[Zawgyi]

လက္စတာကြင္းအနီး ပ်က္က်ခဲ့တဲ့ ရဟတ္ယာဥ္ထဲမွာ လက္စတာအသင္းပုိင္ရွင္ Vichai ပါ၀င္တယ္လုိ႔ သတင္းထြက္ေပၚ

လက္စတာအသင္းရဲ႕ အိမ္ကြင္း King Power Stadium အျပင္မွာ လက္စတာအသင္းပုိင္ရွင္ ဗီခ်ိဳင္း Vichai Srivaddhanaprabha ရဲ႕ ရဟတ္ယာဥ္ ပ်က္က်ခဲ့ၿပီး အဲဒီရဟတ္ယာဥ္ေပၚမွာ ဗီခ်ိဳင္းအပါအ၀င္ လူ(၅)ဦး ပါ၀င္တယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဗီခ်ိဳင္းဟာ စေနေန႔က လက္စတာနဲ႔၀က္စ္ဟမ္း အသင္းတို႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြကုိ လာေရာက္ၾကည့္ရႈခဲ့ၿပီး ပဲြအၿပီး သူ႔ရဲ႕ ရဟတ္ယာဥ္နဲ႔ အျပန္မွာ ပ်က္က်ခဲ့တာျဖစ္ပါတယ္။ အခ်ိန္ကေတာ့ ၿဗိတိန္စံေတာ္ခ်ိန္ ည(၈း၃၀)ေလာက္မွာ ျဖစ္ၿပီး ရဟတ္ယာဥ္ဟာ အေပၚကုိ တက္ၿပီးမွ ၀န္ထမ္းေတြ ကားထားရွိတဲ့ Car Parking ထဲကုိ ႐ုတ္တရက္ ပ်က္က်ခဲ့တာပါ။

helicopter-when-it-crashed-outside-the-King-Power-Stadium

helicopter-when-it-crashed-outside-the-King-Power-Stadium

ရဲတပ္ဖဲြ႕နဲ႔ အေရးေပၚအဖဲြ႕ေတြဟာ ျဖစ္ျဖစ္ခ်င္း အဲဒီေနရာကုိ အျမန္ဆုံးသြားေရာက္ခဲ့ၿပီး ပတ္၀န္းက်င္က လူေတြ ထိခုိက္မႈ မရွိေအာင္ ရွင္းလင္းခဲ့ရပါတယ္။ အဲဒီရဟတ္ယာဥ္ေပၚမွာ ဗီခ်ိဳင္းနဲ႔ ရဟတ္ယာဥ္မွဴး အပါအ၀င္ လူ(၅)ဦးပါ၀င္တယ္လုိ႔ လက္စတာအသင္းနဲ႔ နီးစပ္တဲ့အသုိင္းအ၀ုိင္းက လူတစ္ဦးက ေျပာၾကားခဲ့တယ္။ လက္စတာအသင္းကေတာ့ ဗီခ်ိဳငး္ရဲ႕အေျခအေနနဲ႔ ပတ္သက္ၿပီး အတိအက် သတင္းမထုတ္ျပန္ေသးသလုိ ၿဗိတိန္မီဒီယာေတြကလည္း ေသဆုံးသူရွိ၊ မရွိကုိ အခုိင္အမာ ေဖာ္ျပျခင္းမရွိေသးပါဘူး။ ဒါေပမဲ့ ဗီခ်ိဳင္းရဲ႕ အသက္အႏၱရာယ္နဲ႔ ပတ္သက္လုိ႔ လက္စတာပရိသတ္ေတြအပါအ၀င္ လူ ေတာ္ေတာ္မ်ားမ်ားက စုိးရိမ္ေနၾကပါတယ္။

The-helicopter-erupted-in-flames-after-the-crash

The-helicopter-erupted-in-flames-after-the-crash

အဲဒီရဟတ္ယာဥ္ေပၚမွာ ဗီခ်ိဳင္းရဲ႕ သားနဲ႔သမီး၊ လက္စတာအသင္းဒါ႐ုိက္တာတို႔ေတာ့ မပါ၀င္ခဲ့ဘူးလုိ႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ ဗီခ်ိဳင္းဟာ အရင္ကတည္းက လက္စတာအသင္းရဲ႕ပြဲေတြကုိ ရဟတ္ယာဥ္န႔ဲ လာၾကည့္ေလ့ရွိၿပီး အခု ဒီလုိစိတ္မေကာင္းစရာ ျဖစ္ရပ္ဆုိးနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

Vichai-Srivaddhanaprabha-helicopter

Vichai-Srivaddhanaprabha-helicopter

အသက္(၆၁)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ဗီခ်ိဳင္းဟာ ထုိင္းႏုိင္ငံရဲ႕ တတိယေျမာက္ အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္ၿပီး ၂၀၁၀ ခုႏွစ္မွာ လက္စတာအသင္းကုိ ၀ယ္ယူခဲ့သလုိ သူ႔လက္ထက္မွာ အသင္းသမုိင္းတစ္ေလွ်ာက္ အျမင့္မားဆုံးေအာင္ျမင္မႈအျဖစ္ ပရီးမီယားလိဂ္ဖလားကုိ ရယူႏုိင္ခဲ့ပါတယ္။

REF:Mirror
Photo:Nikkei Asian Review,Sports Illustrated,Deccan Herald,Oblysh News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်စတာကွင်းအနီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ထဲမှာ လက်စတာအသင်းပိုင်ရှင် Vichai ပါဝင်တယ်လို့ သတင်းထွက်ပေါ်

လက်စတာအသင်းရဲ့ အိမ်ကွင်း King Power Stadium အပြင်မှာ လက်စတာအသင်းပိုင်ရှင် ဗီချိုင်း Vichai Srivaddhanaprabha ရဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့ပြီး အဲဒီရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်းအပါအဝင် လူ(၅)ဦး ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဗီချိုင်းဟာ စနေနေ့က လက်စတာနဲ့ဝက်စ်ဟမ်း အသင်းတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး ပွဲအပြီး သူ့ရဲ့ ရဟတ်ယာဉ်နဲ့ အပြန်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အချိန်ကတော့ ဗြိတိန်စံတော်ချိန် ည(၈း၃၀)လောက်မှာ ဖြစ်ပြီး ရဟတ်ယာဉ်ဟာ အပေါ်ကို တက်ပြီးမှ ဝန်ထမ်းတွေ ကားထားရှိတဲ့ Car Parking ထဲကို ရုတ်တရက် ပျက်ကျခဲ့တာပါ။

helicopter-when-it-crashed-outside-the-King-Power-Stadium

helicopter-when-it-crashed-outside-the-King-Power-Stadium

ရဲတပ်ဖွဲ့နဲ့ အရေးပေါ်အဖွဲ့တွေဟာ ဖြစ်ဖြစ်ချင်း အဲဒီနေရာကို အမြန်ဆုံးသွားရောက်ခဲ့ပြီး ပတ်ဝန်းကျင်က လူတွေ ထိခိုက်မှု မရှိအောင် ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်းနဲ့ ရဟတ်ယာဉ်မှူး အပါအဝင် လူ(၅)ဦးပါဝင်တယ်လို့ လက်စတာအသင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ဦးက ပြောကြားခဲ့တယ်။ လက်စတာအသင်းကတော့ ဗီချိုင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အတိအကျ သတင်းမထုတ်ပြန်သေးသလို ဗြိတိန်မီဒီယာတွေကလည်း သေဆုံးသူရှိ၊ မရှိကို အခိုင်အမာ ဖော်ပြခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဗီချိုင်းရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ လက်စတာပရိသတ်တွေအပါအဝင် လူ တော်တော်များများက စိုးရိမ်နေကြပါတယ်။

The-helicopter-erupted-in-flames-after-the-crash

The-helicopter-erupted-in-flames-after-the-crash

အဲဒီရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်းရဲ့ သားနဲ့သမီး၊ လက်စတာအသင်းဒါရိုက်တာတို့တော့ မပါဝင်ခဲ့ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ ဗီချိုင်းဟာ အရင်ကတည်းက လက်စတာအသင်းရဲ့ပွဲတွေကို ရဟတ်ယာဉ်နဲ့ လာကြည့်လေ့ရှိပြီး အခု ဒီလိုစိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

Vichai-Srivaddhanaprabha-helicopter

Vichai-Srivaddhanaprabha-helicopter

အသက်(၆၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗီချိုင်းဟာ ထိုင်းနိုင်ငံရဲ့ တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ လက်စတာအသင်းကို ဝယ်ယူခဲ့သလို သူ့လက်ထက်မှာ အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံးအောင်မြင်မှုအဖြစ် ပရီးမီယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

REF:Mirror
Photo:Nikkei Asian Review,Sports Illustrated,Deccan Herald,Oblysh News
Naing Linn(Akhayar)
www.akhayar.com