[Zawgyi]



Victor-Moses

Victor-Moses


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ မိုဆက်စ် Moses

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နာမည်ကျော်ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ကြပါတယ်။ ကစားသမားတွေအနေနဲ့ နိုင်ငံအသင်းကနေ အနားယူခဲ့ကြတာကြောင့် သက်ဆိုင်ရာကလပ်အသင်းတွေအတွက် ပိုအာရုံစိုက်နိုင်မှာကတော့ အမှန်ပါပဲ။ အနားယူခဲ့တဲ့ကြတဲ့ ကစားသမားတွေထဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နိုက်ဂျီးရီးယားတောင်ပံကစားသမား မိုဆက်စ် Moses လည်းအပါအဝင်ဖြစ်လာခဲ့ပါပြီ။

Victor-Moses

Victor-Moses

မိုဆက်စ် Moses ဟာ လူငယ်ကစားသမားဘဝမှာ အင်္ဂလန်လူငယ်လက်ရွေးစင်အသင်းတွေမှာပါဝင်ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်မှာတော့ နိုက်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခဲ့ပါတယ်။ မိုဆက်စ် Moses ဟာ နိုက်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ၂၀၁၈ ခုနှစ်ထိကစားခဲ့ပြီး အသက်(၂၇)နှစ်အရွယ်မှာပဲ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တာကြောင့် ငယ်သေးတဲ့အချိန်မှာအနားယူခဲ့တယ်လို့ဆိုရမှာပါ။ မိုဆက်စ် Moses ဟာ နိုက်ဂျီးရီးယားအသင်းနဲ့အတူ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပါဝင်ကစားခဲ့ပါတယ်။ မိုဆက်စ် Moses ဟာ နိုက်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက်ပွဲပေါင်း(၃၇)ပွဲကစားခဲ့ပြီး သွင်းဂိုး(၁၂)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ အာဖရိကဖလားကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

Ref: BBC Sport
Photo: THEWILL , Sporting News
Ko Kyue(Akhayar)
www.akhayar.com