[Zawgyi]

VAR ရဲ႕ မထူးဆန္းေသာ အျငင္းအခံုမ်ား

႐ုပ္သံအကူဒုိင္စနစ္ (VAR) နဲ႔ အျငင္းအခံုျဖစ္ရပ္ေတြဟာ အတူတကြေမြးဖြားလာတယ္လို႔ ဆုိရမယ္။ လူသားအေျချပဳ နည္းပညာသံုးစနစ္တစ္ခုျဖစ္လုိ႔ ဆင္ျခင္တံုတရားအေပၚမူတည္ၿပီး မွန္ကန္မႈ၊ ကြဲလဲြမႈဟာ ရွိေနမွာပဲ။ ၿပီးခဲ့တဲ့ ဟတ္ဒါဖီးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္တို႔ရဲ႕ပြဲမွာ မာတာ (Mata) ရဲ႕သြင္းဂိုး၊ လူကၽြံ၊ မကၽြံဆုိၿပီး အျငင္းပြားခဲ့ရတယ္။ ယန္း (Young) ေပးတာကေန မာတာ လွလွပပအဆံုသတ္ခဲ့တယ္။ ဂိုးသြားၿပီဆိုၿပီး မာတာေအာင္ပြဲခံတယ္။ ဒါေပမဲ့ ကြင္းလယ္ဒုိင္ ဖရန္႔(Friend) က VAR ျပန္ၾကည့္ၿပီး လူကၽြံတယ္ဆိုၿပီး သတ္မွတ္လုိုက္တယ္။ ဂိုးမေပးခဲ့ဘူး။ ဂိုး၀င္ၿပီဆိုၿပီး ေအာင္ပြဲခံခဲ့သူ မာတာလည္း ဖီးလ္က်ဲသြားမယ္။ VAR ျပန္ၾကည့္ခ်ိန္ႏွစ္မိနစ္ေလာက္အတြင္းမွာ ပရိသတ္ေတြရဲ႕ ပြဲအေပၚအာ႐ံုစူးစုိက္မႈေတြဟာလည္း အရည္ေပ်ာ္က်သြားမယ္။ တကယ့္ကို သက္ေသာင့္သက္သာမရွိတဲ့အေျခအေနမ်ဳိးပဲ။ ဟတ္ဒါဖီးနည္းျပ ၀က္ဂ္နာ(Wegner) က မာတာျဖစ္ရပ္မွာ သူတုိ႔အသင္းအက်ဳိးရွိခဲ့ေပမယ့္ VAR လုပ္ထံုးလုပ္နည္းကို မႀကိဳက္ဘူးလို႔ ေျပာပါတယ္။ ေဘာလံုးပြဲရဲ႕ ရသကို ပ်က္စီးေစတယ္လို႔လည္း ေ၀ဖန္ခဲ့ေသးတယ္။

တကယ္ဆို မာတာ လူကၽြံေနပါတယ္။ ဒါေပမဲ့ VAR ဘယ္လိုဆံုးျဖတ္ခဲ့သလဲဆုိတာကို ျပန္လည္ျပသခ်ိန္မွာ စိတ္ပ်က္စရာျဖစ္ခဲ့ရတာ။ မာတာလူကၽြံေနတာကို ျပသရာမွာ လုိင္းေတြကတလြဲျဖစ္ေနတာပါပဲ။ မန္ခ်က္စတာယူႏုိက္တက္နည္းျပ ေမာ္ရင္ဟို (Mourinho) က လူကၽြံတယ္၊ မကၽြံဘူးဆိုတာထက္ VAR စနစ္ ဒီထက္ပိုၿပီးစနစ္တက်ျဖစ္ေစခ်င္၊ ပိုၿပီးဖြံ႕ၿဖိဳးေစခ်င္တယ္လို႔ မယုတ္မလြန္ေျပာသြားပါတယ္။ ကာယကံရွင္မာတာကေတာ့ ေမာ္ရင္ဟိုထက္ ခံစားခ်က္ေတြျပင္းထန္ေနတယ္။ “ VAR က မေကာင္းဘူးမဟုတ္ဘူး၊ ေကာင္းပါတယ္။ ေဘာလံုးေလာကရဲ႕အေရးပါတဲ့ဆံုးျဖတ္ခ်က္ေတြအတြက္ အရမ္းေကာင္းပါတယ္။ ဒါေပမဲ့ ဒီေန႔ျဖစ္ရပ္ကေတာ့ သိပ္မသဲကြဲဘူး” လို႔ မာတာကေျပာခဲ့တာပါပဲ။

မာတာ(Mata)ရဲ႕ အျငင္းပြားဖြယ္ဂိုး

VAR ရဲ႕မူလရည္ရြယ္ခ်က္ဟာ အျငင္းပြားဖြယ္ရာသြင္းဂိုး၊ ပယ္နယ္တီ၊ အနီကတ္နဲ႔ မွားယြင္းဆံုးျဖတ္မိတာေတြကို ျပန္လည္ၾကည့္႐ႈဖို႔ပါပဲ။ ဒါေပမဲ့ VAR ဆံုးျဖတ္ခ်က္ခံယူေနတဲ့ လိဂ္ၿပိဳင္ပြဲေတြမွာ မူလရည္ရြယ္ခ်က္ကို ေက်ာ္လြန္ၿပီး VAR ဟာအက်ပ္ကိုင္ခံေနရတယ္။ အထူးသျဖင့္ စီးရီးေအၿပိဳင္ပြဲမွာ၊ VAR ျငင္းခံုသံေတြဟာ အရမ္းက်ယ္ေလာင္လြန္းတယ္။ ဒုိင္ေတြဟာ VAR ၾကည့္ေနရင္း အမွားေတြကို က်ဴးလြန္ေနတာမ်ဳိး မၾကာခဏေတြ႕ရတတ္တယ္။ ၿပီးေတာ့ ဒုိင္ေတြဟာ အသင္းႀကီးေတြရဲ႕ ျဖစ္ရပ္ေတြကိုသာ VAR နဲ႔ ျပန္ၾကည္ဖို႔ ဦးစားေပးေနတယ္ဆုိၿပီး စြပ္စြဲသံေတြလည္း ရွိေနတယ္။
အဂၤလန္ေဘာလံုးေလာကမွာလည္း ဟတ္ဒါဖီးလ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္ပြဲမတုိင္မီ VAR နဲ႔ ဆံုးျဖတ္တာ (၄)ပြဲရွိခဲ့ပါတယ္။

ဇန္န၀ါရီ (၈)ရက္- ဘ႐ုိက္တန္နဲ႔ပဲေလ့စ္ပြဲဟာ အဂၤလန္ေဘာလံုးေလာကမွာ VAR ပထမဆံုးအသံုးျပဳခဲ့တဲ့ပြဲ၊ ဒီပြဲမွာ ဘ႐ုိက္တန္တုိက္စစ္မွဴး မာေရးရဲ႕သြင္းဂိုးလက္နဲ႔ထိခဲ့တယ္၊ မထိခဲ့ဘူးဆိုၿပီး အျငင္းပြားခဲ့ရတယ္။ ဒီျဖစ္ရပ္ကို VAR ျပန္မၾကည့္လို႔ ေ၀ဖန္ခံခဲ့ရတယ္။
ဇန္၀ါရီ (၁၆)ရက္ – လက္စတာနဲ႔ ဖလက္၀ုဒ္ပြဲမွာ လက္စတာတုိက္စစ္မွဴး အီဟီယန္နာခ်ဳိ(Iheancho)ရဲ႕ ဂိုးကို VAR နဲ႔ ျပန္ၾကည့္ၿပီး ဂိုးေပးခဲ့ပါတယ္။
ဇန္န၀ါရီ (၁၇)ရက္- ခ်ယ္လ္ဆီးက ၀ီလီယံ (Willian) ဒုိင္ပင္ပစ္ခဲ့တာကို VAR ျပန္ၾကည့္ၿပီး အ၀ါကတ္ျပခဲ့ဖူးတယ္။
ဇန္န၀ါရီ (၂၇)ရက္ – ၀က္စ္ဘရြန္းရဲ႕ ဂိုးတစ္ဂိုး ခြင့္မျပဳခဲ့ဘူး။ လီဗာပူးလ္ကို ပယ္နယ္တီေပးခဲ့တယ္။ ၀က္ဘရြန္းရဲ႕ အႏုိင္ဂိုးကို ျပန္လည္ဆံုးျဖတ္ေပးခဲ့ပါတယ္။

BBC ရဲ႕ အစီအစဥ္သံုးသပ္သူ၊ မန္ခ်က္စတာယူႏုိက္တက္လက္ေထာက္နည္းျပေဟာင္း စတိဗ္မက္ကလာရင္က “ ပထမတစ္ႀကိမ္ ၾကည့္ေတာ့ မာတာ လူမကၽြံသလိုပဲ။ ဒုတိယတစ္ႀကိမ္ ျပန္ၾကည့္ေတာ့ စိတ္ေက်နပ္သြားပါတယ္။ လူကၽြံေနခဲ့ပါတယ္။ ဒီဆံုးျဖတ္ခ်က္ဟာ မွန္ကန္တယ္ဆိုရင္ VAR ကိုသံုးရက်ဳိးနပ္ပါတယ္” လို႔ သံုးသပ္ခဲ့ပါတယ္။ ဒါေပမဲ့ အရင္တုန္းက VAR ကိုေထာက္ခံခဲ့ဖူးသူ ဒုိင္လူႀကီးေဟာင္း ဂေရဟမ္ပူးလ္ (Graham Poll) က ဒီထက္ပိုၿပီးရွင္းလင္းဖို႔ လုိပါတယ္လို႔ ဆိုခဲ့ပါတယ္။ VAR ကိုေငြကုန္ေၾကးက်ခံ သံုးစြဲရတဲ့ရည္ရြယ္ခ်က္ဟာ အျငင္းပြားဖြယ္ျဖစ္ရပ္ေတြ နည္းပါးေရးမဟုတ္လား။ VAR စနစ္ကိုယ္တုိင္က အျငင္းပြားစရာျဖစ္ေနရင္ အလုပ္သိပ္မဟုတ္ေသးဘူး။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

VAR ရဲ့ မထူးဆန်းသော အငြင်းအခုံများ

ရုပ်သံအကူဒိုင်စနစ် (VAR) နဲ့ အငြင်းအခုံဖြစ်ရပ်တွေဟာ အတူတကွမွေးဖွားလာတယ်လို့ ဆိုရမယ်။ လူသားအခြေပြု နည်းပညာသုံးစနစ်တစ်ခုဖြစ်လို့ ဆင်ခြင်တုံတရားအပေါ်မူတည်ပြီး မှန်ကန်မှု၊ ကွဲလွဲမှုဟာ ရှိနေမှာပဲ။ ပြီးခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲမှာ မာတာ (Mata) ရဲ့သွင်းဂိုး၊ လူကျွံ၊ မကျွံဆိုပြီး အငြင်းပွားခဲ့ရတယ်။ ယန်း (Young) ပေးတာကနေ မာတာ လှလှပပအဆုံသတ်ခဲ့တယ်။ ဂိုးသွားပြီဆိုပြီး မာတာအောင်ပွဲခံတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင် ဖရန့်(Friend) က VAR ပြန်ကြည့်ပြီး လူကျွံတယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ ဂိုးမပေးခဲ့ဘူး။ ဂိုးဝင်ပြီဆိုပြီး အောင်ပွဲခံခဲ့သူ မာတာလည်း ဖီးလ်ကျဲသွားမယ်။ VAR ပြန်ကြည့်ချိန်နှစ်မိနစ်လောက်အတွင်းမှာ ပရိသတ်တွေရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုတွေဟာလည်း အရည်ပျော်ကျသွားမယ်။ တကယ့်ကို သက်သောင့်သက်သာမရှိတဲ့အခြေအနေမျိုးပဲ။ ဟတ်ဒါဖီးနည်းပြ ဝက်ဂ်နာ(Wegner) က မာတာဖြစ်ရပ်မှာ သူတို့အသင်းအကျိုးရှိခဲ့ပေမယ့် VAR လုပ်ထုံးလုပ်နည်းကို မကြိုက်ဘူးလို့ ပြောပါတယ်။ ဘောလုံးပွဲရဲ့ ရသကို ပျက်စီးစေတယ်လို့လည်း ဝေဖန်ခဲ့သေးတယ်။

တကယ်ဆို မာတာ လူကျွံနေပါတယ်။ ဒါပေမဲ့ VAR ဘယ်လိုဆုံးဖြတ်ခဲ့သလဲဆိုတာကို ပြန်လည်ပြသချိန်မှာ စိတ်ပျက်စရာဖြစ်ခဲ့ရတာ။ မာတာလူကျွံနေတာကို ပြသရာမှာ လိုင်းတွေကတလွဲဖြစ်နေတာပါပဲ။ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို (Mourinho) က လူကျွံတယ်၊ မကျွံဘူးဆိုတာထက် VAR စနစ် ဒီထက်ပိုပြီးစနစ်တကျဖြစ်စေချင်၊ ပိုပြီးဖွံ့ဖြိုးစေချင်တယ်လို့ မယုတ်မလွန်ပြောသွားပါတယ်။ ကာယကံရှင်မာတာကတော့ မော်ရင်ဟိုထက် ခံစားချက်တွေပြင်းထန်နေတယ်။ “ VAR က မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်။ ဘောလုံးလောကရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေအတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ဖြစ်ရပ်ကတော့ သိပ်မသဲကွဲဘူး” လို့ မာတာကပြောခဲ့တာပါပဲ။

မာတာ(Mata)ရဲ့ အငြင်းပွားဖွယ်ဂိုး

VAR ရဲ့မူလရည်ရွယ်ချက်ဟာ အငြင်းပွားဖွယ်ရာသွင်းဂိုး၊ ပယ်နယ်တီ၊ အနီကတ်နဲ့ မှားယွင်းဆုံးဖြတ်မိတာတွေကို ပြန်လည်ကြည့်ရှုဖို့ပါပဲ။ ဒါပေမဲ့ VAR ဆုံးဖြတ်ချက်ခံယူနေတဲ့ လိဂ်ပြိုင်ပွဲတွေမှာ မူလရည်ရွယ်ချက်ကို ကျော်လွန်ပြီး VAR ဟာအကျပ်ကိုင်ခံနေရတယ်။ အထူးသဖြင့် စီးရီးအေပြိုင်ပွဲမှာ၊ VAR ငြင်းခုံသံတွေဟာ အရမ်းကျယ်လောင်လွန်းတယ်။ ဒိုင်တွေဟာ VAR ကြည့်နေရင်း အမှားတွေကို ကျူးလွန်နေတာမျိုး မကြာခဏတွေ့ရတတ်တယ်။ ပြီးတော့ ဒိုင်တွေဟာ အသင်းကြီးတွေရဲ့ ဖြစ်ရပ်တွေကိုသာ VAR နဲ့ ပြန်ကြည်ဖို့ ဦးစားပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေလည်း ရှိနေတယ်။
အင်္ဂလန်ဘောလုံးလောကမှာလည်း ဟတ်ဒါဖီးလ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲမတိုင်မီ VAR နဲ့ ဆုံးဖြတ်တာ (၄)ပွဲရှိခဲ့ပါတယ်။

ဇန်နဝါရီ (၈)ရက်- ဘရိုက်တန်နဲ့ပဲလေ့စ်ပွဲဟာ အင်္ဂလန်ဘောလုံးလောကမှာ VAR ပထမဆုံးအသုံးပြုခဲ့တဲ့ပွဲ၊ ဒီပွဲမှာ ဘရိုက်တန်တိုက်စစ်မှူး မာရေးရဲ့သွင်းဂိုးလက်နဲ့ထိခဲ့တယ်၊ မထိခဲ့ဘူးဆိုပြီး အငြင်းပွားခဲ့ရတယ်။ ဒီဖြစ်ရပ်ကို VAR ပြန်မကြည့်လို့ ဝေဖန်ခံခဲ့ရတယ်။
ဇန်ဝါရီ (၁၆)ရက် – လက်စတာနဲ့ ဖလက်ဝုဒ်ပွဲမှာ လက်စတာတိုက်စစ်မှူး အီဟီယန်နာချို(Iheancho)ရဲ့ ဂိုးကို VAR နဲ့ ပြန်ကြည့်ပြီး ဂိုးပေးခဲ့ပါတယ်။
ဇန်နဝါရီ (၁၇)ရက်- ချယ်လ်ဆီးက ဝီလီယံ (Willian) ဒိုင်ပင်ပစ်ခဲ့တာကို VAR ပြန်ကြည့်ပြီး အဝါကတ်ပြခဲ့ဖူးတယ်။
ဇန်နဝါရီ (၂၇)ရက် – ဝက်စ်ဘရွန်းရဲ့ ဂိုးတစ်ဂိုး ခွင့်မပြုခဲ့ဘူး။ လီဗာပူးလ်ကို ပယ်နယ်တီပေးခဲ့တယ်။ ဝက်ဘရွန်းရဲ့ အနိုင်ဂိုးကို ပြန်လည်ဆုံးဖြတ်ပေးခဲ့ပါတယ်။

BBC ရဲ့ အစီအစဉ်သုံးသပ်သူ၊ မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြဟောင်း စတိဗ်မက်ကလာရင်က “ ပထမတစ်ကြိမ် ကြည့်တော့ မာတာ လူမကျွံသလိုပဲ။ ဒုတိယတစ်ကြိမ် ပြန်ကြည့်တော့ စိတ်ကျေနပ်သွားပါတယ်။ လူကျွံနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်ဆိုရင် VAR ကိုသုံးရကျိုးနပ်ပါတယ်” လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်တုန်းက VAR ကိုထောက်ခံခဲ့ဖူးသူ ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ် (Graham Poll) က ဒီထက်ပိုပြီးရှင်းလင်းဖို့ လိုပါတယ်လို့ ဆိုခဲ့ပါတယ်။ VAR ကိုငွေကုန်ကြေးကျခံ သုံးစွဲရတဲ့ရည်ရွယ်ချက်ဟာ အငြင်းပွားဖွယ်ဖြစ်ရပ်တွေ နည်းပါးရေးမဟုတ်လား။ VAR စနစ်ကိုယ်တိုင်က အငြင်းပွားစရာဖြစ်နေရင် အလုပ်သိပ်မဟုတ်သေးဘူး။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။