဲ့အချိန်ကျရင် မြင်ကွင်းက ပုံမှန်မြင်နေ ကလိုမျိုး ကျယ်ကျယ်ဝန်းဝန်းမြင်ရတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး အသက်ရှုဖို့အတွက် အောက် ဆီဂျင်ဗူးသက်သက်လိုအပ်ပါတယ်။ စိတ်မနိုင်တဲ့သူဆိုရင်တော့ မှောင်မှောင်မည်းမည်း၊ တိတ်တိတ် ဆိတ်ဆိတ်ခေါင်းဆောင်းထဲမှာ အိပ်ပျော်သွားမှာ အသေအချာပါပဲ။

ဒီခေါင်းဆောင်းရဲ့ အိုင်ဒီယာနဲ့တီထွင်မှုကို လူတွေမေ့ထားခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီနေ့ ခေတ်မှာတော့ Hochuu Rayu ကုမ္ပဏီက ဒီအိုင်ဒီယာကို ပြန်လည်အသက်သွင်းပြီး Helmfon Helmet ဆိုတဲ့နာမည်နဲ့ ခေါင်းဆောင်းအသစ်ထုတ်ပါတော့မယ်။

ဒီခေါင်းဆောင်းအသစ်ဟာဆိုရင်တော့ ပတ်ဝန်းကျင်အသံဗလံတွေကို သက်တောင့်သက်သာနဲ့လျော့ချပေးနိုင် ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ့်အလုပ်လုပ်ပဲကိုယ် အာရုံစိုက်ချင်တဲ့သူတွေအတွက် အဓိကထားပြီး ထုတ်ထားတာပါ။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် နားအေး၊ ပါးအေးနေချင်တဲ့သူတွေ အကြိုက်ဖြစ်မယ့်ခေါင်းဆောင်းတစ်ခုဆိုလည်း မမှားပါဘူး။

The Isolator ခေါင်းဆောင်းဟာ ၁၉၂၅ ခုနှစ်၊ ဇူလိုင်လထုတ် The American Physical Society မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြခြင်းခံခဲ့ရဖူးပါတယ်။ Gernsback ကလည်း အဲ့ဒီအသင်းရဲ့အသင်းဝင် တစ်ယောက်ပါ။ အခုအချိန်မှာတော့ ဒီနည်းပညာဟာ ပြန်လည်ဆန်းသစ်ပြီး ပေါ်ထွက်လာခဲ့ပါပြီ။

Ref: Interesting Engineering

မင္းသုခ (အခရာ)

www.akhayar.com