အခု ၂၀၁၉ ခုနှစ်ဟာ စမတ်ဖုန်းလောကအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာတော့မှာပါ။ ဘာကြောင့်လဲဆိုရင် 5G ကို အခုအချိန်မှာ စတင်နေပြီဖြစ်ပြီးတော့ Operator တွေကလည်း အပြိုင်အဆိုင်ဖြစ်နေတာကြောင့်ပါ။

Verizon 5G

အခုအချိန်မှာတော့ US Operator တစ်ခုဖြစ်တဲ့ Verizon ကနေ US မှာရှိတဲ့ Chicago နဲ့ Minneapolis ပြည်နယ်နေရာအချို့မှာ 5G Network ကို စတင်စမ်းသပ်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာ 5G စမတ်ဖုန်းတွေက နည်းပါးနေသေးတဲ့အတွက် Motorola Moto Z3 ဖုန်းမှာ 5G Mod နဲ့ စမ်းသပ်ခဲ့ရတာပါ။

Verizon 5G

ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဒီ Verizon ရဲ့ 5G Speed က အနည်းဆုံး 400Mbps ကနေ 600Mbps အထက်ရရှိနေပြီးတော့ တစ်ခါတလေမှာ 800Mbps နားကပ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်တမ်းအသုံးပြုလို့ရပြီးတော့ 5G စမတ်ဖုန်းတွေလည်း ပေါများလာပြီဆိုရင် Network Speed က 1Gbps အထက်ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါက 5G Network ရဲ့ အစဖြစ်လာပြီးတော့ မကြာခင်မှာတော့ Download Speed ကို Gbps နဲ့ ချီပြီး ပိုမိုမြန်ဆန်လာတော့မှာပါ။