[Zawgyi]

အသက္ ၆၁ ႏွစ္ရွိၿပီျဖစ္တဲ့ ဗီယက္နမ္သမၼတ ယေန႔မွာ ကြယ္လြန္သြား

ႏိုင္ငံေတာ္အစိုးရတရားဝင္သတင္းဝက္ဆိုက္ေတြရဲ႕ သတင္းတင္ျပခ်က္အရ အသက္ ၆၁ ႏွစ္အရြယ္ရွိတဲ့ ဗီယက္နမ္သမၼတ Tran Dai Quang ဟာ ဒီေန႔မွာပဲ 108 စစ္ ေဆးရံုမွာ ဆံုးပါးသြားခဲ့ပါၿပီ။

ေဒသစံေတာ္ခ်ိန္ ၁၀:၀၅ မိနစ္မွာ ဆံုးပါးခဲ့တာပဲျဖစ္ပါတယ္။

သမၼတႀကီးဟာ အျပင္းအထန္ဖ်ားနာေဝဒနာကို လေပါင္းမ်ားစြာ ခံစားေနရတာျဖစ္ၿပီး ဗီယက္နမ္ႏိုင္ငံမွာသာမက ႏိုင္ငံရပ္ျခားေဆးရံုေတြမွာအထိ ေဆးကုသခံေနရသူျဖစ္ပါတယ္လို႔ သိရပါတယ္။

သူဟာ အရင္က ျပည္သူ႕ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္၊ ဧၿပီလ ၂ရက္ေန႔မွာ ဗီယက္နမ္ႏိုင္ငံရဲ႕ အ႒မေျမာက္ သမၼတႀကီးအျဖစ္ တာဝန္ယူခဲ့ပါတယ္။

ဗီယက္နမ္ႏိုင္ငံအေနနဲ႔ သမၼတတစ္ေယာက္ရဲ႕ အခန္းက႑ဟာ ေတာ္ေတာ္ေလးကို အေရးပါပါတယ္။ ႏိုင္ငံရဲ႕ အခ်ဳပ္အခ်ာအက်ဆံုး အဓိကရာထူး ၄ ခုျဖစ္တဲ့ သမၼတ၊ ဝန္ႀကီးခ်ဳပ္၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌနဲ႔ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ စတဲ့ရာထူးေတြထဲမွာမွ သမၼတႀကီးဟာ ကြန္ျမဴနစ္ပါတီရဲ႕ အမာခံတပ္သားလည္း ျဖစ္ခဲ့ပါတယ္။

ပါတီတြင္းမွာ သစၥာအရွိဆံုးနဲ႔ စိတ္အခ်ရဆံုး အဖြဲ႕ဝင္ျဖစ္လာၿပီး ေခါင္းမာတဲ့သူတစ္ဦးလည္းျဖစ္တာမို႔ သေဘာထားကြဲလြဲမႈေတြကို ထုတ္ေဖာ္တတ္သူတစ္ဦးပါ။

ရဲရာထူးနဲ႔ ႏွစ္ ၄၀ ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ရဲမႈးႀကီးအျဖစ္ ရာထူးတက္ခဲ့ပါတယ္။

သမၼတျဖစ္ၿပီးေနာက္ပိုင္း အျမင္မတူသူ၊ သေဘာထားကြဲျပားသူ အတိုက္အခံေတြအားလံုးကို ေထာင္ခ်ခဲ့တဲ့အေရးကိစၥေတြေၾကာင့္လည္း နာမည္ႀကီးသူျဖစ္ပါေသးတယ္။

သမၼတႀကီးရဲ႕ စ်ာပနအခမ္းအနားကိုေတာ့ ႏိုင္ငံေတာ္အဆင့္က်င္းပမွာျဖစ္ၿပီး အခမ္းအနားအေသးစိတ္ကို အစိုးရတရားဝင္သတင္းဌာနက ထပ္မံထုတ္ျပန္ဦးမယ့္အေၾကာင္း ေျပာၾကားခဲ့ပါတယ္။

[Unicode]

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဗီယက်နမ်သမ္မတ ယနေ့မှာ ကွယ်လွန်သွား

နိုင်ငံတော်အစိုးရတရားဝင်သတင်းဝက်ဆိုက်တွေရဲ့ သတင်းတင်ပြချက်အရ အသက် ၆၁ နှစ်အရွယ်ရှိတဲ့ ဗီယက်နမ်သမ္မတ Tran Dai Quang ဟာ ဒီနေ့မှာပဲ 108 စစ် ဆေးရုံမှာ ဆုံးပါးသွားခဲ့ပါပြီ။

ဒေသစံတော်ချိန် ၁၀:၀၅ မိနစ်မှာ ဆုံးပါးခဲ့တာပဲဖြစ်ပါတယ်။

သမ္မတကြီးဟာ အပြင်းအထန်ဖျားနာဝေဒနာကို လပေါင်းများစွာ ခံစားနေရတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာသာမက နိုင်ငံရပ်ခြားဆေးရုံတွေမှာအထိ ဆေးကုသခံနေရသူဖြစ်ပါတယ်လို့ သိရပါတယ်။

သူဟာ အရင်က ပြည်သူ့ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ အဋ္ဌမမြောက် သမ္မတကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ သမ္မတတစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ တော်တော်လေးကို အရေးပါပါတယ်။ နိုင်ငံရဲ့ အချုပ်အချာအကျဆုံး အဓိကရာထူး ၄ ခုဖြစ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် စတဲ့ရာထူးတွေထဲမှာမှ သမ္မတကြီးဟာ ကွန်မြူနစ်ပါတီရဲ့ အမာခံတပ်သားလည်း ဖြစ်ခဲ့ပါတယ်။

ပါတီတွင်းမှာ သစ္စာအရှိဆုံးနဲ့ စိတ်အချရဆုံး အဖွဲ့ဝင်ဖြစ်လာပြီး ခေါင်းမာတဲ့သူတစ်ဦးလည်းဖြစ်တာမို့ သဘောထားကွဲလွဲမှုတွေကို ထုတ်ဖော်တတ်သူတစ်ဦးပါ။

ရဲရာထူးနဲ့ နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ရဲမှုးကြီးအဖြစ် ရာထူးတက်ခဲ့ပါတယ်။

သမ္မတဖြစ်ပြီးနောက်ပိုင်း အမြင်မတူသူ၊ သဘောထားကွဲပြားသူ အတိုက်အခံတွေအားလုံးကို ထောင်ချခဲ့တဲ့အရေးကိစ္စတွေကြောင့်လည်း နာမည်ကြီးသူဖြစ်ပါသေးတယ်။

သမ္မတကြီးရဲ့ ဈာပနအခမ်းအနားကိုတော့ နိုင်ငံတော်အဆင့်ကျင်းပမှာဖြစ်ပြီး အခမ်းအနားအသေးစိတ်ကို အစိုးရတရားဝင်သတင်းဌာနက ထပ်မံထုတ်ပြန်ဦးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။