[Zawgyi]

ညိွဳ႕အားျပင္းတဲ့ ကိုရီးယားမင္းသားလူပ်ိဳႀကီးမ်ား

ကိုရီးယားမင္းသားေတြ က အသက္ ၃၀ ေက်ာ္ရင္ေတာင္အသက္ႀကီးတဲ့ သူေတြအေနနဲ႔ မေတြ႔ရဘဲ နုပ်ိဳေနၾကတာေတြ႔ရပါတယ္။ အဲ့လိုနုပ်ိဳၾကတဲ့ မင္းသားေတြျဖစ္တဲ့အျပင္ ဆြဲေဆာင္မႈရွိတဲ့ မင္းသား ၅ ေယာက္ကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

 

Kim Rae Won

Kim Rae Won ကေတာ့ ေတာင္ကိုရီးယားနိုင္ငံရဲ ႔ ဆြဲေဆာင္မႈရွိတဲ့မင္းသားေတြထဲ ကတစ္ေယာက္ျဖစ္ၿပီး ေယာက္က်ားပီသတဲ့ ရုပ္ရည္ကိုပိုင္ဆိုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ၁၉၈၁ ခုနွစ္ မတ္လ ၁၉ ရက္ေန႔မွာ ေမြးခဲ့တာျဖစ္တဲ့ အတြက္ အသက္ကေတာ့ ၃၇ နွစ္ရွိပါၿပီ။

အရင္က သူပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ My Little Bride(2004)၊ Love Story in Harvard(2004) ၊ Gourment(2008)၊ A Thousand Day’s Promise (2011) စတဲ့ဇာတ္ကားေတြျဖစ္ပါတယ္။ ၁၉၉၉ ခုနွစ္ကေန ၂၀၁၆ ခုနွစ္အတြင္း အနုပညာလုပ္ေဆာင္မႈနဲ႔ပတ္သက္လို႔ဆုေပါင္း ၁၉ ဆုကိုရရွိထားသူလည္း ျဖစ္ပါတယ္။

 Jo In-sung

Jo In-sung ကလည္း နာမည္ႀကီးမင္းသားတစ္လက္ျဖစ္တဲ့ အျပင္ပ်ိဳတိုင္းႀကိဳက္တဲ့ နွင္းဆီခိုင္လည္း ျဖစ္ပါတယ္။ အခုခ်ိန္ထိလည္း လူပ်ိဳႀကီးတစ္ေယာက္အျဖစ္ေနထိုင္ေနသူျဖစ္လို႔ သူ႔ကိုခ်စ္ခင္ၾကတဲ့ ေကာင္မေလးေတြ အတြက္ေတာ့ ေမွ်ာ္လင့္လို႔ရေနသူတစ္ဦးျဖစ္ပါတယ္။ သူကေတာ့ Frozen Flower(2008) ဇာတ္ကားနဲ႔ နာမည္ႀကီးခဲ့တဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။

ဒါ့အျပင္သူရိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြကေတာ့ A Dity Carnival(2006)၊ The King(2017) နဲ႔ It’s Okay,That’s Love (2014) အစရွိတာေတြျဖစ္ပါတယ္။ ေတာင္ကိုရီးယားနိုင္ငံရဲ ႔နာမည္ႀကီးမင္းသားတစ္လက္ျဖစ္သလို ၂၀၀၀ ခုနွစ္ကေန ၂၀၁၈ ခုနွစ္အထိ ဆုေပါင္း ၃၄ ဆုကို ပိုင္ဆိုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။သူ႔အသက္ကေတာ့ ၁၉၈၁ ခုနွစ္မွာေမြးခဲ့လို႔ အခုဆိုရင္ ၃၇ နွစ္ရွိေနပါၿပီ။

Gong Yoo

Gong Yoo ကိုေတာ့ ၁၉၇၉ခုနွစ္မွာ ေမြးခဲ့လို႔အခုဆိုရင္ သူ႔အသက္ဟာ ၃၉ နွစ္ရွိလို႔ေနပါၿပီ။ အခုခ်ိန္ထိလည္း တစ္ကိုယ္တည္းလူပ်ိဳႀကီးတစ္ေယာက္အေနနဲ႔ အနုပညာအလုပ္ေတြကိုလုပ္ရင္း ဘဝကိုေပ်ာ္ရႊင္စြာျဖတ္သန္းေနသူတစ္ဦးျဖစ္ပါတယ္။ Gong Yoo ဟာ ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူးခဲ့တဲ့ထဲမွ သူ႔ကိုလူသိမ်ားေစခဲ့တဲ့ဇာတ္ကားေတြကေတာ့ Silenced(2011) ၊ Train to Busan(2016) စေတြျဖစ္ပါတယ္။

သူပါဝင္ဖူးတဲ့ အျခားဇာတ္ကားေတြကေတာ့ The 1st Shop of Coffee Prince (2007) ၊ The Age of Shadows (2016) ၊ Guardian:The Lonely and Great God (2016-2017) ထဲမွာ မွင္စာအေနနဲ႕ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ၂၀၀၂ ခုနွစ္ ကေနၿပီး ၂၀၁၇ ခုနွစ္အထိ ဆုေပါင္း ၁၂ ဆုကို ရရွိထားသူျဖစ္ပါတယ္။

Kim Jong-kook

Kim Jong-kook ကေတာ့ Running Man အစီအစဥ္ မွာ လူသိမ်ားၾကတဲ့ လူသန္ႀကီးျဖစ္ပါတယ္။ ဗလေတာင့္ေတာင့္နဲ႔ စိတ္ထားႏူးညံ႔တဲ့ သူ႕ရဲ႕ပံုစံေၾကာင့္ လူခ်စ္လူခင္ေပါသူတစ္ဦးလည္းျဖစ္ပါတယ္။

Running Man အစီအစဥ္မွာ နာမည္ႀကီးသူတစ္ဦးအျပင္ ေတးသီခ်င္းေတြကိုလည္း သီဆိုတဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ေတာင္ကိုရီးယားနိုင္ငံရဲ ႔ နာမည္ႀကီးေတးဂီတ အဖြဲ႔ျဖစ္တဲ့ Turbo ရဲ ႔အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္ခဲ့ဖူးပါတယ္။ အခုဆိုရင္ေတာ့ အဲ့အဖြဲ႔က ဖ်က္သိမ္းလိုက္ၿပီျဖစ္တဲ့ အတြက္ သူတစ္ေယာက္တည္းသီဆိုထားတဲ့ Solo Album (Renaissance) ကိုလည္း ၂၀၀၁ ခုနွစ္က ထုတ္ခဲ့ပါေသးတယ္။ အနုပညာအလုပ္နဲ႔ပတ္သက္လို႔ ရရွိခဲ့တဲ့ ဆုေတြဟာဆိုရင္ ၂၀၀၄ ခုနွစ္ ကေန ၂၀၁၆ ခုနွစ္အထိ ဆုေပါင္း ၃၀ ကိုရရွိထားသူလည္းျဖစ္ပါတယ္။ သူ႔ကိုေတာ့ ၁၉၇၆ ခုနွစ္မွာေမြးခဲ့တာျဖစ္လို႔ အခုဆိုရင္ အသက္က ၄၂နွစ္ရွိၿပီျဖစ္ပါတယ္။ အားကစားလိုက္စားသူတစ္ေယာက္ျဖစ္တဲ့အတြက္ သူ႔ကိုျမင္လိုက္ရင္ ၄၂ နွစ္လို႔ေတာင္မထင္ရပါဘူး။

 Lee Jung-jae

Lee Jung-jae ကလည္း ကိုရီးယားနိုင္ငံရဲ ႔နာမည္ႀကီးကိုရီးယား သရုပ္ေဆာင္ေတြထဲကတစ္ဦးျဖစ္ပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ မင္းသားတစ္လက္ျဖစ္ၿပီး သူပါဝင္ဖူးတဲ့ဇာတ္ကားေတြကေတာ့ Sandglass(1995) ၊ An Affair(1998)၊ Over the Rainbow(2002) ၊ Last Present(2001) ၊The Housemaid(2010) အစရွိတာေတြျဖစ္ပါတယ္။

သူ႔ကို ၁၉၇၂ ခုနွစ္မွာ ေမြးတဲ့အတြက္ အခုဆိုရင္ ၄၆ နွစ္ရွိေနၿပီျဖစ္ပါတယ္။ ၁၉၉၅ ခုနွစ္ ကေနၿပီးေတာ့ ၂၀၁၆ ခုနွစ္အတြင္း ဆုေပါင္း ၂၄ ခု ကိုရရွိထားတဲ့ ဆြဲေဆာင္မႈရွိတဲ့ ေတာင္ကိုရီးယားမင္းသားတစ္လက္ျဖစ္ပါတယ္။ ခ်စ္သူရွိေပမယ့္လို႔ လက္ရွိအခ်ိန္ထိေတာ့ လက္မထပ္ရေသးတဲ့ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။

Photo Credit: Hype My

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ညှို့အားပြင်းတဲ့ ကိုရီးယားမင်းသားလူပျိုကြီးများ

ကိုရီးယားမင်းသားတွေ က အသက် ၃၀ ကျော်ရင်တောင်အသက်ကြီးတဲ့ သူတွေအနေနဲ့ မတွေ့ရဘဲ နုပျိုနေကြတာတွေ့ရပါတယ်။ အဲ့လိုနုပျိုကြတဲ့ မင်းသားတွေဖြစ်တဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ မင်းသား ၅ ယောက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

 

Kim Rae Won

Kim Rae Won ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆွဲဆောင်မှုရှိတဲ့မင်းသားတွေထဲ ကတစ်ယောက်ဖြစ်ပြီး ယောက်ကျားပီသတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ မွေးခဲ့တာဖြစ်တဲ့ အတွက် အသက်ကတော့ ၃၇ နှစ်ရှိပါပြီ။

အရင်က သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ My Little Bride(2004)၊ Love Story in Harvard(2004) ၊ Gourment(2008)၊ A Thousand Day’s Promise (2011) စတဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အနုပညာလုပ်ဆောင်မှုနဲ့ပတ်သက်လို့ဆုပေါင်း ၁၉ ဆုကိုရရှိထားသူလည်း ဖြစ်ပါတယ်။

Jo In-sung

Jo In-sung ကလည်း နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ အပြင်ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်း ဖြစ်ပါတယ်။ အခုချိန်ထိလည်း လူပျိုကြီးတစ်ယောက်အဖြစ်နေထိုင်နေသူဖြစ်လို့ သူ့ကိုချစ်ခင်ကြတဲ့ ကောင်မလေးတွေ အတွက်တော့ မျှော်လင့်လို့ရနေသူတစ်ဦးဖြစ်ပါတယ်။ သူကတော့ Frozen Flower(2008) ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

ဒါ့အပြင်သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကတော့ A Dity Carnival(2006)၊ The King(2017) နဲ့ It’s Okay,That’s Love (2014) အစရှိတာတွေဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသားတစ်လက်ဖြစ်သလို ၂၀၀၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆုပေါင်း ၃၄ ဆုကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။သူ့အသက်ကတော့ ၁၉၈၁ ခုနှစ်မှာမွေးခဲ့လို့ အခုဆိုရင် ၃၇ နှစ်ရှိနေပါပြီ။

Gong Yoo

Gong Yoo ကိုတော့ ၁၉၇၉ခုနှစ်မှာ မွေးခဲ့လို့အခုဆိုရင် သူ့အသက်ဟာ ၃၉ နှစ်ရှိလို့နေပါပြီ။ အခုချိန်ထိလည်း တစ်ကိုယ်တည်းလူပျိုကြီးတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။ Gong Yoo ဟာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ထဲမှ သူ့ကိုလူသိများစေခဲ့တဲ့ဇာတ်ကားတွေကတော့ Silenced(2011) ၊ Train to Busan(2016) စတွေဖြစ်ပါတယ်။

သူပါဝင်ဖူးတဲ့ အခြားဇာတ်ကားတွေကတော့ The 1st Shop of Coffee Prince (2007) ၊ The Age of Shadows (2016) ၊ Guardian:The Lonely and Great God (2016-2017) ထဲမှာ မှင်စာအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကနေပြီး ၂၀၁၇ ခုနှစ်အထိ ဆုပေါင်း ၁၂ ဆုကို ရရှိထားသူဖြစ်ပါတယ်။

Kim Jong-kook

Kim Jong-kook ကတော့ Running Man အစီအစဉ် မှာ လူသိများကြတဲ့ လူသန်ကြီးဖြစ်ပါတယ်။ ဗလတောင့်တောင့်နဲ့ စိတ်ထားနူးညံ့တဲ့ သူ့ရဲ့ပုံစံကြောင့် လူချစ်လူခင်ပေါသူတစ်ဦးလည်းဖြစ်ပါတယ်။

Running Man အစီအစဉ်မှာ နာမည်ကြီးသူတစ်ဦးအပြင် တေးသီချင်းတွေကိုလည်း သီဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတေးဂီတ အဖွဲ့ဖြစ်တဲ့ Turbo ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ အဲ့အဖွဲ့က ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းသီဆိုထားတဲ့ Solo Album (Renaissance) ကိုလည်း ၂၀၀၁ ခုနှစ်က ထုတ်ခဲ့ပါသေးတယ်။ အနုပညာအလုပ်နဲ့ပတ်သက်လို့ ရရှိခဲ့တဲ့ ဆုတွေဟာဆိုရင် ၂၀၀၄ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အထိ ဆုပေါင်း ၃၀ ကိုရရှိထားသူလည်းဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၇၆ ခုနှစ်မှာမွေးခဲ့တာဖြစ်လို့ အခုဆိုရင် အသက်က ၄၂နှစ်ရှိပြီဖြစ်ပါတယ်။ အားကစားလိုက်စားသူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရင် ၄၂ နှစ်လို့တောင်မထင်ရပါဘူး။

Lee Jung-jae

Lee Jung-jae ကလည်း ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးကိုရီးယား သရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မင်းသားတစ်လက်ဖြစ်ပြီး သူပါဝင်ဖူးတဲ့ဇာတ်ကားတွေကတော့ Sandglass(1995) ၊ An Affair(1998)၊ Over the Rainbow(2002) ၊ Last Present(2001) ၊The Housemaid(2010) အစရှိတာတွေဖြစ်ပါတယ်။

သူ့ကို ၁၉၇၂ ခုနှစ်မှာ မွေးတဲ့အတွက် အခုဆိုရင် ၄၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ကနေပြီးတော့ ၂၀၁၆ ခုနှစ်အတွင်း ဆုပေါင်း ၂၄ ခု ကိုရရှိထားတဲ့ ဆွဲဆောင်မှုရှိတဲ့ တောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်ပါတယ်။ ချစ်သူရှိပေမယ့်လို့ လက်ရှိအချိန်ထိတော့ လက်မထပ်ရသေးတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

Photo Credit: Hype My

ကြည်သာ (Akhayar)

www.akhayar.com