၂ဝ၁၈ မှာ Venom ရုံတင်တုန်းက အဖွင့်လှခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ Sony ကနေပဲ ဒေါ်လာ ၁၁၆ သန်းနဲ့ ဖန်တီးခဲ့တဲ့ Low Budget ကားဆိုပေမယ့် Venom အခေါ် Symbiote တကောင်နဲ့ ဂျာနယ်လစ် Eddie Brock တဖြစ်လည်း Tom Hardy တို့အကြား Mutual Relationship ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် တအိအိနဲ့ ဒေါ်လာ သန်း ၈၅ဝ လောက်အထိ ဝင်ငွေတက်လာတာပါ။ ဒါကြောင့် Sony ကပဲ Venom 2 ဆက်ရိုက်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒီ Venom ဇာတ်ကားက ဝေဖန်ခံခဲ့ရပေမယ့် Sequel ထွက်လာမယ်ဆိုတော့ ဘယ်လိုဇာတ်အိမ်တည်ထားမလဲ။ ပထမတစ်ကားရဲ့ Credit Scene မှာ Eddie က ဂျာနယ်လစ်အနေနဲ့ San Quentin ထောင်က Serial Killer Cletus Kasady ကို အင်တာသွားဗျူးတာကို ဖော်ပြထားခဲ့ပါတယ်။ အဲဒီမှာ Cletus က သူထောင်ကနေလွတ်တာနဲ့ အစုလိုက်အပြုံလိုက်လူသတ်မယ်ပြောခဲ့လို့ Marvel Fan တွေက Carnage ဖြစ်လာမယ်လို့ သုံးသပ်နေကြတာပါ။

Cletus Kasady ဆိုတာက Comics တွေမှာ Venom ရဲ့ အကြီးမားဆုံးရန်သူတွေထဲက တစ်ယောက်ပါ။ သူက Symbiote နဲ့ ပေါင်းသွားတဲ့အခါမှာ Moral လုံးဝမရှိတော့ဘဲ သွေးသံရဲရဲကိုမြင်ရပြီး အကြမ်းဖက်ရတာကိုခုံမင်တဲ့ စိတ္တဇလူသတ်သမား တစ်ယောက်အဖြစ်ကို ပြောင်းသွားပါတယ်။ အခုထွက်လာမယ့် Cletus နေရာမှာ ဘယ်သူသရုပ်ဆောင်မယ်ဆိုတာကိုတော့ အတည်မပြုရသေးပါဘူး။

Venom ရဲ့ Producer “Amy Pascal” ပြောခဲ့တာကတော့ Venom 2 မှာ Spider-Man (Tom Holland) ပါလာနိုင်ခြေရှိတယ်လို့ Teased လုပ်သွားခဲ့ပါတယ်။ သူမပြောခဲ့တာက “လူတိုင်းဒါကိုကြည့်ချင်မှာပါ။ ဘယ်တော့မှကြိုမသိနိုင်ဘူးလေ..တစ်နေ့နေ့ဖြစ်ရင်ဖြစ်လာမှာပေါ့။ ကျွန်မတို့ Tom Holland ကို အားလုံးမှာပါဝင်နိုင်အောင် အစီအစဉ်အကြီးကြီးတွေပြင်ဆင်ထားပါတယ်။ အားလုံးလို့ပြောတဲ့အခါမှာ သူမရိုက်တဲ့ရုပ်ရှင်ကားတိုင်း Tom Holland ပါကိုပါရမယ်လို့ ဆိုလိုတာပါလို့လည်း ပြောခဲ့ပါတယ်။ ဒါကြောင့် Amy Pascal ထုတ်မယ့် Venom မှာ Tom Holland မပါဘူးလို့ မပြောနိုင်ပါဘူး။ ဒါ့အပြင် သူရိုက်တဲ့ Spider-Man Far From Home မှာလည်း Venom ပါလာမလားဆိုတာ တွေးကြည့်ရင် ရင်ခုန်စရာပါပဲ။

 

ဘယ်လိုနေနေပါ။ သေချာတာကတော့ Sony ရော Marvel ကပါ Tom Holland (Spider-Man) နဲ့ Tom Hardy (Venom) ကို ရုပ်ရှင်တစ်ကားတည်းမှာ အတူတူသရုပ်ဆောင်ခိုင်းမယ့် စိတ်ကူးမျိုးရှိနေတာကို မသိမသာလေး ခန့်မှန်းလို့ရနေပါတယ်။ ဒီတော့ Venom 2 မှာ ဘယ်လိုဇာတ်ကောင်တွေနဲ့ဘယ်လိုဇာတ်ကွက်တွေသုံးပြီး Mind-Blown လုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။

Source: Entertainment Weekly

Piki (Akhayar)

www.akhayar.com