[Zawgyi]



Vidal

Vidal






Colo-Colo


Juventus

Coppa Italia: 2014–15

Bayern Munich

DFB-Pokal: 2015–16
DFL-Supercup: 2016, 2017
REF: Daily Mail
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့ ဗီဒယ်လ် Vidal

ဘာစီလိုနာအသင်း ဟာဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဗီဒယ်လ် Vidal ကိုခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီဒယ်လ် Vidal ကိုခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်(၂၇)သန်းအသုံးပြုခဲ့ ရပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ အင်နီယေစတာ Iniesta ၊ ပေါ်လင်ဟို Paulinho တို့ဟာ အသင်းကနေထွက်ခွာသွားကြတာကြောင့် ဘာစီလိုနာအသင်း ဟာ ဗီဒယ်လ် Vidal ကိုခေါ်ယူပြီး ကွင်းလယ်ကိုအားပြန်ဖြည့်ခဲ့တာပဲဖြစ်ပါတယ်။

Vidal

Vidal

ဗီဒယ်လ် Vidal ဟာ ဘာစီလိုနာအသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဗီဒယ်လ် Vidal ဟာ ဂျူဗင်တပ်စ် ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာကစားစဉ်က အောင်မြင်မှုတွေများစွာရရှိခဲ့ပြီး အတွေ့အကြုံများပြားတဲ့ ကွင်းလယ်ကစားသမားတစ်ဦးလည်းဖြစ်တာကြောင့် သူ့ရဲ့ အတွေ့အကြုံကောင်းတွေက ဘာစီလိုနာအသင်းကို အထောက်အကူဖြစ်စေမှာကတော့ အမှန်ပဲဖြစ်ပါတယ်။

Vidal-could-also-be-seen-wearing-a-club-t-shirt-and-clutching-a-Barcelona-ball-in-the-shoot

Vidal-could-also-be-seen-wearing-a-club-t-shirt-and-clutching-a-Barcelona-ball-in-the-shoot

ဗီဒယ်လ် Vidal က ” ဒါဟာ အိမ်မက်တစ်ခုပါ ကျွန်တော်ဒီကိုရောက်လာတာ ဆုလားတွေရယူဖို့ဖြစ်ပြီး ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ထားပါတယ် ကစားတဲ့ပွဲတိုင်းအနိုင်ရဖို့ ကြိုးစားသွားမှာပါ မက်ဆီ Messi ၊ ဆွာရက်ဇ် Suárez ၊ ဘူးစကွက်စ် Busquets တို့နဲ့တွဲကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ် သူတို့တွေက ကစားသမားကောင်းတွေပါ ” လို့ပြောကြားခဲ့ပါတယ်။

ဗီဒယ်လ် Vidal ရဲ့ကလပ်အသင်းကစားသမားဘဝ အောင်မြင်မှုများ

Colo-Colo

Chilean Primera División: A-2006, C-2006, A-2007
Copa Sudamericana: Runner-up 2006

Juventus

Serie A: 2011–12, 2012–13, 2013–14, 2014–15
Coppa Italia: 2014–15
Supercoppa Italiana: 2012, 2013
UEFA Champions League: Runner-up 2014–15

Bayern Munich

Bundesliga: 2015–16, 2016–17, 2017–18
DFB-Pokal: 2015–16
DFL-Supercup: 2016, 2017
REF: Daily Mail
Photo: PrensaFútbol , 10z Soccer , AlAireLibre.cl
Ko Kyue(Akhayar)
www.akhayar.com