ဆေးလိပ်နဲ့ Vaping ကုမ္ပဏီများဟာ ပိုမိုကောင်းမွန်ပြီး အန္တရာယ်နည်းတဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီး ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့အတွက် FDA ရဲ့စည်းမျဉ်းအချို့ကို ပြင်ဆင်ပေးစေချင်တာ ဖြစ်ပါတယ်။နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ထရမ့်အံ့သြဖွယ်အနိုင်ရခဲ့ပြီးတဲ့နောက်မှာ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ်ဥပဒေအချို့ကို ပြင်ဆင်ပေးဖို့ ကတိပေးခဲ့ပါတယ်။ ဆေးလိပ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကန့်သတ်ထားတဲ့ ဥပဒေအချို့ကို ရုပ်သိမ်းပေးဖို့အဆိုပါကုမ္ပဏီတွေက တောင်းဆိုနေခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းကပါ။

ဆေးလိပ်အစားထိုးနိုင်တဲ့ Vape နဲ့ e-cigarette ကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေဟာ ဆေးလိပ်ဖြတ်ဖို့အတွက်အကောင်းဆုံးဖြစ်ပြီးတော့ ဆေးလိပ်လိုမျိုး ဆိုးကျိုးအများအပြားမရှိတာကို ဥပဒေကြောင်းအရသက်သေပြဖို့ပြင်ဆင်နေကြပါတယ်။ အမေရိကန်မှာလည်း ပုံမှန်ဆေးလိပ်သောက်သုံးမှုဟာ အတိုင်းအတာတစ်ခုအထိလျော့နည်းလာပြီး Vape နဲ့ e-cigarette ယဉ်ကျေးမှုထွန်းကားလာပါတယ်။ အမေရိကန်ရဲ့ ဆေးလိပ်ကုမ္ပဏီကြီး Reynolds American ကို ယူကေရဲ့ ဆေးလိပ်ကုမ္ပဏီကြီး British American Tobacco က ဒေါ်လာ ၄၉ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး  ပြိုင်ဖက် Philip Morris International ကုမ္ပဏီကိုကျော်တက်ဖို့ ပြင်ဆင်နေပါတယ်။

You May Also Like: “ဗြိတိသျှတော်ဝင်မိသားစုရဲ့ မျိုးရိုးအမည်က ဘာပါလဲ

အမေရိကန်ရဲ့ ဆေးလိပ်ကုမ္ပဏီကြီး Reynolds American ရဲ့ Vuse နဲ့ British American Tobacco ကုမ္ပဏီရဲ့ Vype အမှတ်တံဆိပ်တွေဟာ အမေရိကမှာ အရောင်းရဆုံးဖြစ်ပါတယ်။

Philip Morris ကုမ္ပဏီကတော့ လောင်ကျွမ်းမှုတစ်စုံတစ်ရာမပါဝင်ပဲ သောက်သုံးနိုင်မယ့် iQQS ဆိုတဲ့နည်းပညာကို ပြင်ဆင်နေပါတယ်။ ဒီထုတ်ကုန်နဲ့ပက်သက်ပြီး FDA ရဲ့မှတ်ချက်ကိုတော့ ဒီဇင်ဘာလမှာသိရမှာပါ။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: www.bussinessinsider.com