[Zawgyi]

Victoria Beckham အႀကိဳက္ဆံုးနာရီ Collection သံုးခု

အမ်ဳိးသမီးေတြက အလွျပင္ပစၥည္းေတြ၊ ပိုက္ဆံအိတ္ေတြနဲ႔ ေဒါက္ဖိနပ္ေတြကို ရူးသြပ္ၾကသလိုမ်ဳိး အမ်ဳိးသားေတြကလည္း ပိုက္ဆံအိတ္ေတြ၊ ခါးပတ္ေတြနဲ႔ လက္ပတ္နာရီေတြကို ရူးသြပ္တတ္ၾကပါတယ္။ ဒါေပမယ္႔ တစ္ခ်ဳိ႕အမ်ဳိးသမီးေတြက အမ်ဴိးသားေတြလို တန္ဖိုးႀကီးလက္ပတ္နာရီမွန္သမွ်ကို တမ္းတမ္းစဲြဝယ္ယူစုေဆာင္းကာ ထည္လဲပတ္ရတာကို ႀကိဳက္ႏွစ္သက္တဲ႔သူေတြလည္း ရွိပါတယ္။ အဲဒီလို တန္ဖိုးႀကီးလက္ပတ္နာရီိေတြကို စုေဆာင္းၿပီး ထည္လဲဝတ္ဆင္တတ္တဲ့သူေတြထဲမွာ ကမာၻေက်ာ္ ေဘာလံုးသမား David Beckham ရဲ႕ ကေတာ္ Victoria Beckham လည္း အပါအဝင္ပဲျဖစ္ပါတယ္။ ဖက္ရွင္က်သူ Victoria Beckham က Rolex လက္ပတ္နာရီေတြကို စုေဆာင္းရတာ ႏွစ္သက္ေလ့ရွိၿပီး သူမရဲ႕ဖက္ရွင္က်တဲ႔ပံုရိပ္ေတြကို Rolex လက္ပတ္နာရီေတြရဲ႕ အကူအညီနဲ႔ ပံုေဖာ္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ သူမ ဘယ္လို ပံုေဖာ္ေလ့ရွိလဲဆိုတာကို ဖက္ရွင္ခ်စ္သူနဲ႔ နာရီခ်စ္သူေတြ အတုခိုးႏိုင္ေစဖို႔ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

Rolex Daytona Cosmograph Daytona 116505 18K Everose Gold

Victoria Beckham က တန္ဖုိးျမင္႔ Rolex လက္ပတ္နာရီေတြ ေျမာက္ျမားစြာ စုေဆာင္းထားေပမယ့္လည္း Rolex Daytona ကေတာ့ သူမအတြက္ အေဖာ္မြန္ေကာင္းလိုပါပဲ။ ဘာေၾကာင္႔လဲဆိုေတာ့ Rolex Daytona ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သူမနဲ႔မခဲြဘဲ ေန႔စဥ္အသံုးအေဆာင္တစ္ခုလို ဝတ္ဆင္ခဲ႔တဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ဒီနာရီအမ်ားစုက အမ်ဳိးသားဝတ္လက္ပတ္နာရီေတြျဖစ္ၿပီး အရြယ္အစားအေနနဲ႔ 40 mm ရွိကာ ႀကီးမားလွေပမယ့္လည္း သူမရဲ႕လက္ေပၚမွာေတာ့ လွပတင့္တယ္လို႔ ေနပါတယ္။ သူမဝတ္ဆင္တဲ့ Model က 18K Rose Gold ျဖစ္ၿပီး ပန္းေရာင္သန္းတဲ႔ ဒိုင္ခြက္ရွိပါတယ္။

Rolex-Daytona-18k-Everose-Gold

Rolex Daytona 18k Everose Gold

Rolex Day-Date President 118238 18K Yellow Gold Champagne

Victoria Beckham မၾကာခဏ ဝတ္ေလ့ဝတ္ထရွိတဲ႔ ေနာက္ထပ္ Rolex Model တစ္ခုကေတာ့ 18k Yellow Gold နဲ႔လုပ္ထားတဲ႔ Rolex President Day-Date ပဲ ျဖစ္ပါတယ္။ ဒီလက္ပတ္နာရီကို သူမက ေရႊလက္ေကာက္၊လက္စြပ္ေတြနဲ႔ တဲြဖက္ကာ ဝတ္ဆင္ေလ့ရွိပါတယ္။ ဒီနာရီကလည္း ႀကီးမားတဲ႔ဒီဇိုင္းပံုစံရွိတဲ့အတြက္ အမ်ဳိးသားေတြနဲ႔သာ လိုက္ဖက္တယ္လို႔ထင္ရေပမယ့္ Victoria ကေတာ့ သက္ေတာင္႔သက္သာနဲ႔ အထာက်က်ပဲ ဝတ္ဆင္ထားပါတယ္။ ဒီနာရီရဲ႕ဒိုင္ခြက္ကေတာ့ သစ္ခြံေရာင္ရွိၿပီး ဒီဇုိင္းကေတာ့ အႏုပညာလက္ရာေျမာက္စြာနဲ႕ ေခတ္မွီအထက္တန္းက်မႈေတြ ေပၚလြင္ေအာင္ဖန္တီးထုတ္လုပ္ထားတာမ်ဳိး ျဖစ္ပါတယ္။

Rolex Day Date Preisdent

Rolex Day Date Preisdent

Rolex Datejust 36 Vintage “Stella Dial

Victoria Beckham စုေဆာင္းထားတဲ႔ တန္ဖိုးႀကီး Rolex လက္ပတ္နာရီေတြထဲမွာမွ အထင္ရွားဆံုးနဲ႔ အဖမ္းစားႏိုင္ဆံုးလက္ပတ္နာရီတစ္ခုကေတာ့ အရြယ္အစား 36mm သာရွိၿပီး အေပၚမွာေဖာ္ျပခဲ႔တဲ႔ နာရီေတြအားလံုးထက္ နည္းနည္းငယ္ေသးတဲ႔ နာရီျဖစ္ပါတယ္။ ဒီနာရီရဲ႕ထူးျခားခ်က္ကေတာ့ အစိမ္းေရာင္ဒိုိင္ခြက္ျဖစ္ေနျခင္းပဲ ျဖစ္ပါတယ္။ ဒီနာရီက ၁၉၇၀ ခုနစ္ထုတ္ျဖစ္တဲ႔အတြက္ Model နည္းနည္းေဟာင္းေနတယ္လို႔ထင္ရေပမယ္႔ ကနဦး Popstar ေတြရဲ႕ ရသခံစားမႈကို ေပၚလြင္ေအာင္ဖန္တီးထားတဲ့ Vintage Watch နာရီမ်ုဳိး ျဖစ္ပါတယ္။ ဒီနာရီက တျခားေသာ Rolex Brand ေတြနဲ႔လည္း မတူကဲြျပားတဲ့ နာရီမ်ဳိးျဖစ္သလို ဒီေန႔ေခတ္ နာရီစုေဆာင္းသူေတြ ဝယ္ယူစုေဆာင္းဖို႔လည္း မလြယ္ကူေတာ့တဲ႔ တန္ဖိုးႀကီးနာရီမ်ဳိးျဖစ္ပါတယ္။

Rolex-Datejust-Stella-Dial

Rolex Date just Stella Dial

ဒီလိုနာရီေတြကို ပိုင္ဆိုင္ထားတာေၾကာင့္လည္း Victoria Beckham က ဇနီးတာဝန္၊ မိခင္တာဝန္၊ ဖက္ရွင္ဒီဇိုင္နာတာဝန္ေတြအျပင္ သူမရဲ႕စီးပြားေရးတာဝန္ေတြကိုပါ မလစ္ဟင္းေစရဘဲ တိတိက်က်နဲ႔ ဟန္ခ်က္ညီေအာင္ လုပ္ေဆာင္ႏုိင္ေနတာပဲ ျဖစ္ပါတယ္။အေပၚမွာေဖာ္ျပခဲ႔တဲ႔ လက္ပတ္နာရီေတြကေတာ့ Victoria Beckham စုေဆာင္းထားတဲ႔ Rolex နာရီေတြထဲက တစ္ခ်ဳိ႕ကို ေဖာ္ျပထားျခင္းပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ဘယ္ Rolex နာရီႀကီးကို မိုက္တယ္လို႔ ထင္ပါသလဲ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Victoria Beckham အကြိုက်ဆုံးနာရီ Collection သုံးခု

အမျိုးသမီးတွေက အလှပြင်ပစ္စည်းတွေ၊ ပိုက်ဆံအိတ်တွေနဲ့ ဒေါက်ဖိနပ်တွေကို ရူးသွပ်ကြသလိုမျိုး အမျိုးသားတွေကလည်း ပိုက်ဆံအိတ်တွေ၊ ခါးပတ်တွေနဲ့ လက်ပတ်နာရီတွေကို ရူးသွပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အမျိုးသမီးတွေက အမျိူးသားတွေလို တန်ဖိုးကြီးလက်ပတ်နာရီမှန်သမျှကို တမ်းတမ်းစွဲဝယ်ယူစုဆောင်းကာ ထည်လဲပတ်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလို တန်ဖိုးကြီးလက်ပတ်နာရီတွေကို စုဆောင်းပြီး ထည်လဲဝတ်ဆင်တတ်တဲ့သူတွေထဲမှာ ကမ္ဘာကျော် ဘောလုံးသမား David Beckham ရဲ့ ကတော် Victoria Beckham လည်း အပါအဝင်ပဲဖြစ်ပါတယ်။ ဖက်ရှင်ကျသူ Victoria Beckham က Rolex လက်ပတ်နာရီတွေကို စုဆောင်းရတာ နှစ်သက်လေ့ရှိပြီး သူမရဲ့ဖက်ရှင်ကျတဲ့ပုံရိပ်တွေကို Rolex လက်ပတ်နာရီတွေရဲ့ အကူအညီနဲ့ ပုံဖော်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သူမ ဘယ်လို ပုံဖော်လေ့ရှိလဲဆိုတာကို ဖက်ရှင်ချစ်သူနဲ့ နာရီချစ်သူတွေ အတုခိုးနိုင်စေဖို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Rolex Daytona Cosmograph Daytona 116505 18K Everose Gold

Victoria Beckham က တန်ဖိုးမြင့် Rolex လက်ပတ်နာရီတွေ မြောက်မြားစွာ စုဆောင်းထားပေမယ့်လည်း Rolex Daytona ကတော့ သူမအတွက် အဖော်မွန်ကောင်းလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ Rolex Daytona ကို နှစ်ပေါင်းများစွာကြာအောင် သူမနဲ့မခွဲဘဲ နေ့စဉ်အသုံးအဆောင်တစ်ခုလို ဝတ်ဆင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီနာရီအများစုက အမျိုးသားဝတ်လက်ပတ်နာရီတွေဖြစ်ပြီး အရွယ်အစားအနေနဲ့ 40 mm ရှိကာ ကြီးမားလှပေမယ့်လည်း သူမရဲ့လက်ပေါ်မှာတော့ လှပတင့်တယ်လို့ နေပါတယ်။ သူမဝတ်ဆင်တဲ့ Model က 18K Rose Gold ဖြစ်ပြီး ပန်းရောင်သန်းတဲ့ ဒိုင်ခွက်ရှိပါတယ်။

Rolex-Daytona-18k-Everose-Gold

Rolex Daytona 18k Everose Gold

Rolex Day-Date President 118238 18K Yellow Gold Champagne

Victoria Beckham မကြာခဏ ဝတ်လေ့ဝတ်ထရှိတဲ့ နောက်ထပ် Rolex Model တစ်ခုကတော့ 18k Yellow Gold နဲ့လုပ်ထားတဲ့ Rolex President Day-Date ပဲ ဖြစ်ပါတယ်။ ဒီလက်ပတ်နာရီကို သူမက ရွှေလက်ကောက်၊လက်စွပ်တွေနဲ့ တွဲဖက်ကာ ဝတ်ဆင်လေ့ရှိပါတယ်။ ဒီနာရီကလည်း ကြီးမားတဲ့ဒီဇိုင်းပုံစံရှိတဲ့အတွက် အမျိုးသားတွေနဲ့သာ လိုက်ဖက်တယ်လို့ထင်ရပေမယ့် Victoria ကတော့ သက်တောင့်သက်သာနဲ့ အထာကျကျပဲ ဝတ်ဆင်ထားပါတယ်။ ဒီနာရီရဲ့ဒိုင်ခွက်ကတော့ သစ်ခွံရောင်ရှိပြီး ဒီဇိုင်းကတော့ အနုပညာလက်ရာမြောက်စွာနဲ့ ခေတ်မှီအထက်တန်းကျမှုတွေ ပေါ်လွင်အောင်ဖန်တီးထုတ်လုပ်ထားတာမျိုး ဖြစ်ပါတယ်။

Rolex Day Date Preisdent

Rolex Day Date Preisdent

Rolex Datejust 36 Vintage “Stella Dial

Victoria Beckham စုဆောင်းထားတဲ့ တန်ဖိုးကြီး Rolex လက်ပတ်နာရီတွေထဲမှာမှ အထင်ရှားဆုံးနဲ့ အဖမ်းစားနိုင်ဆုံးလက်ပတ်နာရီတစ်ခုကတော့ အရွယ်အစား 36mm သာရှိပြီး အပေါ်မှာဖော်ပြခဲ့တဲ့ နာရီတွေအားလုံးထက် နည်းနည်းငယ်သေးတဲ့ နာရီဖြစ်ပါတယ်။ ဒီနာရီရဲ့ထူးခြားချက်ကတော့ အစိမ်းရောင်ဒိုင်ခွက်ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီနာရီက ၁၉၇၀ ခုနစ်ထုတ်ဖြစ်တဲ့အတွက် Model နည်းနည်းဟောင်းနေတယ်လို့ထင်ရပေမယ့် ကနဦး Popstar တွေရဲ့ ရသခံစားမှုကို ပေါ်လွင်အောင်ဖန်တီးထားတဲ့ Vintage Watch နာရီမျိုုး ဖြစ်ပါတယ်။ ဒီနာရီက တခြားသော Rolex Brand တွေနဲ့လည်း မတူကွဲပြားတဲ့ နာရီမျိုးဖြစ်သလို ဒီနေ့ခေတ် နာရီစုဆောင်းသူတွေ ဝယ်ယူစုဆောင်းဖို့လည်း မလွယ်ကူတော့တဲ့ တန်ဖိုးကြီးနာရီမျိုးဖြစ်ပါတယ်။

Rolex-Datejust-Stella-Dial

Rolex Date just Stella Dial

ဒီလိုနာရီတွေကို ပိုင်ဆိုင်ထားတာကြောင့်လည်း Victoria Beckham က ဇနီးတာဝန်၊ မိခင်တာဝန်၊ ဖက်ရှင်ဒီဇိုင်နာတာဝန်တွေအပြင် သူမရဲ့စီးပွားရေးတာဝန်တွေကိုပါ မလစ်ဟင်းစေရဘဲ တိတိကျကျနဲ့ ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်နေတာပဲ ဖြစ်ပါတယ်။အပေါ်မှာဖော်ပြခဲ့တဲ့ လက်ပတ်နာရီတွေကတော့ Victoria Beckham စုဆောင်းထားတဲ့ Rolex နာရီတွေထဲက တစ်ချို့ကို ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဘယ် Rolex နာရီကြီးကို မိုက်တယ်လို့ ထင်ပါသလဲ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။