ဇိမ်ခံစမတ်ဖုန်းတွေချည်းပဲ ထုတ်လုပ်တဲ့ Vertu ဟာ ယခုအခါမှာ နောက်ထပ် Android Luxury စမတ်ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ တန်ဖိုးကြီး Android ဖုန်းဖြစ်တဲ့ Constellation လို့ နာမည်ပေးထားတဲ့ ဖုန်းကို Vertu က “ဇိမ်ခံလုပ်ဆောင်ချက်တွေနဲ့ စမတ်ဖုန်း” လို့ နာမည်ပေးထားတာပါ။ တကယ်လည်း ပြောတဲ့အတိုင်းလည်း လုပ်ဆောင်ချက်တွေက အမိုက်စားတွေပါပဲ။

Constellation ဟာ Vertu ရဲ့ တခြား ဟန်းဆက်တွေလိုပဲ အင်္ဂလန်လက်လုပ် ပစ္စည်းဖြစ်ပြီး ကိုယ်ထည်ကို အလျူမီနီးယံနဲ့ သားရေနှစ်မျိုးစပ်ပြီး ပြုလုပ်ထားတာပါ။ အောက်ခြေက ခလုတ်တွေကို ပတ္တမြားတွေနဲ့ ပြုလုပ်ထားတာဖြစ်ကာ Vertu ရဲ့ ၂၄နာရီ စောင့်ကြည်ဝန်ဆောင်မှုလည်း ရှိပါသေးတယ်။

Constellation ဟာ လုပ်ဆောင်ချက်တွေကိုလည်း လျစ်လျူရှုလို့မရနိုင်ပါဘူး။ လုပ်ဆောင်ချက်တွေအနေနဲ့ အကျယ် ၅.၅လက်မရှိတဲ့ (2560 x 1440) WQHD AMOLED မျက်နှာပြင်ကို ထည့်သွင်းထားပြီး Pixel ပေါင်း ၃.၆သန်းကျော်ပါဝင်ပါတာကြောင့် PPI အနေနဲ့ 558 အထိရှိတာပါ။ Vertu ဟာ မြလို ပရီမီယံသတ္တုတွေကိုလည်း ထည့်သွင်းဖွဲ့စည်းထားပြီး အပေါ်ကနေ ၁၄၀ကရက်ရှိတဲ့ အပွန်းခံကာဗာကို တပ်ဆင်ထားပါသေးတယ်။ Qualcomm Snapdragon 820 Processor, 4GB RAM, 128GB Storage (SD ကတ်စိုက်နိုင်) နဲ့ USB-C အမျိုးအစားနဲ့ 3220mAh ဘက်ထရီတွေပါဝင်ပါတယ်။

Vertu ဟာ Dolby Digital Plus စနစ်နဲ့ Virtual Surround Sound ၊ ရှေ့မျက်နှာ စတီရီယိုစပီကာတွေလည်း ပါဝင်ပြီး ဒါဟာဆိုရင် ပစ္စည်းရဲ့ အပေါ်နဲ့ အောက်ဘက်ပိုင်းတွေမှာ တည်ရှိပါတယ်။ Constellation မှာ ကျောဘက် 12-megapixel ရှိတဲ့ ဆင်ဆာပါဝင်ပြီး Google ဖုန်းတွေနဲ့တောင် ကောင်းကောင်း ယှဉ်ရိုက်နိုင်ကြောင်း Vertu ကဆိုပါတယ်။

ဖုန်းဟာ Customize အနေနဲ့ Android 6.0.1 Marshmallow စနစ်နဲ့သာ အလုပ်လုပ်မှာ ဖြစ်ပေမယ့် Vertu ကတော့ Nougat စနစ်အထိ ရရှိအောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Vertu Constellation ဖုန်းကို လာမယ့် ဖေဖော်ဝါရီလလယ်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုတော့ ထုတ်ဖော်ခြင်းမရှိသေးပေမယ့် အခြားဖုန်းအမျိုးအစားတွေလိုပဲ ဒေါ်လာ ထောင်ဂဏန်းကျော်လောက်ရှိနိုင်ကြောင်း သိရပါတယ်။

Ref: Engadget,