[Zawgyi]

Victoria Secret Angels ေတြ အလန္းစားခႏၶာကိုယ္ရရွိေအာင္ က်င့္သံုးေလ့ရွိတဲ႔ လွ်ဳိ႕ဝွက္နည္းလမ္း

ျမင္သူတကာ ေငးေမာရေလာက္တဲ႔ ခႏၶာကိုယ္အခ်ဳိးအစားကို ပိုင္ဆိုင္ထားတဲ႔ Josephine Skriver နဲ႔ Jasmine Tookes တုိ႔က Victoria’s Secret ရဲ႕ Angels ေတြ ျဖစ္ရုံသာမက Fitness Influencers မ်ားလည္း ျဖစ္ၾကပါတယ္။ သူမတို႔ႏွစ္ဦးျပဳလုပ္ထားတဲ႔ Instagram Account ကေတာ့ Joja ျဖစ္ၿပီး အဲ႔ဒီ Account မွာ သူတို႔ ဘယ္္လို Work Out ေတြျပဳလုပ္ၿပီး အခ်ဳိးက်တဲ႔ ခႏၶာကိုယ္ရရွိေအာင္ ဘယ္လိုေနထိုင္လဲဆိုတာနဲ႔ ပတ္သက္ၿပီး မွ်ေဝေလ့ ရွိပါတယ္။ သူမတို႕ Instagram Account ကုိ Follower ျပဳလုပ္ထားသူေပါင္း ၅၁၉,၀၀၀ ရွိပါတယ္။ သူတို႔ႏွစ္ဦးတင္ဆက္ေလ့ရွိတဲ႔ Video ေတြထဲမွာ ခႏၶာကိုယ္အခ်ဳိးအစား က်စ္လစ္ခိုင္မာဖို႔ သူမတို႔ႏွစ္ဦး မျဖစ္မေန စားသံုးေလ့ရွိတဲ့ Carbohydrate အေၾကာင္းကို မွ်ေဝေပးထားပါတယ္။ သူမတို႔စားသံုးေလ့ရွိတဲ့ Carbohydrate က Low-Carbohydrate (သို႔) Keto Diet လို႔ ေခၚပါတယ္။

သူမတို႔ Carbohydrate စားေလ့ရွိလား ဘယ္လို Carbohydrate စားေလ့ရွိလဲဆိုၿပီး Follower ေတြက အျမဲေမးေလ့ရွိတဲ့အတြက္ သူမတို႔က ဗီဒီယိုထဲမွာ အခုလိုပဲ ျပန္ေျဖထားပါတယ္။ သူမတို႔ ေျဖၾကားထားတာကေတာ့ “ ကၽြန္မတို႔ ႏွစ္ေယာက္စလံုး Carbohydrate ကို အမာခံ စားသံုးသူေတြ ျဖစ္ၾကပါတယ္” ဆုိၿပီး ရယ္ရယ္ေမာနဲ႔ ေျဖထားပါတယ္။

အဲဒီေနာက္မွာေတာ့ သူမတို႔ဆက္ေျပာထားတာကေတာ့ ကၽြန္မတို႔အေနနဲ႔ Carbohydrate ကို စားသံုးေပးဖို႔ လုိအပ္ပါတယ္။ Carbohydrate က Energy ေတြ ရရွိဖို႔အတြက္န႔ဲ အရာတိုင္းအတြက္ အေရးႀကီးပါတယ္။

Jas အေနနဲ႕ကေတာ့ အကယ္၍ ဘဝမွာ Carbohydrate ပါဝင္တဲ႔ အစားအစာေတြ ေရြးခ်ယ္စားသံုးခြင့္ရရွိမယ္ဆိုရင္ Pasta ၊ Bread နဲ႔ Rice ထဲက တစ္မ်ဳိးမ်ဳိးကို ေရြးခ်ယ္ၿပီး အလွည့္က် စားသံုးမိေနမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအရာေတြက က်န္းမာေရးကို အေထာက္အကူ ျပဳေစၿပီး ခႏၶာကိုယ္ႀကီးထြားဖံြ႔ၿဖိဳးဖို႔အတြက္လည္း အေထာက္အကူ ျဖစ္ေစတဲ႔ အတြက္ေၾကာင့္ပါ။

Josephine Skriver

Josephine Skriver

Tookes ကေတာ့ ေသေသခ်ာခ်ာစဥ္းစားၿပီး ေျဖဆိုလိုက္တာကေတာ့ ကိုယ္အေလးခ်ိန္္အတြက္ဆိုရင္ ကၽြန္မကေတာ့ ေသခ်ာေပါက္ ထမင္းကိုပဲ ေရြးျဖစ္မွာ ျဖစ္ပါတယ္။ ရုိးရုိးသားသား ဝန္ခံရမယ္ဆိုရင္ ကၽြန္မက ထမင္းကို စဲြလန္းလြန္ေနတဲ့သူ ျဖစ္ပါတယ္။ ထမင္းက ဆာေလာင္မႈကို အလ်င္အျမန္ေျပေပ်ာက္ေစၿပီး က်န္းမာေရးကို အက်ဳိးျပဳတဲ႔ ဓာတ္သတၱဳေတြမ်ားစြာကိုလည္း ရရွိေစတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ ဝမ္းကိုလည္းမွန္ေအာင္ ကူညီေပးတဲ႔အတြက္ အဆီက်သြယ္လ်လွပေစပါတယ္။

Jasmine Tookes

Jasmine Tookes

Jas ေျပာတာကေတာ့ က်န္တာေတြ မစားရရင္ေနႏိုင္ေပမယ္႔ ထမင္းကို မစားရရင္ေတာ့ အသက္မရွင္နုိင္ပါဘူး။ ဒါေၾကာင့္မို႔ တစ္ေန႔ကို တစ္နပ္ေတာ့ ထမင္းစားျဖစ္ေအာင္ စားပါတယ္။ Took ကလည္း ကၽြန္မကေတာ့ တစ္ေန႔ကို ထမင္းသံုးႀကိမ္ေလာက္ စားပါတယ္။ ဒါေပမယ္႔ Pasta ကိုေတာ့ အရမ္းႀကီး မစားပါဘူး။

သူမတို႔ဟာ ၂၀၁၈ ခုနစ္ Victoria’s Secret Show က်င္းပဖို႔အတြက္ ႏွစ္လပဲလိုတာေၾကာင္႔ တျခားအစားအေသာက္ေတြထက္ Carbohydrate ေတြကိုသာ ပိုစားသံုးေနၾကပါတယ္။ တျခား Victoria’s Secret Angel ေတြလည္း Carbohydrate ကိုသာ မ်ားမ်ားစားသံုးၿပီး Runway ထက္မွာ ေၾကာ့ေၾကာ့ေမာ့ေမာ့နဲ႔ လူတိုင္းေငးေမာရတဲ႔ ခႏၶာကိုယ္ပိုင္ဆိုင္ရေအာင္ Work Out ေတြပါ အျပင္းအထန္လုပ္ၿပီး ႀကိဳးစားေလ့က်င့္ေနၾကပါတယ္။ ဒီလို ျပင္းထန္တဲ႔ Work Out ေတြလုပ္တဲ႔အခါမွာ လိုအပ္တဲ႔ စြမ္းအင္ေတြရရွိဖို႔အတြက္ Carbohydrate ကိုပဲ အားကိုးအားထားျပဳရပါတယ္။ ဒီေလာက္ဆိုရင္ Victoria’s Secret Angel ေတြ ခႏၶာကိုယ္လွပေအာင္ လက္ကုိင္ထားတဲ႔ လွ်ဳိ႕ဝွက္စားသံုးပံု က်င့္ၾကံနည္းလမ္းေလးေတြကို သိရွိသြားၿပီဆိုေတာ့ သူတို႔လို လွခ်င္ရင္ သူတို႔လို စားေသာက္ေနထိုင္ၾကည့္ရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

Victoria Secret Angels တွေ အလန်းစားခန္ဓာကိုယ်ရရှိအောင် ကျင့်သုံးလေ့ရှိတဲ့ လျှို့ဝှက်နည်းလမ်း

မြင်သူတကာ ငေးမောရလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ Josephine Skriver နဲ့ Jasmine Tookes တို့က Victoria’s Secret ရဲ့ Angels တွေ ဖြစ်ရုံသာမက Fitness Influencers များလည်း ဖြစ်ကြပါတယ်။ သူမတို့နှစ်ဦးပြုလုပ်ထားတဲ့ Instagram Account ကတော့ Joja ဖြစ်ပြီး အဲ့ဒီ Account မှာ သူတို့ ဘယ်လို Work Out တွေပြုလုပ်ပြီး အချိုးကျတဲ့ ခန္ဓာကိုယ်ရရှိအောင် ဘယ်လိုနေထိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေလေ့ ရှိပါတယ်။ သူမတို့ Instagram Account ကို Follower ပြုလုပ်ထားသူပေါင်း ၅၁၉,၀၀၀ ရှိပါတယ်။ သူတို့နှစ်ဦးတင်ဆက်လေ့ရှိတဲ့ Video တွေထဲမှာ ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်ခိုင်မာဖို့ သူမတို့နှစ်ဦး မဖြစ်မနေ စားသုံးလေ့ရှိတဲ့ Carbohydrate အကြောင်းကို မျှဝေပေးထားပါတယ်။ သူမတို့စားသုံးလေ့ရှိတဲ့ Carbohydrate က Low-Carbohydrate (သို့) Keto Diet လို့ ခေါ်ပါတယ်။

သူမတို့ Carbohydrate စားလေ့ရှိလား ဘယ်လို Carbohydrate စားလေ့ရှိလဲဆိုပြီး Follower တွေက အမြဲမေးလေ့ရှိတဲ့အတွက် သူမတို့က ဗီဒီယိုထဲမှာ အခုလိုပဲ ပြန်ဖြေထားပါတယ်။ သူမတို့ ဖြေကြားထားတာကတော့ “ ကျွန်မတို့ နှစ်ယောက်စလုံး Carbohydrate ကို အမာခံ စားသုံးသူတွေ ဖြစ်ကြပါတယ်” ဆိုပြီး ရယ်ရယ်မောနဲ့ ဖြေထားပါတယ်။

အဲဒီနောက်မှာတော့ သူမတို့ဆက်ပြောထားတာကတော့ ကျွန်မတို့အနေနဲ့ Carbohydrate ကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ Carbohydrate က Energy တွေ ရရှိဖို့အတွက်နဲ့ အရာတိုင်းအတွက် အရေးကြီးပါတယ်။

Jas အနေနဲ့ကတော့ အကယ်၍ ဘဝမှာ Carbohydrate ပါဝင်တဲ့ အစားအစာတွေ ရွေးချယ်စားသုံးခွင့်ရရှိမယ်ဆိုရင် Pasta ၊ Bread နဲ့ Rice ထဲက တစ်မျိုးမျိုးကို ရွေးချယ်ပြီး အလှည့်ကျ စားသုံးမိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေက ကျန်းမာရေးကို အထောက်အကူ ပြုစေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူ ဖြစ်စေတဲ့ အတွက်ကြောင့်ပါ။

Josephine Skriver

Josephine Skriver

Tookes ကတော့ သေသေချာချာစဉ်းစားပြီး ဖြေဆိုလိုက်တာကတော့ ကိုယ်အလေးချိန်အတွက်ဆိုရင် ကျွန်မကတော့ သေချာပေါက် ထမင်းကိုပဲ ရွေးဖြစ်မှာ ဖြစ်ပါတယ်။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်မက ထမင်းကို စွဲလန်းလွန်နေတဲ့သူ ဖြစ်ပါတယ်။ ထမင်းက ဆာလောင်မှုကို အလျင်အမြန်ပြေပျောက်စေပြီး ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်သတ္တုတွေများစွာကိုလည်း ရရှိစေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းကိုလည်းမှန်အောင် ကူညီပေးတဲ့အတွက် အဆီကျသွယ်လျလှပစေပါတယ်။

Jasmine Tookes

Jasmine Tookes

Jas ပြောတာကတော့ ကျန်တာတွေ မစားရရင်နေနိုင်ပေမယ့် ထမင်းကို မစားရရင်တော့ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့်မို့ တစ်နေ့ကို တစ်နပ်တော့ ထမင်းစားဖြစ်အောင် စားပါတယ်။ Took ကလည်း ကျွန်မကတော့ တစ်နေ့ကို ထမင်းသုံးကြိမ်လောက် စားပါတယ်။ ဒါပေမယ့် Pasta ကိုတော့ အရမ်းကြီး မစားပါဘူး။

သူမတို့ဟာ ၂၀၁၈ ခုနစ် Victoria’s Secret Show ကျင်းပဖို့အတွက် နှစ်လပဲလိုတာကြောင့် တခြားအစားအသောက်တွေထက် Carbohydrate တွေကိုသာ ပိုစားသုံးနေကြပါတယ်။ တခြား Victoria’s Secret Angel တွေလည်း Carbohydrate ကိုသာ များများစားသုံးပြီး Runway ထက်မှာ ကြော့ကြော့မော့မော့နဲ့ လူတိုင်းငေးမောရတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ရအောင် Work Out တွေပါ အပြင်းအထန်လုပ်ပြီး ကြိုးစားလေ့ကျင့်နေကြပါတယ်။ ဒီလို ပြင်းထန်တဲ့ Work Out တွေလုပ်တဲ့အခါမှာ လိုအပ်တဲ့ စွမ်းအင်တွေရရှိဖို့အတွက် Carbohydrate ကိုပဲ အားကိုးအားထားပြုရပါတယ်။ ဒီလောက်ဆိုရင် Victoria’s Secret Angel တွေ ခန္ဓာကိုယ်လှပအောင် လက်ကိုင်ထားတဲ့ လျှို့ဝှက်စားသုံးပုံ ကျင့်ကြံနည်းလမ်းလေးတွေကို သိရှိသွားပြီဆိုတော့ သူတို့လို လှချင်ရင် သူတို့လို စားသောက်နေထိုင်ကြည့်ရအောင်။

H.H(Akhayar)

www.akhayar.com