သတင်းခေါင်းစဉ်ဖတ်လိုက်တာနဲ့ မင်သက်သွားမယ်ထင်ပါတယ်။ Battle Royale Title ထဲမှာ Fortnite ၊ PUBG တို့ပါ ကျော်တက်သွားပြီး အရမ်း Popular ဖြစ်ခဲ့တဲ့ Apex Legends ၊ ၂ ပတ်အတွင်း Fortinte စံချိန်ကို ရိုက်ချိုးပစ်နိုင်ခဲ့ပြီး တလအတွင်း ကစားသူဦးရေ သန်း ၅၀ ကျော်သွားခဲ့တာပါ။

ဂိမ်းကိုယ်တိုင်လည်း Titanfall Universe က ဆင်းသက်လာတယ်၊ Devloper Respawn ဆိုတာကလည်း Star Wars ဂိမ်းတွေ ရေးဆွဲနေတာဆိုတော့ Fans တွေကတော့ ရှိထားပြီးသားပါ။ ဒီလို Big Title ဂိမ်းကို Publisher ကြီး Electronic Arts ကိုယ်တွယ်တာဆိုတော့ ဘယ်လိုပဲပြောပြော ဒီအချက်နဲ့တင် Apex Legends ကို တစိတ်တပိုင်း စိတ်ဝင်စားနှင့်ပြီးသားပါ။

ခက်တာက ၂၀၁၈ ဟာ EA တိုင်ပတ်တဲ့နှစ်လို့ပဲပြောရမလား Battlefield V ထွက်တော့ Black Ops 4 နဲ့ သွားတိုးပြီး မှန်းချက်နဲ့နှမ်းထွက်တောင် မကိုက်ခဲ့ဘူး။ ဒါကလည်း ရှင်းပါတယ် Battle Royale Mode မပါလာလို့ Fans တွေ Feel ကျဲသွားပြီး Call of Duty ဖက်ရောက်ကုန်တာပါ။

Battlefield V (Battle Royale Mode)

အဲ့ဒါထက် E3 2018 မှာ ရေရေလည်လည် ကြွေခဲ့ရတဲ့ Anthem ၊ ပထမဆုံး Trailer ပြကတည်းက ဂိမ်မာတွေ နှစ်သက်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းလဲ ဂိမ်းထွက်ရော Mass Effect ဖြစ်နေလို့ Negative Review တွေနဲ့ ပေါ်ပျောက်ဖြစ်ခဲ့ရပါတယ်။

Image (Nvidia)

ကံခေနေတယ်လို့ပဲ ပြောရမှာပေါ့နော်။ အခုလည်း နာမည်ကျော် Pro Streamer ကြီးတွေငှားပြီး အသေလဲ Promote လုပ်ခဲ့တဲ့ Apex Legends ကြီးဟာ ရုံဟီးနေပေမယ့် အားပေးမယ့်သူ မရှိလောက်အောင် တိတ်ဆိတ်သွားပြီဖြစ်ပါတယ်။

Twitch Streamer “Ninja”

ပြီးခဲ့တဲ့လတွေမှာ Viewer ၄ သိန်းကျော်ရှိနေခဲ့ပေမယ့် အခုဆိုရင် ၃ သောင်းတောင်မပြည့်တော့ပါဘူး။ ဘယ်လိုပြောရမလဲပေါ့နော်၊ Promote လုပ်တာ လက်လွန်သွားတယ်ထင်ပါတယ်၊ Shroud တို့ Ninja တို့ Dr. Disrespect တို့ လစ်သွားတဲ့အချိန် Organic က ၄ ပုံ ၁ ပုံတောင် မကျန်တော့ပါဘူး။

အများစုက Apex Legends ကစားသမားတွေကို မနှစ်သက်ဘူးဆိုပါတယ်။ အထူးသဖြင့် Cheating လုပ်တာမျိုးပေါ့။ Free ဂိမ်းတိုင်း ဒီလိုဖြစ်တာ ထုံးစံဆိုပေမယ့် Developer တွေ လက်နှေးတယ်ထင်ပါ့။ နောက်ပြီး Royale Pass ကလည်း စိတ်ပျက်စရာဖြစ်စေခဲ့တော့ Viewer လည်းနည်းသွားပြီဖြစ်ပါတယ်။

Pro Player ကြီးတွေလည်း ၂ ပတ် ၃ ပတ်လောက် ကစားပြရုံနဲ့ ဒေါ်လာ ၁ သိန်း ခိုင်သွားပြီဆိုတော့ ဘာပဲပြောပြော ဂွင်တည့်သွားတယ်ဆိုရမှာပေါ့။ တခုပဲ စဉ်းစားစရာဖြစ်စေတာက Fortinite ၊ PUBG တို့လည်း ဒီလိုနည်းလမ်းနဲ့ Fans တွေ Viewer တွေ အခိုင်မာရထားတာဆိုမယ့် Apex Legends ကျတော့ ဘယ်လိုကြောင့် ဆိုးဆိုးရွားရွားဖြစ်သွားတာလဲ? မိုဘိုင်း Version ထွက်လာရင်တော့ မပြောတတ်ဘူးပေါ့နော်။ ပရိသတ်ကြီးအမြင်ရော ဘယ်လိုရှိလဲ ပြောသွားကြည့်ပါဦး။

Source: PC Gamer ၊ PC GameSN