[Zawgyi]

ျမန္မာအသင္းဘက္ သြင္းခဲ့တဲ့ဂုိးကုိ လူကၽြံေဘာေပးခဲ့လုိ႔ ဗီယက္နမ္ပရိသတ္ေတြ မေက်မနပ္ျဖစ္ေနၿပီ

ျမန္မာနဲ႔ ဗီယက္နမ္အသင္းတို႔ ကစားခဲ့တဲ့ ဆူဇူကီးအုပ္စုပြဲကုိ လာေရာက္ၾကည့္႐ႈခဲ့ၾကတဲ့ ဗီယက္နမ္ပရိသတ္ေတြဟာ သူတို႔အသင္း သြင္းခဲ့တဲ့ဂုိးကုိ လူကၽြံေဘာသတ္မွတ္ေပးခဲ့တဲ့အတြက္ မေက်မနပ္ျဖစ္ေနၾကပါတယ္။ ဒုတိယပုိင္း (၇၇)မိနစ္မွာ ဗီယက္နမ္အသင္းက Quang Hai ရဲ႕ ကန္ခ်က္ကုိ ျမန္မာဂုိးသမား ေက်ာ္ဇင္ထက္ Kyaw Zin Htet ပုတ္ထုတ္ခဲ့ေပမယ့္ ဂုိးေရွ႕မွာအသင့္ရွိေနတဲ့ Nguyen Van Toan က ပိတ္သြင္းခဲ့တာျဖစ္ၿပီး စည္းၾကပ္ဒုိင္က လူကၽြံေဘာအျဖစ္ သတ္မွတ္ေပးခ့ဲတာပါ။

Nguyen-Van-Toan-offside

Nguyen-Van-Toan-offside

႐ုပ္သံအေႏွးျပကြက္ေတြအရ Nguyen Van Toan ဟာ လူကၽြံအေနအထားမွာ မရွိတာေၾကာင့္ စည္းၾကပ္ဒုိင္ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ဗီယက္နမ္ပရိသတ္ေတြ ေဒါသေပါက္ပဲြေနၾကတာျဖစ္ပါတယ္။ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ Twitter မွာ ဗီယက္နမ္ပရိသတ္ေတြအျပင္ မေလးရွားပရိသတ္ေတြပါ စည္းၾကပ္ဒုိင္ရဲ႕အမွားကုိ ေလွာင္ေျပာင္ခဲ့ၾကၿပီး ဗီယက္နမ္ပရိသတ္တစ္ဦးက “ဒီရလဒ္ကုိ ကၽြန္ေတာ္ မေက်နပ္ပါဘူး။ ကၽြန္ေတာ္တို႔အသင္း အခြင့္အေရးေတြ အမ်ားႀကီးရခဲ့ၿပီး ဒုိင္လူႀကီးဟာ တရားမွ်တမႈ မရွိခဲ့ပါဘူး”လုိ႔ ေရးသားခဲ့တယ္။

Vietnam-fans-React

Vietnam-fans-React

ေနာက္တစ္ဦးကေတာ့ ျမန္မာအသင္းဟာ ဒုိင္လူႀကီးကုိ ၀ယ္ယူခဲ့တယ္ဆုိၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။ ျမန္မာအသင္းနဲ႔ ဗီယက္နမ္အသင္းတို႔ဟာ ဂုိးမရွိသေရက်ခဲ့တာေၾကာင့္ ဗီယက္နမ္အသင္းဟာ ဆီမီးဖုိင္နယ္တက္ဖုိ႔ ေသခ်ာသေလာက္ျဖစ္သြားေပမယ့္ ျမန္မာအသင္းကေတာ့ မေလးရွားအသင္းနဲ႔ အုပ္စုေနာက္ဆုံးပဲြမွာ သေရတစ္မွတ္ရမွ ဆီမီးဖုိင္နယ္တက္ေရာက္မွာ ျဖစ္ပါတယ္။

Nguyen Van Toan ရဲ႕ လူကၽြံဂုိးကုိ ၾကည့္႐ႈရန္လင့္ခ္

REF:foxsportsasia
Photo:FOX Sports Asia,You Tube
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မြန်မာအသင်းဘက် သွင်းခဲ့တဲ့ဂိုးကို လူကျွံဘောပေးခဲ့လို့ ဗီယက်နမ်ပရိသတ်တွေ မကျေမနပ်ဖြစ်နေပြီ

မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ကစားခဲ့တဲ့ ဆူဇူကီးအုပ်စုပွဲကို လာရောက်ကြည့်ရှုခဲ့ကြတဲ့ ဗီယက်နမ်ပရိသတ်တွေဟာ သူတို့အသင်း သွင်းခဲ့တဲ့ဂိုးကို လူကျွံဘောသတ်မှတ်ပေးခဲ့တဲ့အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ဒုတိယပိုင်း (၇၇)မိနစ်မှာ ဗီယက်နမ်အသင်းက Quang Hai ရဲ့ ကန်ချက်ကို မြန်မာဂိုးသမား ကျော်ဇင်ထက် Kyaw Zin Htet ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးရှေ့မှာအသင့်ရှိနေတဲ့ Nguyen Van Toan က ပိတ်သွင်းခဲ့တာဖြစ်ပြီး စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

Nguyen-Van-Toan-offside

Nguyen-Van-Toan-offside

ရုပ်သံအနှေးပြကွက်တွေအရ Nguyen Van Toan ဟာ လူကျွံအနေအထားမှာ မရှိတာကြောင့် စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗီယက်နမ်ပရိသတ်တွေ ဒေါသပေါက်ပွဲနေကြတာဖြစ်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Twitter မှာ ဗီယက်နမ်ပရိသတ်တွေအပြင် မလေးရှားပရိသတ်တွေပါ စည်းကြပ်ဒိုင်ရဲ့အမှားကို လှောင်ပြောင်ခဲ့ကြပြီး ဗီယက်နမ်ပရိသတ်တစ်ဦးက “ဒီရလဒ်ကို ကျွန်တော် မကျေနပ်ပါဘူး။ ကျွန်တော်တို့အသင်း အခွင့်အရေးတွေ အများကြီးရခဲ့ပြီး ဒိုင်လူကြီးဟာ တရားမျှတမှု မရှိခဲ့ပါဘူး”လို့ ရေးသားခဲ့တယ်။

Vietnam-fans-React

Vietnam-fans-React

နောက်တစ်ဦးကတော့ မြန်မာအသင်းဟာ ဒိုင်လူကြီးကို ဝယ်ယူခဲ့တယ်ဆိုပြီး လှောင်ပြောင်ခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ဟာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဗီယက်နမ်အသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့ သေချာသလောက်ဖြစ်သွားပေမယ့် မြန်မာအသင်းကတော့ မလေးရှားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ သရေတစ်မှတ်ရမှ ဆီမီးဖိုင်နယ်တက်ရောက်မှာ ဖြစ်ပါတယ်။

Nguyen Van Toan ရဲ့ လူကျွံဂိုးကို ကြည့်ရှုရန်လင့်ခ်

REF:foxsportsasia
Photo:FOX Sports Asia,You Tube
Naing Linn(Akhayar)
www.akhayar.com