ရန္ကုန္ႏွင္႔ ၿမိဳ႕ႀကီး ၉ ၿမိဳ႕က ကညနရုံးေတြမွာ ေမာ္ေတာ္ယာဥ္ကုိ Test Lane နဲ႔စစ္ေဆးမယ္

Vehicle Test Lane

[Zawgyi]

ရန္ကုန္ႏွင္႔ ၿမိဳ႕ႀကီး ၉ ၿမိဳ႕က ကညနရုံးေတြမွာ ေမာ္ေတာ္ယာဥ္ကုိ Test Lane နဲ႔စစ္ေဆးမယ္

ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီး ၉ ၿမိဳ႕က ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန(ကညန) ရုံးေတြ မွာ ေမာ္ေတာ္ယာဥ္ေတြကုိ ဂ်ပန္အျပည္ျပည္ဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA)ရဲ႕အကူအညီနဲ႔ ေမာ္ေတာ္ယာဥ္ကနဦးစစ္ေဆးတာေတြနဲ႔ သက္တမ္းတုိးစစ္ေဆးတာေတြကုိ ကြန္ပ်ဴတာစနစ္အသုံးျပဳတဲ့ Test Lane စက္နဲ႔ စစ္ေဆးသြားမယ္လုိ႔သိရပါတယ္။

ဒီလုိစစ္ေဆးတာကုိ ရန္ကုန္က ျမင္သာကညနရုံးမွာ ဦးဆုံးေဆာင္ရြက္မွာျဖစ္ၿပီး လာမယ့္ဒီဇင္ဘာမွာ စတင္စစ္ေဆးေပးႏုိင္မယ္လုိ႔သိရပါတယ္။ ယာဥ္ေတြကို စက္စနစ္နဲ႔စစ္ေဆးဖုိ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရတာက ယာဥ္နဲ႔ပတ္သတ္တဲ့အေသးစိတ္အခ်က္အလက္ေတြကုိ သိရွိႏုိင္ဖုိ႔အတြက္ျဖစ္တယ္လုိ႔သိရပါတယ္။ ဒါ့အျပင္ ေလထုညစ္ညမ္းမႈကုိ ကာကြယ္ႏုိင္ဖုိ႔အတြက္ အိတ္ေဇာကထြက္တဲ့အေငြ႔မွာ သဘာဝပတ္၀န္းက်င္အတြက္ ဆိုးက်ိဳးေတြဘယ္ေလာက္ပါေနသလဲဆုိတာကုိပါ စစ္ေဆးႏုိင္မယ္လုိ႔ဆုိပါတယ္။

ရန္ကုန္က ျမင္သာကညနရုံးမွာ စက္တပ္ဆင္ၿပီးသြားရင္ ေထာက္ၾကန္႔၊ ပဲခူး၊ ေမာ္လၿမိဳင္၊ မႏၲေလး၊ မေကြး၊ ပုသိမ္၊ ေတာင္ႀကီး၊မုံရြာၿမိဳ႕ေတြက ရုံးေတြမွာ စက္ေတြ ဆက္လက္တပ္ဆင္သြားမွာျဖစ္ၿပီး စစ္ေဆးသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ကုန္လမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနကလုပ္ေဆာင္ေနတဲ့ ယာဥ္မွတ္္ပုံတင္တာနဲ႔ယာဥ္စစ္ေဆးျခင္းလုပ္ငန္းေတြကုိ ပုဂၢလိကက႑ကေန Inspection Center ေတြတည္ေထာင္ၿပီး Multi Test Lane နဲ႔ စစ္ေဆးေဆာင္ရြက္ခြင့္ျပဳဖုိ႔အတြက္ စည္းမ်ဥ္းေတြေရးဆြဲထားၿပီး အတည္ျပဳခ်က္ရရွိမယ္ဆုိရင္ တာဝန္ေတြကုိပုဂၢလိကဘက္ကေန ခြဲေဝေဆာင္ရြက္သြားဖုိ႔ရွိတယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနကသိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ယာဥ္စစ္ေဆးတာကုိ မ်က္ျမင္အေနအထားနဲ႕စစ္ေဆးေနတာျဖစ္ၿပီး စက္ေတြ တပ္ဆင္ၿပီးလုိ႔ Test Lane နဲ႔စစ္မယ္ဆုိရင္ တစ္ေန႔တာ ယာဥ္စစ္ေဆးႏုိင္မႈအေရအတြက္ကုိတုိးၿပီး စစ္ေဆးႏုိင္မွာျဖစ္တယ္လုိ႔သိရပါတယ္။

www.akhayar.com

[Unicode]

ရန်ကုန်နှင့် မြို့ကြီး ၉ မြို့က ကညနရုံးတွေမှာမော်တော်ယာဉ်ကို Test Lane နဲ့စစ်ဆေးမယ်

ရန်ကုန် အပါအဝင် မြို့ကြီး ၉ မြို့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ရုံးတွေ မှာ မော်တော်ယာဉ်တွေကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)ရဲ့အကူအညီနဲ့ မော်တော်ယာဉ်ကနဦးစစ်ဆေးတာတွေနဲ့ သက်တမ်းတိုးစစ်ဆေးတာတွေကို ကွန်ပျူတာစနစ်အသုံးပြုတဲ့ Test Lane စက်နဲ့ စစ်ဆေးသွားမယ်လို့သိရပါတယ်။

ဒီလိုစစ်ဆေးတာကို ရန်ကုန်က မြင်သာကညနရုံးမှာ ဦးဆုံးဆောင်ရွက်မှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာမှာ စတင်စစ်ဆေးပေးနိုင်မယ်လို့သိရပါတယ်။ ယာဉ်တွေကို စက်စနစ်နဲ့စစ်ဆေးဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရတာက ယာဉ်နဲ့ပတ်သတ်တဲ့အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် အိတ်ဇောကထွက်တဲ့အငွေ့မှာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးတွေဘယ်လောက်ပါနေသလဲဆိုတာကိုပါ စစ်ဆေးနိုင်မယ်လို့ဆိုပါတယ်။

ရန်ကုန်က မြင်သာကညနရုံးမှာ စက်တပ်ဆင်ပြီးသွားရင် ထောက်ကြန့်၊ ပဲခူး၊ မော်လမြိုင်၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊မုံရွာမြို့တွေက ရုံးတွေမှာ စက်တွေ ဆက်လက်တပ်ဆင်သွားမှာဖြစ်ပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလုပ်ဆောင်နေတဲ့ ယာဉ်မှတ်ပုံတင်တာနဲ့ယာဉ်စစ်ဆေးခြင်းလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍကနေ Inspection Center တွေတည်ထောင်ပြီး Multi Test Lane နဲ့ စစ်ဆေးဆောင်ရွက်ခွင့်ပြုဖို့အတွက် စည်းမျဉ်းတွေရေးဆွဲထားပြီး အတည်ပြုချက်ရရှိမယ်ဆိုရင် တာဝန်တွေကိုပုဂ္ဂလိကဘက်ကနေ ခွဲဝေဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။

လက်ရှိအချိန်မှာတော့ ယာဉ်စစ်ဆေးတာကို မျက်မြင်အနေအထားနဲ့စစ်ဆေးနေတာဖြစ်ပြီး စက်တွေ တပ်ဆင်ပြီးလို့ Test Lane နဲ့စစ်မယ်ဆိုရင် တစ်နေ့တာ ယာဉ်စစ်ဆေးနိုင်မှုအရေအတွက်ကိုတိုးပြီး စစ်ဆေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

www.akhayar.com