[Zawgyi]

ျမန္မာ-ဗီယက္နမ္ပဲြအၿပီး လက္ဆဲြႏႈတ္ဆက္ခဲ့ျခင္း မရွိတဲ့ နည္းျပမ်ား

ျမန္မာနဲ႔ ဗီယက္နမ္အသင္းတို႔ ကစားခ့ဲတဲ့ ဆူဇူကီးဖလားပဲြဟာ ဂုိးမရွိသေရနဲ႔ၿပီးဆုံးခဲ့ေပမယ့္ ဒီပဲြနဲ႔ပတ္သက္တဲ့ ႐ုိက္ခတ္မႈေတြက မၿပီးဆုံးေသးပါဘူး။ အဲဒီပဲြဟာ ႏွစ္သင္းစလုံး ဆီမီးဖုိင္နယ္တက္ေရးအတြက္ အေရးပါတဲ့ ပဲြျဖစ္လုိ႔ အႀကိတ္အနယ္ရွိခဲ့တဲ့အျပင္ ပဲြခ်ိန္တခ်ိဳ႕မွာ ကစားသမားအခ်င္းခ်င္း အခ်င္းမ်ားတာေတြလည္း ျဖစ္ခဲ့ပါတယ္။ ကြင္းတြင္းမွာ ကစားသမားအခ်င္းခ်င္း ညိ႐ုံတင္မဟုတ္ဘဲ ကြင္းျပင္မွာလည္း ႏွစ္ဖက္နည္းျပေတြ အခ်င္းမ်ားခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲြအၿပီးမွာ ဗီယက္နမ္အသင္းနည္းျပ Park Hang-Seo ဟာ ျမန္မာအသင္းနည္းျပ အန္တိုနီေဟး Antonie Hey ကုိ လက္ဆဲြႏႈတ္ဆက္တာေတာင္ မလုပ္ခဲ့ပါဘူး။

Antonie-Hey-and-Park-Hang-Seo

Antonie-Hey-and-Park-Hang-Seo

သူတို႔ႏွစ္ဦး ညိခဲ့တာက ဒီလုိပါ။ ဗီယက္နမ္ကစားသမား Nguyen Cong Phuong ဟာ ျမန္မာအသင္းရဲ႕ အဓိက တိုက္စစ္မွဴး ေအာင္သူ Aung Thu ကုိ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ အန္တိုနီေဟးက ဗီယက္နမ္ကစားသမားကုိ အ၀ါကတ္ျပဖုိ႔ ဒုိင္လူႀကီးကုိ ေတာင္းဆုိခဲ့တယ္။ ဒါကုိ ဗီယက္နမ္နည္းျပက ကန္႔ကြက္ခဲ့လုိ႔ ႏွစ္ေယာက္သား စၿပီးညိခဲ့တာပါ။ ပဲြၿပီးေတာ့ အန္တိုနီေဟးဟာ ထုံးစံအတိုင္း Park Hang-Seo ကုိ လက္ဆဲြႏႈတ္ဆက္ဖုိ႔ သြားခဲ့ေပမယ့္ Park Hang-Seo က ေရွာင္လဲြခဲ့ၿပီး သူ႔ရဲ႕နည္းျပအဖဲြ႕၀င္ျဖစ္တဲ့ Que Ngoc Hai ပဲ လက္ဆဲြႏႈတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဗီယက္နမ္နည္းျပရဲ႕လုပ္ရပ္ကုိ အန္တုိနီေဟးက ေ၀ဖန္ခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ မပီသတဲ့အျပဳအမူလုိ႔ သူ႔ရဲ႕ Twitter မွာ ေရးသားခဲ့ပါတယ္။

REF:foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မြန်မာ-ဗီယက်နမ်ပွဲအပြီး လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိတဲ့ နည်းပြများ

မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ကစားခဲ့တဲ့ ဆူဇူကီးဖလားပွဲဟာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပေမယ့် ဒီပွဲနဲ့ပတ်သက်တဲ့ ရိုက်ခတ်မှုတွေက မပြီးဆုံးသေးပါဘူး။ အဲဒီပွဲဟာ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်တက်ရေးအတွက် အရေးပါတဲ့ ပွဲဖြစ်လို့ အကြိတ်အနယ်ရှိခဲ့တဲ့အပြင် ပွဲချိန်တချို့မှာ ကစားသမားအချင်းချင်း အချင်းများတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ကွင်းတွင်းမှာ ကစားသမားအချင်းချင်း ညိရုံတင်မဟုတ်ဘဲ ကွင်းပြင်မှာလည်း နှစ်ဖက်နည်းပြတွေ အချင်းများခဲ့ပါသေးတယ်။ ဒါကြောင့်ပွဲအပြီးမှာ ဗီယက်နမ်အသင်းနည်းပြ Park Hang-Seo ဟာ မြန်မာအသင်းနည်းပြ အန်တိုနီဟေး Antonie Hey ကို လက်ဆွဲနှုတ်ဆက်တာတောင် မလုပ်ခဲ့ပါဘူး။

Antonie-Hey-and-Park-Hang-Seo

Antonie-Hey-and-Park-Hang-Seo

သူတို့နှစ်ဦး ညိခဲ့တာက ဒီလိုပါ။ ဗီယက်နမ်ကစားသမား Nguyen Cong Phuong ဟာ မြန်မာအသင်းရဲ့ အဓိက တိုက်စစ်မှူး အောင်သူ Aung Thu ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် အန်တိုနီဟေးက ဗီယက်နမ်ကစားသမားကို အဝါကတ်ပြဖို့ ဒိုင်လူကြီးကို တောင်းဆိုခဲ့တယ်။ ဒါကို ဗီယက်နမ်နည်းပြက ကန့်ကွက်ခဲ့လို့ နှစ်ယောက်သား စပြီးညိခဲ့တာပါ။ ပွဲပြီးတော့ အန်တိုနီဟေးဟာ ထုံးစံအတိုင်း Park Hang-Seo ကို လက်ဆွဲနှုတ်ဆက်ဖို့ သွားခဲ့ပေမယ့် Park Hang-Seo က ရှောင်လွဲခဲ့ပြီး သူ့ရဲ့နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ Que Ngoc Hai ပဲ လက်ဆွဲနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်နည်းပြရဲ့လုပ်ရပ်ကို အန်တိုနီဟေးက ဝေဖန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် မပီသတဲ့အပြုအမူလို့ သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

REF:foxsportsasia
Photo:foxsportsasia
Naing Linn(Akhayar)
www.akhayar.com