Victoria Secret Model Show ပွဲကြီးကတော့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ အောင်အောင်မြင်မြင်ပြီးစီးသွားခဲ့ပါပြီ။ Victoria Secret Model Show မှာ လျှောက်ရတဲ့ မော်ဒယ်လ်တွေဟာ အောက်ခံဘရာတွေနဲ့ အတွင်းခံတွေကိုသာဝတ်ပြီး Show လျှောက်ပေးရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကော၊ရုပ်ပိုင်းဆိုင်ရာကော သန်မာအောင်လုပ်ပြီး လျှောက်ရပါတယ်။ ဘယ်လိုပဲ သူတို့နိုင်ငံဟာ ပွင့်လင်းမြင်သာမှုရှိပြီး အဖော်အချွတ်တွေ ဘယ်လောက်ပဲဝတ်ဝတ် အလုပ်လုပ်တဲ့အခါမျိုးမှာတော့ အလုပ်တာဝန်ဖြစ်တဲ့ Show ပွဲမှာ ခန္ဓာကိုယ်အချိုးအစားကျနမှုမရှိဘူးလို့ အပြစ်ပြောခံရတာမျိုး ဖြစ်မှာကိုတော့ အရမ်းကြောက်ကာ မလုံခြုံမှုတွေလည်းဖြစ်ပြီး ယုံကြည်မှုတွေ ပျက်ယွင်းတာမျိုးလည်း အများကြီး ခံစားကြရပါတယ်။ အဲဒီလိုမလုံခြုံမှုတွေကို မျက်နှာမှာမပေါ်လွင်ဘဲ ရဲရဲရင့်ရင့်နဲ့ ယုံကြည်မှုရှိရှိ လျှောက်နိုင်ဖို့က တကယ်ကို မလွယ်ပါဘူး။ ဒီလိုမလွယ်ကူတဲ့ ယုံကြည်မှုတွေကို Model မမတချို့ ဘယ်လိုတောင့်ခံကာ ယုံကြည်မှုတွေတည်ဆောက်ကြပြီး Show လျှောက်ကာ အောင်အောင်မြင်မြင် ဖြတ်သန်းကြလဲဆိုတာကို ယုံကြည်မှုလျော့နည်းနေတဲ့သူတွေ ခွန်အားယူဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Kendall Jenner

သူမဟာ Victoria Secret Show လျှောက်တဲ့အခါမျိုးမှာ သူငယ်ချင်းတွေ၊ မိဘတွေဆီက အားပေးထောက်ခံမှုတွေ အပြည့်အဝရယူပြီး ငါလုပ်နိုင်တယ်ဆိုပြီး ယုံကြည်မှု တည်ဆောက်လိုက်ပါတယ်။ ယုံကြည်မှုတည်ဆောက်ပြီးတဲ့အခါမှာ ယုံကြည်မှုအတိုင်းအတာပေါ်မူတည်ပြီး လူတိုင်းဖြစ်နေတဲ့ ပုံစံမတူညီကြပါဘူး။ သူမဟာ ယုံကြည်မှုရှိနေတဲ့အခါ ပျော်ရွှင်ရယ်မောနေပြီး အပြုံးမျက်နှာလေး ဖြစ်နေပါတယ်။ ဒီလိုပုံစံဖြစ်နေခြင်းကလည်း သူမရဲ့ စွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်ဖြစ်နေဖို့အတွက် နောက်ပိုင်းမှာ ဘာမှအများကြီးမတွေးဘဲ ကိုယ်ဘာသာအကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ပဲ စိတ်သွင်းပြီး အကောင်းဆုံးပြုမူကာ လျှောက်လမ်းထက်မှာ လျှောက်လှမ်းပါတယ်။

Kendall Jenner

Kendall Jenner

(၂) Sara Sampaio

သူမဟာ Victoria Secret Show လျှောက်ပြီးနောက်ပိုင်း ဘဝမှာ အများကြီး ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။ Show လျှောက်တဲ့ မော်ဒယ်လ်မဖြစ်ခင်တုန်းက မကောင်းတဲ့အတွေးတွေနဲ့ စိတ်ကို နှောင့်ဖွဲ့ချည်နှောင်ထားမိပါတယ်။ ဒါ့အပြင် Social Media တွေကလည်း သူမကို အဆိပ်အတောက်တွေ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီမကောင်းတဲ့ အတွေးဆိုးတွေကနေ ရုန်းထွက်နိုင်စေဖို့အတွက် Social Media တွေက အတင်းအဖျင်းတွေကို တတ်နိုင်သမျှ မကြည့်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ စိတ်ဓာတ်ကျတာမျိုးတွေနဲ့ ယုံကြည်မှု ပျက်ယွင်းတာမျိုးမဖြစ်စေဖို့အတွက် အလုပ်တွေအများကြီးလုပ်ပြီး အောင်မြင်မှုတွေ ရယူနိုင်အောင် ကြိုးစားကာ အောင်မြင်မှုတွေကနေ ယုံကြည်မှုတွေ တည်ဆောက်ယူခဲ့ပါတယ်။

Sara Sampaio

Sara Sampaio

(၃) Kelsey Merritt

သူမဟာ ဖိလစ်ပိုင်ဇာတိဖွားဖြစ်တာနဲ့အညီ သူမကို ယုံကြည်မှုတွေ၊ အထောက်အပံ့ကောင်းတွေပေးတဲ့သူတွေက ဖိလစ်ပိုင်က အားပေးသူပရိသတ်တွေပဲ ဖြစ်ပါတယ်။ သူမဟာ ဖိလစ်ပိုင်ကနေ အားပေးထောက်ခံတဲ့ စာသန်းပေါင်း အမြောက်အမြား နေ့စဉ်ရရှိပြီး စာတွေထဲမှာ သူမကို အားကျတဲ့အကြောင်း၊ အားပေးတဲ့အကြောင်းတွေသာ ရေးသားထားကြပါတယ်။ သူမအမြဲပြောလေ့ရှိတာက သူမကို နံပါတ်တွေအားပေးသူက ဖိလစ်ပိုင်က ပရိသတ်တွေဖြစ်ပြီး သူတို့ကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အများကြီး တိုးခဲ့ပါတယ်။ သူမအခုဒီနေရာမှာရှိနေတဲ့ ဒီပရိသတ်တွေကြောင့်ပါ။ သူတို့ရဲ့မဆုံးနိုင်တဲ့ အားပေးမှုကြောင့် အလုပ်တွေ ရှေ့ဆက်လုပ်နိုင်ဖို့ ယုံကြည်မှုကောင်းကောင်း တည်ဆောက်နိုင်ခဲ့ပါတယ်။

Kelsey Merritt

Kelsey Merritt

H.H(Akhayar)

www.akhayar.com