[Zawgyi]

ေဒၚလာတစ္သန္းတန္ Bra ဝတ္ခြင္႔ရတဲ႔ Victoria Secret ေမာ္ဒယ္လ္ Elsa Hosk

Elsa Hosk ဟာ ၁၉၈၈ ခုနစ္ ႏိုဝင္ဘာလ (၇) ရက္ မွာ ေမြးဖြားခဲ႔သူ Swedish ေမာ္ဒယ္လ္တစ္ဦးျဖစ္ၿပီး လက္ရွိမွာေတာ့ Victoria Secret ေမာ္ဒယ္လ္တစ္ဦးအျဖစ္ ေလ်ွာက္လွမ္းေနသူ ျဖစ္ပါတယ္။ဒါ့အျပင္ သူမဟာ Dior အပါအဝင္ တျခား နာမည္ႀကီး Brand ေတြျဖစ္တဲ႔ Dolce & Gabbana ၊ Free People ၊ Ungaro ၊ H&M ၊ Anna Sui ၊ Lilly Pulitzer နဲ႔ Guess တို႔နဲ႔တဲြၿပီး အလုပ္လုပ္ကိိုင္ေနသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ နာမည္ႀကီး Brand Campaign ေတြမွာလည္း ပါဝင္လႈပ္ရွားေနသူတစ္ဦး ျဖစ္ပါတယ္။

Elsa Hosk

Elsa Hosk

၂၀၁၅ ခုနစ္မွာေတာ့ Victoria Secret Angel (၁၀) ေယာက္စာရင္းထဲမွာ သူမပါဝင္လာၿပီး Angel အျဖစ္ ေလွ်ာက္လမ္းထက္မွာ ၾကြၾကြရြရြလွ်ာက္လွမ္းတာကို ေတြ႔ျမင္ရပါတယ္။ သူမဟာ ေမာ္ဒယ္လ္အျဖစ္မေလွ်ာက္လွမ္းခင္တုန္းက Sweden မွာ ပေရာ္ဖက္ရွင္နယ္ Basketball ကစားေနတဲ႔ ကစားသမားတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

Elsa Hosk playing basketball

Elsa Hosk playing basketball

Sweden မွာ ႀကီးျပင္းခဲ႔တဲ႔ သူမရဲ႕ ေမာ္ဒယ္လ္ခရီးလမ္းအစကို သူမဖခင္က တင္ေပးခဲ႔တယ္လို႔ ေျပာလို႔ရပါတယ္။ သူမဖခင္ဟာ အသက္(၁၃) ႏွစ္အရြယ္ သူမဓာတ္ပံုေတာ္ေတာ္မ်ားမ်ားကို Sweden ရွိ ေမာ္ဒယ္လ္ေအဂ်င္စီေတာ္ေတာ္မ်ားမ်ားမွာ တင္ေပးခဲ႔ရာကေန ေမာ္ဒယ္လ္လမ္းေၾကာင္းေပၚ ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။ သူမဟာ အသက္(၁၄) ႏွစ္အရြယ္ကတည္းက ေမာ္ဒယ္လ္အျဖစ္ စတင္လုပ္ကိုင္ေနခဲ႔သူပါ။ High School မွာ စာကိုအာရုံစိုက္လုပ္ရမယ့္အစား ေမာ္ဒယ္လ္လမ္းေၾကာင္းကိုသာ ေလွ်ာက္လွမ္းမယ္ဆိုၿပီး ဆံုးျဖတ္ကာ ဘဝရဲ႕ Career ကို ေရြးခ်ယ္ခဲ႔သူ ျဖစ္ပါတယ္။ အဲဒီလုိ ေရြးခ်ယ္ခဲ့တဲ႔သူမဟာ ဆယ္ေက်ာ္သက္ဘဝမွာကတည္းက Guess လိုကုမၸဏီမ်ဳိးနဲ႔သာမက တျခား နာမည္ႀကီး ကုမၸဏီမ်ဳိးေတြနဲ႔ပါ လက္တဲြၿပီး လုပ္ကုိင္ခြင့္ ရရွိခဲ႔သူျဖစ္ပါတယ္။

Elsa Hosk

Elsa Hosk

ငယ္ငယ္ရြယ္ရြယ္နဲ႔ ေမာ္ဒယ္လ္ဘဝကုိ ေရြးခ်ယ္ခဲ႔ေသာ္လည္း စာဘက္မွာလည္း မလစ္ဟင္းေအာင္ ႀကိဳးစားခဲ႔ၿပီး ဘဲြ႔ရေအာင္ ယူခဲ့သူလည္း ျဖစ္ပါတယ္။ ဘဲြ႔ရၿပီးတဲ႔ေနာက္မွာေတာ့ Swedish အမ်ဳိးသမီးဘတ္စေကာလိဂ္မွာ ဘတ္စကတ္ေဘာကစားသမားအျဖစ္ ကစားဖို႔ Career ကို ေျပာင္းလဲေရြးခ်ယ္ခဲ့ပါေသးတယ္။ ေမာ္ဒယ္လ္ျဖစ္ဖို႔ ကံပါလာတဲ႔သူမဟာ ဘတ္စကတ္ေဘာကစားသမားအျဖစ္ Career ေျပာင္းလဲေရြးခ်ယ္ခဲ႔ၿပီး (၂) ႏွစ္နီးပါးအထိ ကစားခဲ႔ေသာ္လည္း အဆံုးသတ္မွာ ေမာ္ဒယ္လ္လမ္းေၾကာင္းေပၚ ျပန္လည္တက္လွမ္းဖို႔အတြက္ ကစားသမားဘဝကို စြန္႔လႊတ္လိုက္ရပါတယ္။ေမာ္ဒယ္လ္နဲ႔ပတ္သက္ၿပီး အလုပ္ကမ္းလွမ္းမႈေတြ အမ်ားႀကီးရရွိလာတဲ႔အခါ Sweden ကေန New York ၿမိဳ႕ကို ေျပာင္းေရႊ႕ေနထိုင္ကာ ေမာ္ဒယ္လ္အလုပ္ကို အခ်ိန္ျပည့္ အားသြန္ခြန္စိုက္ လုပ္ကိုင္ခဲ႔ပါတယ္။

Elsa Hosk and Victoria Secret Fantasy Bra

Elsa Hosk and Victoria Secret Fantasy Bra

Victoria Secret မွာ ေမာ္ဒယ္လ္အျဖစ္ ေလွ်ာက္လွမ္းျဖစ္ခဲ့ပံုကို စာေရးဆရာေတြေရးသားခဲ႔တာေတြအရ Guess Campaign အတြက္ ဓာတ္ပံုရုိက္ရင္းကေန ဓာတ္ပံုဆရာ Ellen Von Unwerth နဲ႔ တဲြမိၿပီး Victoria Secret ေလွ်ာက္လွမ္းေပၚကို ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။

Models.com ရဲ႕ List အရဆို သူမဟာ စဲြေဆာင္မႈအရွိဆံုး ထိပ္တန္းေမာ္ဒယ္လ္စာရင္းထဲမွာ နံပါတ္ (၁၅) ခ်ိတ္သူ ျဖစ္ပါတယ္။ Victoria Secret မွာ ပင္တုိင္ေမာ္ဒယ္လ္အျဖစ္ ေလွ်ာက္လွမ္းရင္းကေန ၂၀၁၈ ခုနစ္ ႏုိဝင္ဘာလ (၈) ရက္ေန႔ New York ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ႔တဲ႔ Victoria Secret Fashion Show ပဲြမွာ ေဒၚလာတစ္သန္းတန္ “Dream Angels” Fantasy Bra ကို ဝတ္ဆင္ခြင့္ရခဲ႔သူလည္း ျဖစ္ပါတယ္။ ဒီ Bra ကို ဒီဇုိင္းျပဳလုပ္ေပးခဲ႔သူကေတာ့ Atelier Swarovski ျဖစ္ၿပီး တန္ဖိုးႀကီးစိန္ေတြေပါင္း ၂၁၀၀ ေက်ာ္နဲ႔ ဖန္တီးျပဳလုပ္ထားပါတယ္။

Elsa Hosk and Fantasy Bra

Elsa Hosk and Fantasy Bra

အခုုခ်ိန္မွာ သူမဟာ အသက္(၃၀) အရြယ္ထဲကို ခ်ဥ္းနင္းဝင္ေရာက္လာေနေပမယ့္လည္း ႏွစ္ဆယ္ေက်ာ္အရြယ္ ေမာ္ဒယ္လ္ေလးေတြနဲ႔ သူလားငါလား ထင္မွတ္ရေလာက္ေအာင္ ႏုပ်ဳိေနၿပီး ခႏၶာကိုယ္အခ်ုဳိးအစားကလည္း ပုရိသတို႔အႀကိဳက္ အခ်ဳိးအစားပိုင္ရွင္အျဖစ္ ထိန္းထားႏိုင္သူ ျဖစ္ပါတယ္။ ငယ္ငယ္ရြယ္ရြယ္န႔ဲ ေမာ္ဒယ္လ္ေလာကထဲကို ေရာက္ရွိလာတဲ႔သူမဟာ ဆယ္စုနစ္တစ္ခုၾကာတဲ႔အထိ သူမရဲ႕ Career ကို ေကာင္းေကာင္းမြန္မြန္ ထိန္းထားႏိုင္တာကေတာ့ အတုယူေလးစားစရာေကာင္းလွပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဒေါ်လာတစ်သန်းတန် Bra ဝတ်ခွင့်ရတဲ့ Victoria Secret မော်ဒယ်လ် Elsa Hosk

Elsa Hosk ဟာ ၁၉၈၈ ခုနစ် နိုဝင်ဘာလ (၇) ရက် မှာ မွေးဖွားခဲ့သူ Swedish မော်ဒယ်လ်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ Victoria Secret မော်ဒယ်လ်တစ်ဦးအဖြစ် လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။ဒါ့အပြင် သူမဟာ Dior အပါအဝင် တခြား နာမည်ကြီး Brand တွေဖြစ်တဲ့ Dolce & Gabbana ၊ Free People ၊ Ungaro ၊ H&M ၊ Anna Sui ၊ Lilly Pulitzer နဲ့ Guess တို့နဲ့တွဲပြီး အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ နာမည်ကြီး Brand Campaign တွေမှာလည်း ပါဝင်လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါတယ်။

Elsa Hosk

Elsa Hosk

၂၀၁၅ ခုနစ်မှာတော့ Victoria Secret Angel (၁၀) ယောက်စာရင်းထဲမှာ သူမပါဝင်လာပြီး Angel အဖြစ် လျှောက်လမ်းထက်မှာ ကြွကြွရွရွလျှာက်လှမ်းတာကို တွေ့မြင်ရပါတယ်။ သူမဟာ မော်ဒယ်လ်အဖြစ်မလျှောက်လှမ်းခင်တုန်းက Sweden မှာ ပရော်ဖက်ရှင်နယ် Basketball ကစားနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

Elsa Hosk playing basketball

Elsa Hosk playing basketball

Sweden မှာ ကြီးပြင်းခဲ့တဲ့ သူမရဲ့ မော်ဒယ်လ်ခရီးလမ်းအစကို သူမဖခင်က တင်ပေးခဲ့တယ်လို့ ပြောလို့ရပါတယ်။ သူမဖခင်ဟာ အသက်(၁၃) နှစ်အရွယ် သူမဓာတ်ပုံတော်တော်များများကို Sweden ရှိ မော်ဒယ်လ်အေဂျင်စီတော်တော်များများမှာ တင်ပေးခဲ့ရာကနေ မော်ဒယ်လ်လမ်းကြောင်းပေါ် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ သူမဟာ အသက်(၁၄) နှစ်အရွယ်ကတည်းက မော်ဒယ်လ်အဖြစ် စတင်လုပ်ကိုင်နေခဲ့သူပါ။ High School မှာ စာကိုအာရုံစိုက်လုပ်ရမယ့်အစား မော်ဒယ်လ်လမ်းကြောင်းကိုသာ လျှောက်လှမ်းမယ်ဆိုပြီး ဆုံးဖြတ်ကာ ဘဝရဲ့ Career ကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ခဲ့တဲ့သူမဟာ ဆယ်ကျော်သက်ဘဝမှာကတည်းက Guess လိုကုမ္ပဏီမျိုးနဲ့သာမက တခြား နာမည်ကြီး ကုမ္ပဏီမျိုးတွေနဲ့ပါ လက်တွဲပြီး လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်ပါတယ်။

Elsa Hosk

Elsa Hosk

ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်လ်ဘဝကို ရွေးချယ်ခဲ့သော်လည်း စာဘက်မှာလည်း မလစ်ဟင်းအောင် ကြိုးစားခဲ့ပြီး ဘွဲ့ရအောင် ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ Swedish အမျိုးသမီးဘတ်စကောလိဂ်မှာ ဘတ်စကတ်ဘောကစားသမားအဖြစ် ကစားဖို့ Career ကို ပြောင်းလဲရွေးချယ်ခဲ့ပါသေးတယ်။ မော်ဒယ်လ်ဖြစ်ဖို့ ကံပါလာတဲ့သူမဟာ ဘတ်စကတ်ဘောကစားသမားအဖြစ် Career ပြောင်းလဲရွေးချယ်ခဲ့ပြီး (၂) နှစ်နီးပါးအထိ ကစားခဲ့သော်လည်း အဆုံးသတ်မှာ မော်ဒယ်လ်လမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းဖို့အတွက် ကစားသမားဘဝကို စွန့်လွှတ်လိုက်ရပါတယ်။မော်ဒယ်လ်နဲ့ပတ်သက်ပြီး အလုပ်ကမ်းလှမ်းမှုတွေ အများကြီးရရှိလာတဲ့အခါ Sweden ကနေ New York မြို့ကို ပြောင်းရွှေ့နေထိုင်ကာ မော်ဒယ်လ်အလုပ်ကို အချိန်ပြည့် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့ပါတယ်။

Elsa Hosk and Victoria Secret Fantasy Bra

Elsa Hosk and Victoria Secret Fantasy Bra

Victoria Secret မှာ မော်ဒယ်လ်အဖြစ် လျှောက်လှမ်းဖြစ်ခဲ့ပုံကို စာရေးဆရာတွေရေးသားခဲ့တာတွေအရ Guess Campaign အတွက် ဓာတ်ပုံရိုက်ရင်းကနေ ဓာတ်ပုံဆရာ Ellen Von Unwerth နဲ့ တွဲမိပြီး Victoria Secret လျှောက်လှမ်းပေါ်ကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

Models.com ရဲ့ List အရဆို သူမဟာ စွဲဆောင်မှုအရှိဆုံး ထိပ်တန်းမော်ဒယ်လ်စာရင်းထဲမှာ နံပါတ် (၁၅) ချိတ်သူ ဖြစ်ပါတယ်။ Victoria Secret မှာ ပင်တိုင်မော်ဒယ်လ်အဖြစ် လျှောက်လှမ်းရင်းကနေ ၂၀၁၈ ခုနစ် နိုဝင်ဘာလ (၈) ရက်နေ့ New York မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Victoria Secret Fashion Show ပွဲမှာ ဒေါ်လာတစ်သန်းတန် “Dream Angels” Fantasy Bra ကို ဝတ်ဆင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဒီ Bra ကို ဒီဇိုင်းပြုလုပ်ပေးခဲ့သူကတော့ Atelier Swarovski ဖြစ်ပြီး တန်ဖိုးကြီးစိန်တွေပေါင်း ၂၁၀၀ ကျော်နဲ့ ဖန်တီးပြုလုပ်ထားပါတယ်။

Elsa Hosk and Fantasy Bra

Elsa Hosk and Fantasy Bra

အခုချိန်မှာ သူမဟာ အသက်(၃၀) အရွယ်ထဲကို ချဉ်းနင်းဝင်ရောက်လာနေပေမယ့်လည်း နှစ်ဆယ်ကျော်အရွယ် မော်ဒယ်လ်လေးတွေနဲ့ သူလားငါလား ထင်မှတ်ရလောက်အောင် နုပျိုနေပြီး ခန္ဓာကိုယ်အချိုုးအစားကလည်း ပုရိသတို့အကြိုက် အချိုးအစားပိုင်ရှင်အဖြစ် ထိန်းထားနိုင်သူ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်လ်လောကထဲကို ရောက်ရှိလာတဲ့သူမဟာ ဆယ်စုနစ်တစ်ခုကြာတဲ့အထိ သူမရဲ့ Career ကို ကောင်းကောင်းမွန်မွန် ထိန်းထားနိုင်တာကတော့ အတုယူလေးစားစရာကောင်းလှပါတယ်။

H.H(Akhayar)

www.akhayar.com