[Zawgyi]

ေထာင္ဒဏ္(၂)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ႔ရတဲ႔ အီတလီတိုက္စစ္မွဴးေဟာင္း ယာကြင္တာ Iaquinta

၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရိွခဲ႔တဲ႔ အီတလီအသင္းရဲ႕ တိုက္စစ္မွဴး တစ္ဦးျဖစ္တဲ႔ ယာကြင္တာ Iaquinta ဟာ တရားမ၀င္လက္နက္ကိုင္ေဆာင္မႈေၾကာင္႔ ေထာင္ဒဏ္(၂)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ႔ရပါတယ္။ အီတလီႏိုင္ငံ ေျမာက္ဘက္ပိုင္းက မာဖီးယားဂိုဏ္းနဲ႔ ပတ္သက္ဆယ္ႏြယ္တဲ႔ အမႈကို လူ(၁၄၈)ဦးအား စစ္ေဆးခဲ႔တဲ႔အထဲမွာ ယာကြင္တာ လည္းပါ၀င္ခဲ႔ျပီး အခုလိုေပၚေပါက္ခဲ႔တာျဖစ္ပါတယ္။ ဒီအမႈဟာ ယာကြင္တာ နဲ႔ တိုက္႐ိုက္ဆက္ႏြယ္ျခင္းမရိွခဲ႔ေပမယ္႔ အမႈစစ္ေဆးခံရျပီး ျပစ္္ဒဏ္ခ်မွတ္ခံခဲ႔ရတဲ႔သူေတြထဲမွာ ယာကြင္တာ ရဲ႕ ဖခင္ဟာပါ၀င္ခဲ႔ပါတယ္။

Iaquinta

Iaquinta

ယာကြင္တာဟာ မာဖီးယားဂိုဏ္း အဖြဲ႕၀င္ျဖစ္တဲ႔ သူ႔ရဲ႕ဖခင္ကုိ ေသနတ္(၂)လက္ ရွာေဖြေပးခဲ႔ျပီး အဲဒီအခ်ိန္တုန္းက အယ္ကြင္တာဟာ ေသနတ္ကိုင္ေဆာင္ခြင္႔ ပိတ္ပင္ထားရတဲ႔ အခ်ိန္ျဖစ္လို႔ တရားရံုးရဲ႕အမိန္႔ကို ခ်ိဳးေဖာက္ခဲ႔တာေၾကာင္႔ ေထာင္ဒဏ္(၂)ႏွစ္ခ်မွတ္ခံခဲ႔ရတာပဲျဖစ္ပါတယ္။ ဒီျပစ္ဒဏ္ကို ယာကြင္တာ ဟာ အယူခံ၀င္သြားမွာျဖစ္တယ္လို႔သိရပါတယ္။ လက္ရိွမွာ အသက္(၃၈)နွစ္အရြယ္ရိွျပီျဖစ္သူ ယာကြင္တာ ဟာ အူဒီးနီးစ္ ၊ ဂ်ဴဗင္တပ္စ္ အပါအ၀င္ ကလပ္အသင္းေပါင္းမ်ားစြာမွာ ကစားခဲ႔သူျဖစ္ပါတယ္။

Ref: BBC News
Photo: TheWorldNews , Rai News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အီတလီတိုက်စစ်မှူးဟောင်း ယာကွင်တာ Iaquinta

၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တဲ့ အီတလီအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ယာကွင်တာ Iaquinta ဟာ တရားမဝင်လက်နက်ကိုင်ဆောင်မှုကြောင့် ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အီတလီနိုင်ငံ မြောက်ဘက်ပိုင်းက မာဖီးယားဂိုဏ်းနဲ့ ပတ်သက်ဆယ်နွယ်တဲ့ အမှုကို လူ(၁၄၈)ဦးအား စစ်ဆေးခဲ့တဲ့အထဲမှာ ယာကွင်တာ လည်းပါဝင်ခဲ့ပြီး အခုလိုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုဟာ ယာကွင်တာ နဲ့ တိုက်ရိုက်ဆက်နွယ်ခြင်းမရှိခဲ့ပေမယ့် အမှုစစ်ဆေးခံရပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့သူတွေထဲမှာ ယာကွင်တာ ရဲ့ ဖခင်ဟာပါဝင်ခဲ့ပါတယ်။

Iaquinta

Iaquinta

ယာကွင်တာဟာ မာဖီးယားဂိုဏ်း အဖွဲ့ဝင်ဖြစ်တဲ့ သူ့ရဲ့ဖခင်ကို သေနတ်(၂)လက် ရှာဖွေပေးခဲ့ပြီး အဲဒီအချိန်တုန်းက အယ်ကွင်တာဟာ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားရတဲ့ အချိန်ဖြစ်လို့ တရားရုံးရဲ့အမိန့်ကို ချိုးဖောက်ခဲ့တာကြောင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ကို ယာကွင်တာ ဟာ အယူခံဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ ယာကွင်တာ ဟာ အူဒီးနီးစ် ၊ ဂျူဗင်တပ်စ် အပါအဝင် ကလပ်အသင်းပေါင်းများစွာမှာ ကစားခဲ့သူဖြစ်ပါတယ်။

Ref: BBC News
Photo: TheWorldNews , Rai News
Ko Kyue(Akhayar)
www.akhayar.com