[Zawgyi]

အလစ္သုတ္သမားေတြကို တားဆီးတဲ့ ဝန္ထမ္းေတြကို အလုပ္ျဖဳတ္မယ့္ Victoria’s Secret

Victoria’s Secret Shoplifting လို႔ Google မွာ ရိုက္ခ်လိုက္တာနဲ႔ အေမရိကန္ႏုိင္ငံတဝွမ္းမွာရွိတဲ့ Victoria’s Secret ဆုိင္ေတြက အလစ္သုတ္မႈေတြကို အမ်ားၾကီးရွာေဖြေတြ႔ရွိမွာ ျဖစ္ပါတယ္။ နယူးဟမ့္ရႈိင္းယားမွာရွိတဲ့ Victoria’s Secret ဝန္ထမ္းေတြရဲ႕ေျပာၾကားခ်က္အရေတာ့ ၆,၅၁၄ ေဒၚလာဖိုး အတြင္းခံအဝတ္အထည္ေတြဟာ အခုိးခံလိုက္ရတယ္လို႔ ဆုိပါတယ္။

ဝန္ထမ္းေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီလို အလစ္သုတ္ခံရမႈ၊ အခုိးခံရမႈဟာ Victoria’s Secret ဆိုင္ေတြအတြက္ အထူးအဆန္းမဟုတ္ေတာ့ဘဲ ပံုမွန္လိုေတာင္ ျဖစ္လာျပီလို႔ သိရပါတယ္။ ဖေလာ္ရီဒါေတာင္ပိုင္းက Victoria’s Secret ဆိုင္မွာ အလုပ္လုပ္တဲ့ Bra Specialist တစ္ေယာက္ကေတာ့ သူ႔အေနနဲ႔ အလစ္သုတ္သမားေတြကို ေန႔တုိင္းလို ေတြ႔ေနရတဲ့အတြက္ ထူးျပီးေတာ့ မဆန္းေတာ့ဘူးလို႔ ဆုိပါတယ္။

ဒီလို မၾကာခဏအလစ္သုတ္မႈေတြ ေတြ႔ေနရေပမယ့္လည္း သူ႔အေနနဲ႔ ဘာမွေတာ့ လုပ္လုိ႔ မရပါဘူး။ ဘာလို႔လဲဆိုေတာ့ Victoria’s Secret ရဲ႕ တင္းက်ပ္တဲ့ မူဝါဒအရ ဝန္ထမ္းေတြဟာ ဘယ္နည္းနဲ႔မွ အလစ္သုတ္သမားေတြကို စြပ္စြဲျခင္း၊ သြားေျပာျခင္း၊ ယိုးစြပ္ျခင္း မျပဳလုပ္ရပါဘူးတဲ့။ဘာလို႔ပါလဲ။

အလစ္သုတ္သမားကို ဖမ္းမိတဲ့ အေရာင္းသမားေတြဟာ အလုပ္ျဖဳတ္ခံရႏုိင္ပါတယ္

Victoria’s Secret ရဲ႕ကိုယ္စားလွယ္တစ္ေယာက္က ေျပာခဲ့တာကေတာ့ “အေရာင္းသမားေတြဟာ အလစ္သုတ္သမားေတြကို တုိက္ရိုက္သြားေျပာခြင့္မရွိပါဘူး၊ တကယ္လို႔ သူတို႔ဟာ အလစ္သုတ္သမားကို ေတြ႔ရင္ လံုျခံဳေရး၊ ဒါမွမဟုတ္ Protection Team ကို သြားေျပာဖို႔ပဲ ရွိပါတယ္။

ပိုၾကီးတဲ့ ဆုိင္ေတြမွာေတာ့ ဆံုးရံႈးမႈကာကြယ္ေရးအဖြဲ႔ဆုိတာမ်ိဳးရွိျပီး ေစ်းဝယ္သူေတြ မျမင္ႏုိ္င္တဲ့ေနရာမွာ ဥပမာ CCTV ခန္းမွာ ရွိေနေလ့ရွိပါတယ္။ တခ်ိဳ႕ဆုိင္ေတြမွာေတာ့ အေပါက္ဝမွာတင္ လံုျခံဳေရးအေစာင့္တစ္ေယာက္ရွိျပီးသားပါ။

အေရာင္းသမားေတြလုပ္ႏုိင္တဲ့ တစ္ခ်က္ကေတာ့ အလစ္သုတ္သမား ယူသြားတဲ့အခ်ိန္နဲ႔ ေနရာကို မွတ္ျပီး မန္ေနဂ်ာကို ျပန္ေျပာဖို႔ပါပဲ။ တကယ္လို႔ အဲဒီစည္းကမ္းအတုိင္းမလိုက္နာဘဲ ကိုယ့္ဘာသာကိုယ္ အလစ္သုတ္သမားကို သြားေျပာရင္ေတာ့ အလုပ္ထုတ္ခံရဖို႔ ရွိေနပါတယ္။

“ဘယ္ေလာက္ပစၥည္းတန္ဖိုးမ်ားမ်ားကို ယူယူ၊ အလစ္သုတ္သမားဘယ္ေလာက္မ်ားမ်ား မူဝါဒကို မလိုက္နာရင္ေတာ့ ကၽြန္မတို႔ အလုပ္ထုတ္ခံရဖြယ္ရွိပါတယ္” လို႔ ကယ္လီဖိုးနီးယားဆုိင္မွာ လုပ္ခဲ့ဖူးတဲ့ ဝန္ထမ္းေဟာင္းတစ္ေယာက္က ေျပာခဲ့ပါတယ္။

“တခ်ိဳ႕အလစ္သုတ္သမားေတြဆုိရင္ အပတ္တုိင္းလာျပီး ငါဒီကေန တခ်ိန္လံုး ခုိးေနတာလို႔ မ်က္ႏွာေျပာင္ေျပာင္နဲ႔ ေျပာတာေတာင္ ၾကံဳဖူးပါတယ္။ တခ်ိဳ႕ဆုိ ကၽြန္မကို တည့္တည့္ၾကည့္ျပီး အိတ္ထဲ ၆၈ ေဒၚလာတန္ ေရေမႊးထည့္သြားတာေတာင္ ၾကံဳရပါေသးတယ္” လို႔ သူ႔ရဲ႕ အေတြ႔အၾကံဳကို ေျပာခဲ့ပါတယ္။

မွားယြင္းစြပ္စြဲမိမွာ စိုးတာေၾကာင့္လည္း ျဖစ္ပါတယ္

Victoria’s Secret ရဲ႕ မူဝါဒဟာ ဝန္ထမ္းေတြရဲ႕ လံုျခံဳေရးအတြက္ ဦးတည္တယ္ဆုိေပမယ့္ ေစ်းဝယ္သူတစ္ေယာက္ကို မွားယြင္းစြပ္စြဲမိမွာ စိုးရိမ္တာေၾကာင့္လည္း ပါဝင္ပါတယ္။

ဒီလို မူဝါဒမ်ိဳးကို Walmart နဲ႔ Macy’s လို Brand ေတြမွာလည္း ရွိျပီး အေရာင္းဝန္ထမ္းေတြဟာ တစ္ခုခုဆိုရင္ ဘာမွ မလုပ္ေသးဘဲ မန္ေနဂ်ာကိုျဖစ္ျဖစ္၊ ဒါမွမဟုတ္ Asset Protection Team ကိုပဲ ျဖစ္ျဖစ္ သတင္းပို႔ရပါတယ္။ ဒါေပမယ့္ ဒီစည္းကမ္းကို မလုိက္နာရင္ ဝန္ထမ္းေတြကို အလုပ္ျဖဳတ္မယ္လို႔ေတာ့ ေသေသခ်ာခ်ာ မေျပာထားပါဘူး။

Victoria’s Secret ဝန္ထမ္းေနာက္တစ္ေယာက္ကေတာ့ ” အလစ္သုတ္သမားေတြဟာ စတိုးဆုိင္ကိုလာ ပစၥည္းေတြခုိးျပီး တစ္ခါတေလ အဲ့ဒီပစၥညး္နဲ႔ပဲ Refund ျပန္လာေတာင္းတာေတာင္ ရွိပါရဲ႕” တဲ့။ အဲဒီလို လုပ္တာေတာင္ စြပ္စြဲလို႔ မရဘဲ Refund ေတာင္ ျပန္ေပးရတယ္လုိ႔ ဆုိပါတယ္။

ဒီလိုၾကီး လႊတ္ထားေပးေတာ့ ဝန္ထမ္းေတြဟာ သူတို႔ အလုပ္ကို ေလးေလးနက္နက္လုပ္ခ်င္စိတ္ေပ်ာက္ေစျပီး ေစ်းဝယ္သူေတြက ဝန္ထမ္းေတြကို အဖတ္ေတာင္မလုပ္ေတာ့ပါဘူး။

ေနာက္တစ္ခ်က္ကေတာ့ အလစ္သုတ္သမားေတြဟာ ဂိုဏ္းဖြဲ႔လာတတ္တာေၾကာင့္ပါ

တခ်ိဳ႕အလစ္သုတ္သမားေတြဟာ ရန္မူတတ္ၾကျပီး တခ်ိဳ႕ဆို Professional အဆင့္ေတြပါ။ ဟိုတေလာက  ၾကားလိုက္ရတဲ့ Apple Store မွာ အုပ္စုလုိက္ၾကီး ဝင္မသြားသလို သူတို႔ဟာလည္း အုပ္စုလိုက္ ဝင္လာျပီး စင္ေတြ အကုန္လံုး အေျပာင္ရွင္းေကာက္ထည့္သြားတာမ်ိဳးအထိ ၾကံဳေနရပါျပီ။

အရင္ကဆို အလစ္သုတ္သမားေတြဟာ ဝင္တယ္၊ ရတာနဲ႔ ယူတယ္ဆိုရုံအဆင့္မဟုတ္ေတာ့ဘဲ အခုဆို လူကို ရန္ျပဳတာနဲ႔ ေသနတ္ေတြေတာင္ပါလာၾကပါျပီ။ တခ်ိဳ႕ဆို ဝန္ထမ္းက တားရင္ ကားပါကင္မွာ ျပန္ေစာင့္ျပီး ထြက္လာမွ ရန္မူတာေတာင္ ရွိပါေသးတယ္။ ဒါေၾကာင့္ Victoria’s Secret ရဲ႕ မူဝါဒဟာ ဝန္ထမ္းေတြကို ကာကြယ္ေပးဖို႔အတြက္ အဓိက ျဖစ္ပါတယ္။

အေရာင္းဆုိင္ေတြက ၾကီးမားမား်ျပားလြန္းတာ

အတြင္းခံပစၥည္းေတြဆုိေတာ့ သိတဲ့အတုိင္း္ ေသးငယ္ေပါ့ပါးျပီး ေတာ္ေတာ္မ်ားမ်ားမွာ Electronic Tags လည္းမပါတဲ့အတြက္ သူခုိးေတြဟာ အသာေလးျဖဳတ္ျပီး ယူသြားႏုိင္ေနတာပါ။ ဒီလို သူခုိးေတြ၊ အလစ္သုတ္သမားေတြရဲ႕ ဒဏ္ေၾကာင့္ တစ္ႏွစ္တာပ်မ္းမွ် ေရာင္းခ်ရမႈရဲ႕ ၁.၃၃ ရာခုိင္ႏႈန္းဟာ ဆံုးရံႈးေနရပါတယ္။

ဒီလို အလစ္သုတ္လို႔ ရလာတဲ့ ပစၥည္းေတြကို eBay လို ေနရာမွာ လြယ္လြယ္တင္ေရာင္းလို႔ ရတာေၾကာင့္လည္း အလစ္သုတ္မႈေတြ ေပါလာတာပါ။

လက္လီေရာင္းဝယ္သူမ်ားအသင္းရဲ႕ Executive Vice President ျဖစ္တဲ့ Jason Brewer ကေတာ့ “လက္လီအေရာင္းဆုိင္နဲ႔ ဥပေဒအရာရွိေတြက ဘယ္လိုပဲ ပူးတြဲျပီး ဒီအျဖစ္ေတြကို တားျမစ္ေပမယ့္လည္း ခုိုးရာပါပစၥည္းလက္ခံေရာင္းခ်လုိ႔ရတဲ့ Sites ေတြ ရွိေနသေရြ႕ ဒီအမႈေတြ တုိးပြားလာဦးမွာပဲ”လို႔ ေျပာျပခဲ့ပါတယ္။

ဒီလိုနဲ႔ Victoria’s Secret မွာ လုပ္တဲ့ ဝန္ထမ္းေတြကေတာ့ အေတာ္မေခ်ာင္ဘဲ အလစ္သုတ္သမားေတြကို ဒီတုိင္းလက္ပိုက္ၾကည့္ေနရပါေတာ့တယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider
[Unicode]

အလစ်သုတ်သမားတွေကို တားဆီးတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်မယ့် Victoria’s Secret

Victoria’s Secret Shoplifting လို့ Google မှာ ရိုက်ချလိုက်တာနဲ့ အမေရိကန်နိုင်ငံတဝှမ်းမှာရှိတဲ့ Victoria’s Secret ဆိုင်တွေက အလစ်သုတ်မှုတွေကို အများကြီးရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်။ နယူးဟမ့်ရှိုင်းယားမှာရှိတဲ့ Victoria’s Secret ဝန်ထမ်းတွေရဲ့ပြောကြားချက်အရတော့ ၆,၅၁၄ ဒေါ်လာဖိုး အတွင်းခံအဝတ်အထည်တွေဟာ အခိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရတော့ ဒီလို အလစ်သုတ်ခံရမှု၊ အခိုးခံရမှုဟာ Victoria’s Secret ဆိုင်တွေအတွက် အထူးအဆန်းမဟုတ်တော့ဘဲ ပုံမှန်လိုတောင် ဖြစ်လာပြီလို့ သိရပါတယ်။ ဖလော်ရီဒါတောင်ပိုင်းက Victoria’s Secret ဆိုင်မှာ အလုပ်လုပ်တဲ့ Bra Specialist တစ်ယောက်ကတော့ သူ့အနေနဲ့ အလစ်သုတ်သမားတွေကို နေ့တိုင်းလို တွေ့နေရတဲ့အတွက် ထူးပြီးတော့ မဆန်းတော့ဘူးလို့ ဆိုပါတယ်။

ဒီလို မကြာခဏအလစ်သုတ်မှုတွေ တွေ့နေရပေမယ့်လည်း သူ့အနေနဲ့ ဘာမှတော့ လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ Victoria’s Secret ရဲ့ တင်းကျပ်တဲ့ မူဝါဒအရ ဝန်ထမ်းတွေဟာ ဘယ်နည်းနဲ့မှ အလစ်သုတ်သမားတွေကို စွပ်စွဲခြင်း၊ သွားပြောခြင်း၊ ယိုးစွပ်ခြင်း မပြုလုပ်ရပါဘူးတဲ့။ဘာလို့ပါလဲ။

အလစ်သုတ်သမားကို ဖမ်းမိတဲ့ အရောင်းသမားတွေဟာ အလုပ်ဖြုတ်ခံရနိုင်ပါတယ်

Victoria’s Secret ရဲ့ကိုယ်စားလှယ်တစ်ယောက်က ပြောခဲ့တာကတော့ “အရောင်းသမားတွေဟာ အလစ်သုတ်သမားတွေကို တိုက်ရိုက်သွားပြောခွင့်မရှိပါဘူး၊ တကယ်လို့ သူတို့ဟာ အလစ်သုတ်သမားကို တွေ့ရင် လုံခြုံရေး၊ ဒါမှမဟုတ် Protection Team ကို သွားပြောဖို့ပဲ ရှိပါတယ်။

ပိုကြီးတဲ့ ဆိုင်တွေမှာတော့ ဆုံးရှုံးမှုကာကွယ်ရေးအဖွဲ့ဆိုတာမျိုးရှိပြီး ဈေးဝယ်သူတွေ မမြင်နိုင်တဲ့နေရာမှာ ဥပမာ CCTV ခန်းမှာ ရှိနေလေ့ရှိပါတယ်။ တချို့ဆိုင်တွေမှာတော့ အပေါက်ဝမှာတင် လုံခြုံရေးအစောင့်တစ်ယောက်ရှိပြီးသားပါ။

အရောင်းသမားတွေလုပ်နိုင်တဲ့ တစ်ချက်ကတော့ အလစ်သုတ်သမား ယူသွားတဲ့အချိန်နဲ့ နေရာကို မှတ်ပြီး မန်နေဂျာကို ပြန်ပြောဖို့ပါပဲ။ တကယ်လို့ အဲဒီစည်းကမ်းအတိုင်းမလိုက်နာဘဲ ကိုယ့်ဘာသာကိုယ် အလစ်သုတ်သမားကို သွားပြောရင်တော့ အလုပ်ထုတ်ခံရဖို့ ရှိနေပါတယ်။

“ဘယ်လောက်ပစ္စည်းတန်ဖိုးများများကို ယူယူ၊ အလစ်သုတ်သမားဘယ်လောက်များများ မူဝါဒကို မလိုက်နာရင်တော့ ကျွန်မတို့ အလုပ်ထုတ်ခံရဖွယ်ရှိပါတယ်” လို့ ကယ်လီဖိုးနီးယားဆိုင်မှာ လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတစ်ယောက်က ပြောခဲ့ပါတယ်။

“တချို့အလစ်သုတ်သမားတွေဆိုရင် အပတ်တိုင်းလာပြီး ငါဒီကနေ တချိန်လုံး ခိုးနေတာလို့ မျက်နှာပြောင်ပြောင်နဲ့ ပြောတာတောင် ကြုံဖူးပါတယ်။ တချို့ဆို ကျွန်မကို တည့်တည့်ကြည့်ပြီး အိတ်ထဲ ၆၈ ဒေါ်လာတန် ရေမွှေးထည့်သွားတာတောင် ကြုံရပါသေးတယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။

မှားယွင်းစွပ်စွဲမိမှာ စိုးတာကြောင့်လည်း ဖြစ်ပါတယ်

Victoria’s Secret ရဲ့ မူဝါဒဟာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဦးတည်တယ်ဆိုပေမယ့် ဈေးဝယ်သူတစ်ယောက်ကို မှားယွင်းစွပ်စွဲမိမှာ စိုးရိမ်တာကြောင့်လည်း ပါဝင်ပါတယ်။

ဒီလို မူဝါဒမျိုးကို Walmart နဲ့ Macy’s လို Brand တွေမှာလည်း ရှိပြီး အရောင်းဝန်ထမ်းတွေဟာ တစ်ခုခုဆိုရင် ဘာမှ မလုပ်သေးဘဲ မန်နေဂျာကိုဖြစ်ဖြစ်၊ ဒါမှမဟုတ် Asset Protection Team ကိုပဲ ဖြစ်ဖြစ် သတင်းပို့ရပါတယ်။ ဒါပေမယ့် ဒီစည်းကမ်းကို မလိုက်နာရင် ဝန်ထမ်းတွေကို အလုပ်ဖြုတ်မယ်လို့တော့ သေသေချာချာ မပြောထားပါဘူး။

Victoria’s Secret ဝန်ထမ်းနောက်တစ်ယောက်ကတော့ ” အလစ်သုတ်သမားတွေဟာ စတိုးဆိုင်ကိုလာ ပစ္စည်းတွေခိုးပြီး တစ်ခါတလေ အဲ့ဒီပစ္စည်းနဲ့ပဲ Refund ပြန်လာတောင်းတာတောင် ရှိပါရဲ့” တဲ့။ အဲဒီလို လုပ်တာတောင် စွပ်စွဲလို့ မရဘဲ Refund တောင် ပြန်ပေးရတယ်လို့ ဆိုပါတယ်။

ဒီလိုကြီး လွှတ်ထားပေးတော့ ဝန်ထမ်းတွေဟာ သူတို့ အလုပ်ကို လေးလေးနက်နက်လုပ်ချင်စိတ်ပျောက်စေပြီး ဈေးဝယ်သူတွေက ဝန်ထမ်းတွေကို အဖတ်တောင်မလုပ်တော့ပါဘူး။

နောက်တစ်ချက်ကတော့ အလစ်သုတ်သမားတွေဟာ ဂိုဏ်းဖွဲ့လာတတ်တာကြောင့်ပါ

တချို့အလစ်သုတ်သမားတွေဟာ ရန်မူတတ်ကြပြီး တချို့ဆို Professional အဆင့်တွေပါ။ ဟိုတလောက  ကြားလိုက်ရတဲ့ Apple Store မှာ အုပ်စုလိုက်ကြီး ဝင်မသွားသလို သူတို့ဟာလည်း အုပ်စုလိုက် ဝင်လာပြီး စင်တွေ အကုန်လုံး အပြောင်ရှင်းကောက်ထည့်သွားတာမျိုးအထိ ကြုံနေရပါပြီ။

အရင်ကဆို အလစ်သုတ်သမားတွေဟာ ဝင်တယ်၊ ရတာနဲ့ ယူတယ်ဆိုရုံအဆင့်မဟုတ်တော့ဘဲ အခုဆို လူကို ရန်ပြုတာနဲ့ သေနတ်တွေတောင်ပါလာကြပါပြီ။ တချို့ဆို ဝန်ထမ်းက တားရင် ကားပါကင်မှာ ပြန်စောင့်ပြီး ထွက်လာမှ ရန်မူတာတောင် ရှိပါသေးတယ်။ ဒါကြောင့် Victoria’s Secret ရဲ့ မူဝါဒဟာ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့အတွက် အဓိက ဖြစ်ပါတယ်။

အရောင်းဆိုင်တွေက ကြီးမားမားျပြားလွန်းတာ

အတွင်းခံပစ္စည်းတွေဆိုတော့ သိတဲ့အတိုင်း သေးငယ်ပေါ့ပါးပြီး တော်တော်များများမှာ Electronic Tags လည်းမပါတဲ့အတွက် သူခိုးတွေဟာ အသာလေးဖြုတ်ပြီး ယူသွားနိုင်နေတာပါ။ ဒီလို သူခိုးတွေ၊ အလစ်သုတ်သမားတွေရဲ့ ဒဏ်ကြောင့် တစ်နှစ်တာပျမ်းမျှ ရောင်းချရမှုရဲ့ ၁.၃၃ ရာခိုင်နှုန်းဟာ ဆုံးရှုံးနေရပါတယ်။

ဒီလို အလစ်သုတ်လို့ ရလာတဲ့ ပစ္စည်းတွေကို eBay လို နေရာမှာ လွယ်လွယ်တင်ရောင်းလို့ ရတာကြောင့်လည်း အလစ်သုတ်မှုတွေ ပေါလာတာပါ။

လက်လီရောင်းဝယ်သူများအသင်းရဲ့ Executive Vice President ဖြစ်တဲ့ Jason Brewer ကတော့ “လက်လီအရောင်းဆိုင်နဲ့ ဥပဒေအရာရှိတွေက ဘယ်လိုပဲ ပူးတွဲပြီး ဒီအဖြစ်တွေကို တားမြစ်ပေမယ့်လည်း ခိုးရာပါပစ္စည်းလက်ခံရောင်းချလို့ရတဲ့ Sites တွေ ရှိနေသရွေ့ ဒီအမှုတွေ တိုးပွားလာဦးမှာပဲ”လို့ ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ Victoria’s Secret မှာ လုပ်တဲ့ ဝန်ထမ်းတွေကတော့ အတော်မချောင်ဘဲ အလစ်သုတ်သမားတွေကို ဒီတိုင်းလက်ပိုက်ကြည့်နေရပါတော့တယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider