[Zawgyi]

ဗန္ဒုိက္ Van Dijk ေရာက္လာၿပီးေနာက္ပုိင္း ခံစစ္စြမ္းေဆာင္ရည္ ပုိေကာင္းလာတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ အခုႏွစ္၊ ဇန္န၀ါရီလက ေဆာက္သမ္တန္ေနာက္ခံလူ ဗန္ဒုိက္ Van Dijk ကုိ ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၇၅)သန္းနဲ႔ ေခၚယူခဲ့ခ်ိန္မွာ အားလုံးက သံသယမ်က္လုံးေတြနဲ႔ ေစာင့္ၾကည့္ခဲ့ၾကတယ္။ ဗန္ဒုိက္လုိ ကစားသမားတစ္ဦးအတြက္ ဒီေလာက္အထိ ေငြ သုံးခဲ့ရသလားေပါ့။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ သံသယမ်က္လုံးေတြေရာ၊ ေ၀ဖန္သံေတြပါ တိတ္ဆိတ္သြားပါၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဗန္ဒုိက္ ေရာက္လာၿပီးကတည္း လီဗာပူးလ္အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ရည္က အရင္ကထက္ ပုိေကာင္းလာလုိ႔ပါပဲ။

Van-Dijk-Stats

Van-Dijk-Stats

အဲဒါနဲ႔ပတ္သက္ၿပီး နာမည္ႀကီး အားကစားသတင္းဌာနျဖစ္တဲ့ ESPN က အခ်က္အလက္ေတြနဲ႔ အခုလုိ ေထာက္ျပခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ဗန္ဒုိက္ စတင္ကစားခဲ့တဲ့ ဇန္န၀ါရီ(၅)ရက္က စၿပီး အခုအခ်ိန္အထိ ေပးဂုိးအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ေနတယ္လုိ႔ ESPN က ေဖာ္ျပခဲ့တယ္။ အဲဒီကာလအတြင္း လီဗာပူးလ္အသင္းရဲ႕ ေပးဂုိးက (၁၃)ဂုိးသာ ရွိခဲ့တာေၾကာင့္ ခံစစ္ေကာင္းလွပါခ်ည္ရဲ႕ဆုိတဲ့ မန္စီးတီးအသင္းထက္ ပုိနည္းခဲ့ပါတယ္။ ESPN ရဲ႕ေဖာ္ျပခ်က္ထဲမွာ တန္းတက္အသင္းေတြနဲ႔ ဆုံေတြ႕ခဲ့တဲ့ပဲြေတြကုိေတာ့ ထည့္မတြက္ထားပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အသင္း (၃)ပဲြကစားခဲ့ၿပီးပါၿပီ။ အခုအခ်ိန္အထိ လီဗာပူးလ္အသငး္က ေပးဂုိးမရွိေသးပါဘူး။ အခုဆုိရင္ ဗန္ဒုိက္အတြက္ လီဗာပူးလ္အသင္း ဘာလုိ႔ ေငြေတြ အမ်ားႀကီး သုံးစဲြခဲ့လဲဆိုတာ အားလုံးသိေလာက္ပါၿပီ။ အရင္ႏွစ္ေတြက ဂုိးသမားနဲ႔ ခံစစ္အားနည္းခ်က္ေတြေၾကာင့္ ပရီးယားလိဂ္ဖလားအိပ္မက္က ေ၀းကြာခ့ဲရေပမယ့္လည္း ဒီရာသီမွာေတာ့ (၂၈)ႏွစ္ၾကာ ေ၀းကြာေနတဲ့ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္ကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ နီးစပ္ေနၿပီလုိ႔ပဲ ဆုိရေတာ့မွာပါ။

Van-Dijk-Tackle

Van-Dijk-Tackle

လီဗာပူးလ္ေနာက္ခံလူ ဗန္ဒုိက္ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္း
ကစားခဲ့သည့္ပဲြ – ၂၆ ပဲြ၊ ကစားခဲ့သည့္မိနစ္ – ၂၂၅၃ မိနစ္၊ ပဲြထြက္ -၂၅ ပဲြ၊ လူစား၀င္ – ၁ ပဲြ
ေဘာလုံးၾကားျဖတ္ယူႏုိင္မႈ – ၄၇ ႀကိမ္၊ ၿပိဳင္ဘက္ထံမွ ေဘာလုံးရယူႏုိင္မႈ – ၇၂.၃ % ၊
ေလထဲတြင္ ေခါင္းတိုက္ယူႏုိင္မႈ – ၇၃.၂ % ၊ ေဘာလုံးဖ်က္ထုတ္မႈအႀကိမ္ – ၂၅ ႀကိမ္၊
ေအာင္ျမင္သည့္ေဘာလုံးဖ်က္ထုတ္မႈ – ၆၀% ၊ ေဘာလုံးရွင္းထုတ္ႏုိင္မႈ – ၁၅၇ ႀကိမ္

REF:ESPN
Photo:ESPN,Getty Images,Ghanasoccernet.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဗန်ဒိုက် Van Dijk ရောက်လာပြီးနောက်ပိုင်း ခံစစ်စွမ်းဆောင်ရည် ပိုကောင်းလာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အခုနှစ်၊ ဇန်နဝါရီလက ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက် Van Dijk ကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းနဲ့ ခေါ်ယူခဲ့ချိန်မှာ အားလုံးက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ကြတယ်။ ဗန်ဒိုက်လို ကစားသမားတစ်ဦးအတွက် ဒီလောက်အထိ ငွေ သုံးခဲ့ရသလားပေါ့။ ဒါပေမဲ့ အခုအချိန်မှာတော့ သံသယမျက်လုံးတွေရော၊ ဝေဖန်သံတွေပါ တိတ်ဆိတ်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဗန်ဒိုက် ရောက်လာပြီးကတည်း လီဗာပူးလ်အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်က အရင်ကထက် ပိုကောင်းလာလို့ပါပဲ။

Van-Dijk-Stats

Van-Dijk-Stats

အဲဒါနဲ့ပတ်သက်ပြီး နာမည်ကြီး အားကစားသတင်းဌာနဖြစ်တဲ့ ESPN က အချက်အလက်တွေနဲ့ အခုလို ထောက်ပြခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ဗန်ဒိုက် စတင်ကစားခဲ့တဲ့ ဇန်နဝါရီ(၅)ရက်က စပြီး အခုအချိန်အထိ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေတယ်လို့ ESPN က ဖော်ပြခဲ့တယ်။ အဲဒီကာလအတွင်း လီဗာပူးလ်အသင်းရဲ့ ပေးဂိုးက (၁၃)ဂိုးသာ ရှိခဲ့တာကြောင့် ခံစစ်ကောင်းလှပါချည်ရဲ့ဆိုတဲ့ မန်စီးတီးအသင်းထက် ပိုနည်းခဲ့ပါတယ်။ ESPN ရဲ့ဖော်ပြချက်ထဲမှာ တန်းတက်အသင်းတွေနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲတွေကိုတော့ ထည့်မတွက်ထားပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း (၃)ပွဲကစားခဲ့ပြီးပါပြီ။ အခုအချိန်အထိ လီဗာပူးလ်အသင်းက ပေးဂိုးမရှိသေးပါဘူး။ အခုဆိုရင် ဗန်ဒိုက်အတွက် လီဗာပူးလ်အသင်း ဘာလို့ ငွေတွေ အများကြီး သုံးစွဲခဲ့လဲဆိုတာ အားလုံးသိလောက်ပါပြီ။ အရင်နှစ်တွေက ဂိုးသမားနဲ့ ခံစစ်အားနည်းချက်တွေကြောင့် ပရီးယားလိဂ်ဖလားအိပ်မက်က ဝေးကွာခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ (၂၈)နှစ်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်နေပြီလို့ပဲ ဆိုရတော့မှာပါ။

Van-Dijk-Tackle

Van-Dijk-Tackle

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း
ကစားခဲ့သည့်ပွဲ – ၂၆ ပွဲ၊ ကစားခဲ့သည့်မိနစ် – ၂၂၅၃ မိနစ်၊ ပွဲထွက် -၂၅ ပွဲ၊ လူစားဝင် – ၁ ပွဲ
ဘောလုံးကြားဖြတ်ယူနိုင်မှု – ၄၇ ကြိမ်၊ ပြိုင်ဘက်ထံမှ ဘောလုံးရယူနိုင်မှု – ၇၂.၃ % ၊
လေထဲတွင် ခေါင်းတိုက်ယူနိုင်မှု – ၇၃.၂ % ၊ ဘောလုံးဖျက်ထုတ်မှုအကြိမ် – ၂၅ ကြိမ်၊
အောင်မြင်သည့်ဘောလုံးဖျက်ထုတ်မှု – ၆၀% ၊ ဘောလုံးရှင်းထုတ်နိုင်မှု – ၁၅၇ ကြိမ်

REF:ESPN
Photo:ESPN,Getty Images,Ghanasoccernet.com
Naing Linn(Akhayar)
www.akhayar.com