[Zawgyi]



Terry

Terry


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီး ဂန္ထဝင်တယ်ရီ Terry

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကစးသမားဘဝကနေ အနားယူခဲ့တဲ့ ချယ်လ်ဆီး ဂန္ထဝင်တယ်ရီ Terry ဟာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပါပြီ။ တယ်ရီဟာ ချယ်လ်ဆီးယူ ၂၃ အသင်းကို နည်းပြအဖြစ်တာဝန်ယူမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ကစားသမားဘ၀ နောက်ဆုံးကစားခဲ့တဲ့ ဗီလာအသင်းကိုပဲ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဗီလာအသင်းဟာ ဒင်းစမစ် Dean Smith ကိုနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီး သူ့နဲ့အတူ တယ်ရီကိုပါ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

Terry

Terry

တယ်ရီရဲ့ အင်္ဂလန်လက်ရွေးစင်ကစားဖော်ဟောင်းတွေ ဖြစ်ကြတဲ့ လမ်းပတ် Lampard နဲ့ ဂျာရတ် Gerrard တို့ဟာလည်း နည်းပြလောကထဲမှာ အတိုင်းအတာတစ်ခုထိ စွမ်းဆောင်ပြထားကြတာကြောင့် တယ်ရီအနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ တယ်ရီရဲ့ နည်းပြဘဝအစဟာ ဗီလာအသင်းလက်ထောက်နည်းပြအဖြစ် စတင်ခဲ့ပြီဖြစ်ပြီး အောင်မြင်တဲ့နည်းပြတစ်ယောက် ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်သွားကြရပါလိမ့်မယ်။

Ref: BBC Sport
Photo: LE BUZZ – Eurosport , TheWorldNews.net
Ko Kyue(Akhayar)
www.akhayar.com