[Zawgyi]

ဆုဖလားေတြကုိင္ေျမႇာက္ဖုိ႔ ေမြးဖြားခဲ့သူ ဗာရန္း Varane

ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ ဖီဖာကလပ္ကမၻာ႔ဖလား(၃)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္၊ လာလီဂါ(၂)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၁)ႀကိမ္၊ စပိန္စူပါဖလား(၂)ႀကိမ္၊ ကမၻာ႔ဖလား(၁)ႀကိမ္၊ စုစုေပါင္းဖလား(၁၆)ခု။ ဒါေတြက အသက္(၂၅)ႏွစ္သာရွိေသးတဲ့ ရီးယဲလ္အသင္းက ျပင္သစ္လက္ေရြးစင္ေနာက္ခံလူ ဗာရန္း Varane ရယူထားတဲ့ ဆုဖလားစာရင္းပါပဲ။ ေဘာလုံးသမုိင္းမွာ အဓိက ဆုဖလားေတြ အမ်ားႀကီးရယူခဲ့တဲ့ နာမည္ႀကီးကစားသမားေတြရွိခဲ့ဖူးေပမယ့္ ဗာရန္းလုိ အသက္အရြယ္မွာ ဒီလုိမ်ိဳး အထင္ကရ ဆုဖလားေတြရယူႏုိင္ခဲ့သူကေတာ့ လက္ခ်ိဳးေရရမယ္။ ရီးယဲလ္အသင္းရဲ႕ သမုိင္းမွာ မွတ္တိုင္တစ္ခုစုိက္ထူႏုိင္ခဲ့တဲ့အျပင္ ၂၀၁၈ ကမၻာ႔ဖလားမွာလည္း ႏုိင္ငံအသင္းနဲ႔အတူ သမုိင္း၀င္ ေအာင္ျမင္မႈျဖစ္တဲ့ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ရယူခဲ့တယ္။

Varane-With-World-Cup-Trophy

Varane-With-World-Cup-Trophy

ဗာရန္းရဲ႕ Trophy Hall မွာ ပထမဆုံး ထည့္သြင္းခဲ့တဲ့ ဆုဖလားက ၂၀၁၁-၁၂ ရာသီ လာလီဂါ ဆုဖလားပါ။ အဲဒီရာသီတုန္းက ရီးယဲလ္အသငး္ အမွတ္(၁၀၀)နဲ႔ ဗုိလ္စဲြခဲ့ၿပီး ဗာရန္းရဲ႕ Legacy မွတ္တမ္းအတြက္ ပထမဆုံးေျခလွမ္းျဖစ္တယ္။ ၂၀၁၁ ခုႏွစ္မွာ ျပင္သစ္ကလပ္ လန္းစ္အသင္းကေန ရီးယဲလ္မက္ဒရစ္ Real Madrid ကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ဗာရန္းဟာ ရီးယဲလ္ကစားသမားဘ၀ကုိ ဆုဖလားနဲ႔ စတင္ကန္႔လန္႔ကာ ဖြင့္ခဲ့ၿပီး အဲဒီတုန္းက သူ႔ရဲ႕အသက္က (၁၉)ႏွစ္ပဲရွိေသးတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ရီးယဲလ္အသင္းအတြက္ (၂၃၃)ပဲြကစားထားၿပီျဖစ္သလုိ ၂၀၁၃ ခုႏွစ္မွာ စတင္ေရြးခ်ယ္ခံခဲ့ရတဲ့ ျပင္သစ္အသင္းအတြက္လည္း (၄၉)ပဲြအထိ ကစားၿပီးၿပီ။

Varane-and-His-Trophies

Varane-and-His-Trophies

၂၀၁၁ က ဗာရန္းရဲ႕အေနအထားနဲ႔ လက္ရွိဗာရန္းရဲ႕အေနအထားက အရမ္းကုိ ေျပာင္းလဲသြားၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ လက္ရွိဗာရန္းက ကလပ္အသင္းအတြက္ေရာ၊ ႏုိင္ငံအသင္းမွာပါ Indisputable Player တစ္ဦးျဖစ္ေနတာေၾကာင့္ပါပဲ။ ထူးျခားမႈတစ္ခုကေတာ့ ဗာရန္း ကလပ္နဲ႔ႏုိင္ငံႏွစ္သငး္ေပါင္း ဗုိလ္လုပဲြ(၁၀)ပဲြကစားခဲ့တာမွာ ပဲြတုိင္းအႏုိင္ရခဲ့တဲ့ မွတ္တမ္းပုိင္ဆုိင္ထားတာပါ။ ၂၀၁၂-၁၃ ရာသီတုန္းက ဗာရန္း မပါ၀င္ႏုိင္ခဲ့တဲ့ စပိန္ဘုရင့္ဖလားဗုိလ္လုပဲြမွာ ရီးယဲလ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကုိအသင္းကုိ ႐ႈံးနိမ့္ခဲ့တယ္။ ယူ႐ုိ-၂၀၁၆ ဗုိလ္လုပဲြတုန္းကလည္း ဘယ္ဘက္ေျခေထာက္မွာ ဒဏ္ရာရေနလုိ႔ ပါ၀င္ႏုိင္ျခင္းမရွိဘဲ ျပင္သစ္အသင္းကလည္း ေပၚတူဂီကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ဒါေၾကာင့္ ဗာရန္းဟာ ဗုိလ္လုပြဲမွာဆုိရင္ An Omen Of Victory လုိ႔ေတာင္ တင္စားရမယ္။

Varane-With-Champions-League-Trophy

Varane-With-Champions-League-Trophy

အသက္(၂၅)ႏွစ္အရြယ္သာရွိေသးတဲ့ ဗာရန္းအတြက္ ဆက္လက္ေလွ်ာက္လွမ္းရမယ့္ ခရီးက အရွည္ႀကီး က်န္ပါေသးတယ္။ ဒါေပမဲ့ ခရီးတစ္၀က္သာသာမွာပဲ သူ႔ထက္ နာမည္ေက်ာ္တဲ့ကစားသမားေတြ၊ ဂႏၳ၀င္ကစားသမားေတြေတာင္ မရယူႏုိင္ခဲ့တဲ့ ဆုဖလားေအာင္ျမင္မႈေတြကုိ ရယူႏုိင္ခဲ့ပါၿပီ။ ဒါေၾကာင့္ ဗာရန္းဟာ ဆုဖလားေတြကုိင္ေျမႇာက္ဖုိ႔အတြက္ ေမြးဖြားလာခဲ့သူ Player Who Was Born For Trophy လုိ႔ပဲ သတ္မွတ္လုိက္ပါရေစ . . . .

ဗာရန္း ရယူခဲ့တဲ့ ဆုဖလားမ်ား

Real Madrid
La Liga: 2011–12, 2016–17
Copa del Rey: 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017
FIFA Club World Cup: 2014, 2016, 2017

France
FIFA World Cup: 2018

REF:Marca
Photo:Managing Madrid,SPORTbible,Pinterest,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆုဖလားတွေကိုင်မြှောက်ဖို့ မွေးဖွားခဲ့သူ ဗာရန်း Varane

ချန်ပီယံလိဂ်(၄)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၃)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ်၊ လာလီဂါ(၂)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ်၊ စပိန်စူပါဖလား(၂)ကြိမ်၊ ကမ္ဘာ့ဖလား(၁)ကြိမ်၊ စုစုပေါင်းဖလား(၁၆)ခု။ ဒါတွေက အသက်(၂၅)နှစ်သာရှိသေးတဲ့ ရီးယဲလ်အသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဗာရန်း Varane ရယူထားတဲ့ ဆုဖလားစာရင်းပါပဲ။ ဘောလုံးသမိုင်းမှာ အဓိက ဆုဖလားတွေ အများကြီးရယူခဲ့တဲ့ နာမည်ကြီးကစားသမားတွေရှိခဲ့ဖူးပေမယ့် ဗာရန်းလို အသက်အရွယ်မှာ ဒီလိုမျိုး အထင်ကရ ဆုဖလားတွေရယူနိုင်ခဲ့သူကတော့ လက်ချိုးရေရမယ်။ ရီးယဲလ်အသင်းရဲ့ သမိုင်းမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း နိုင်ငံအသင်းနဲ့အတူ သမိုင်းဝင် အောင်မြင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူခဲ့တယ်။

Varane-With-World-Cup-Trophy

Varane-With-World-Cup-Trophyဗာရန်းရဲ့ Trophy Hall မှာ ပထမဆုံး ထည့်သွင်းခဲ့တဲ့ ဆုဖလားက ၂၀၁၁-၁၂ ရာသီ လာလီဂါ ဆုဖလားပါ။ အဲဒီရာသီတုန်းက ရီးယဲလ်အသင်း အမှတ်(၁၀၀)နဲ့ ဗိုလ်စွဲခဲ့ပြီး ဗာရန်းရဲ့ Legacy မှတ်တမ်းအတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်။ ၂၀၁၁ ခုနှစ်မှာ ပြင်သစ်ကလပ် လန်းစ်အသင်းကနေ ရီးယဲလ်မက်ဒရစ် Real Madrid ကို ပြောင်းရွှေ့ခဲ့တဲ့ ဗာရန်းဟာ ရီးယဲလ်ကစားသမားဘဝကို ဆုဖလားနဲ့ စတင်ကန့်လန့်ကာ ဖွင့်ခဲ့ပြီး အဲဒီတုန်းက သူ့ရဲ့အသက်က (၁၉)နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရီးယဲလ်အသင်းအတွက် (၂၃၃)ပွဲကစားထားပြီဖြစ်သလို ၂၀၁၃ ခုနှစ်မှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ ပြင်သစ်အသင်းအတွက်လည်း (၄၉)ပွဲအထိ ကစားပြီးပြီ။

Varane-and-His-Trophies

Varane-and-His-Trophies

၂၀၁၁ က ဗာရန်းရဲ့အနေအထားနဲ့ လက်ရှိဗာရန်းရဲ့အနေအထားက အရမ်းကို ပြောင်းလဲသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဗာရန်းက ကလပ်အသင်းအတွက်ရော၊ နိုင်ငံအသင်းမှာပါ Indisputable Player တစ်ဦးဖြစ်နေတာကြောင့်ပါပဲ။ ထူးခြားမှုတစ်ခုကတော့ ဗာရန်း ကလပ်နဲ့နိုင်ငံနှစ်သင်းပေါင်း ဗိုလ်လုပွဲ(၁၀)ပွဲကစားခဲ့တာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းပိုင်ဆိုင်ထားတာပါ။ ၂၀၁၂-၁၃ ရာသီတုန်းက ဗာရန်း မပါဝင်နိုင်ခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရီးယဲလ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တယ်။ ယူရို-၂၀၁၆ ဗိုလ်လုပွဲတုန်းကလည်း ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရနေလို့ ပါဝင်နိုင်ခြင်းမရှိဘဲ ပြင်သစ်အသင်းကလည်း ပေါ်တူဂီကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့် ဗာရန်းဟာ ဗိုလ်လုပွဲမှာဆိုရင် An Omen Of Victory လို့တောင် တင်စားရမယ်။

Varane-With-Champions-League-Trophy

Varane-With-Champions-League-Trophy

အသက်(၂၅)နှစ်အရွယ်သာရှိသေးတဲ့ ဗာရန်းအတွက် ဆက်လက်လျှောက်လှမ်းရမယ့် ခရီးက အရှည်ကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့ ခရီးတစ်ဝက်သာသာမှာပဲ သူ့ထက် နာမည်ကျော်တဲ့ကစားသမားတွေ၊ ဂန္ထဝင်ကစားသမားတွေတောင် မရယူနိုင်ခဲ့တဲ့ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် ဗာရန်းဟာ ဆုဖလားတွေကိုင်မြှောက်ဖို့အတွက် မွေးဖွားလာခဲ့သူ Player Who Was Born For Trophy လို့ပဲ သတ်မှတ်လိုက်ပါရစေ . . . .

ဗာရန်း ရယူခဲ့တဲ့ ဆုဖလားများ

Real Madrid
La Liga: 2011–12, 2016–17
Copa del Rey: 2013–14
Supercopa de España: 2012, 2017
UEFA Champions League: 2013–14, 2015–16, 2016–17, 2017–18
UEFA Super Cup: 2014, 2016, 2017
FIFA Club World Cup: 2014, 2016, 2017

France
FIFA World Cup: 2018

REF:Marca
Photo:Managing Madrid,SPORTbible,Pinterest,Twitter
Naing Linn(Akhayar)
www.akhayar.com