[Zawgyi]

လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ VAR စနစ္ကို စတင္အသုံးျပဳေတာ့မယ္

႐ုပ္သံအကူ ဒုိင္စနစ္ (VAR) ကုိ လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ စတင္အသုံးျပဳဖုိ႔အတြက္ ပရီးမီးယားလိဂ္ အသင္း(၂၀)က တာ၀န္ရွိသူေတြဟာ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ပါတယ္။ VAR ကုိ လာလီဂါ၊ စီးရီးေအ၊ ျပင္သစ္လီဂူး စတဲ့ ဥေရာပထိပ္သီးလိဂ္ေတြအျပင္ FIFA လက္ေအာက္ခံ ကမၻာ႔ဖလားလုိ ၿပိဳင္ပဲြႀကီးေတြမွာ က်င့္သုံးေနၾကပါၿပီ။ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ VAR စနစ္ အသုံးျပဳမယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း ကလပ္အသင္းတာ၀န္ရွိသူေတြက သေဘာမတူခဲ့တာေၾကာင့္ မျဖစ္ေျမာက္ခဲ့ပါဘူး။ ဒါေပမဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ အျငင္းပြားစရာ သြင္းဂုိးေတြ၊ ဒုိင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ လာမယ့္ရာသီမွာ VAR စနစ္ကုိ အသုံးျပဳဖုိ႔ ကလပ္အသင္းတာ၀န္ရွိသူေတြက တညီတညြတ္တည္း ဆုံးျဖတ္ခ့ဲတာျဖစ္ၿပီး ႏုိင္ငံတကာေဘာလုံးဘုတ္အဖဲြ႕အစည္း (IFAB)နဲ႔ FIFA ဆီက ခြင့္ျပဳခ်က္ရဖုိ႔သာ လုိအပ္ပါေတာ့တယ္။

Official-Watching-VAR

Official-Watching-VAR

အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ ပရီးမီးယားလိဂ္ေဘာလုံးအဖဲြ႕ခ်ဳပ္က “၂၀၁၉-၂၀ ရာသီက စၿပီး VAR စနစ္ကုိ ပရီးမီးယာလိဂ္မွာ အသုံးျပဳဖုိ႔အတြက္ ကလပ္အသင္းတာ၀န္ရွိသူေတြဟာ သေဘာတူညီခဲ့ၾကပါတယ္။ VAR စနစ္ကုိ FA ဖလား၊ လိဂ္ဖလားေတြမွာ အသုံးျပဳေနသလုိ တျခားထိပ္သီးလိဂ္ေတြမွာလည္း က်င့္သုံးေနၾကလုိ႔ သူတို႔ဆီကေန အဲဒီစနစ္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကုိ ေဆြးေႏြးသြားၾကမွာပါ”လုိ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:dailymail
Photo:standard,The Independent
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ VAR စနစ်ကို စတင်အသုံးပြုတော့မယ်

ရုပ်သံအကူ ဒိုင်စနစ် (VAR) ကို လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ စတင်အသုံးပြုဖို့အတွက် ပရီးမီးယားလိဂ် အသင်း(၂၀)က တာဝန်ရှိသူတွေဟာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ VAR ကို လာလီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး စတဲ့ ဥရောပထိပ်သီးလိဂ်တွေအပြင် FIFA လက်အောက်ခံ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတွေမှာ ကျင့်သုံးနေကြပါပြီ။ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ VAR စနစ် အသုံးပြုမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ကလပ်အသင်းတာဝန်ရှိသူတွေက သဘောမတူခဲ့တာကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အငြင်းပွားစရာ သွင်းဂိုးတွေ၊ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် လာမယ့်ရာသီမှာ VAR စနစ်ကို အသုံးပြုဖို့ ကလပ်အသင်းတာဝန်ရှိသူတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့အစည်း (IFAB)နဲ့ FIFA ဆီက ခွင့်ပြုချက်ရဖို့သာ လိုအပ်ပါတော့တယ်။

Official-Watching-VAR

Official-Watching-VAR

အဲဒီကိစ္စနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က “၂၀၁၉-၂၀ ရာသီက စပြီး VAR စနစ်ကို ပရီးမီးယာလိဂ်မှာ အသုံးပြုဖို့အတွက် ကလပ်အသင်းတာဝန်ရှိသူတွေဟာ သဘောတူညီခဲ့ကြပါတယ်။ VAR စနစ်ကို FA ဖလား၊ လိဂ်ဖလားတွေမှာ အသုံးပြုနေသလို တခြားထိပ်သီးလိဂ်တွေမှာလည်း ကျင့်သုံးနေကြလို့ သူတို့ဆီကနေ အဲဒီစနစ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးသွားကြမှာပါ”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:dailymail
Photo:standard,The Independent
Naing Linn(Akhayar)
www.akhayar.com