Dota ဆိုလိုက်တာနဲ့ ကျနော်တို့ မျက်စိထဲပြေးမြင်လိုက်တာ Hero ကိုင်ပြီး ရန်သူကို လိုက်ရိုက်မယ် (ကိုယ်သာရင်ပေါ့) ၊ အဖွဲ့လိုက်စုပြီး Hunting လုပ်မယ်ဟေ့ဆိုပြီး Warcraft III: The Frozen Throne ပေါ်ကတည်းက ဆော့လာလိုက်တာ အခုချိန်ထိ လူငယ်တိုင်း နှစ်သက်နေဆဲ ဂိမ်းလေးပါ။

Credit: Games Reactor

စမတ်ဖုန်းတွေ ခေတ်စားလာတဲ့အချိန်မှာတော့ နည်းပညာလည်း အဆင့်မြင့်လာသလို၊ ဂိမ်းရုပ်ထွက်ကလည်း ကောင်းကောင်း ထောက်ပံ့နိုင်တာကြောင့် PUBG Mobile ၊ Fortnite နဲ့ ML (Mobile Legends) လို Shooter ၊ Strategy ဂိမ်းတွေ ပေါ်လာတယ်။ အဲ့ဒါကြောင့် ဘယ်လိုပဲပြောပြော အစဉ်ဆက်ကို လူကြိုက်များနေတဲ့ Dota ကို မိုဘိုင်းပေါ်မှာ မြင်ချင်ကြတယ်။

Valve အနေနဲ့လည်း ခေတ်အလိုကျ Flexible ဖြစ်ဖို့ အချိန် ၆ လကြာ Dota Team ၊ Player တွေနဲ့ ပြင်ဆင်ခဲ့ပြီး နောက်ဆုံးမှာတော့ မိုဘိုင်းနဲ့ရော Linux ၊ Mac တို့အတွက်ပါ Dota Underlords ဂိမ်းကို ကြေညာပေးလိုက်ပါတယ်။ ဒီ Underlords ဟာ Standalone Game ဖြစ်တဲ့အပြင် Valve အဆိုရ “Friendly and Family” Beta ကို ဒီအပတ်ထဲ စတင်သွားမှာပါ။

Open Beta စတာနဲ့တပြိုင်နက် Dota 2 Battle Pass ဝယ်ထားသူတွေ အရင်စမ်းသပ်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါကမှတဆင့် Free Open Beta ထပ်ကြေညာမှာဖြစ်ပြီး Platform အားလုံးပေါ် ရောက်လာမယ်၊ အဲ့ခါကျမှ Weekly Preview ပြန်လုပ်ပြီး Testing ရလာဒ်အလိုက် ပြင်ဆင်စရာ ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ဒီတော့ Underlords ဟာ ဘယ်လိုဂိမ်းမျိုးဖြစ်လာမလဲ မိတ်ဆက်ရမယ်ဆိုရင် Popular ဖြစ်ပြီးသား Dota Auto Chess Mod ဂိမ်းလို့ပဲ ပြောရပါမယ်။ Cross Play ရပေမယ့် Standalone ဖြစ်သွားတယ်ဆိုတာက ဒီ Auto Chess ဂိမ်းကို တရုတ် Developer “Drodo” က ကိုင်တွယ်ထားတာဖြစ်ပြီး အသေးစိတ်ကို ဒီ Link မှာ လေ့လာနိုင်ပါတယ်။

Photo: IGN

သိရသလောက်ဆိုရင်တော့ Vavle နဲ့ Drodo တို့ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပြီး The Verge မှာ ပြောထားတဲ့ပြဿနာကတော့ Drodo ဖန်တီးထားတဲ့ Auto Chess ဟာ Epic ရဲ့ Exclusive ဂိမ်းသွားဖြစ်နေတဲ့ အချက်ပါပဲ။ သိတဲ့အတိုင်း Epic Games နဲ့လည်း အပြိုင်ဖြစ်နေတာဆိုတော့ “ငါ့ နယ်ရုပ် မင်းထိုးကျွေးတယ်ပေါ့” ဆိုတဲ့ သဘောကြောင့် Standalone ဖြစ်လာတာလို့ သုံးသပ်ရပါတယ်။

အဲ့ဒါကြောင့် Dota Auto Chess Fans တွေအနေနဲ့ Underlords (Mod) ကို ကြိုက်မကြိုက် ကျနော် အတိကျမပြောတတ်ပါဘူး။ Steam ပေါ်လည်း ရောက်လာမယ်ဆိုတော့ Open Beta စတာနဲ့ Community ကရော Public ကပါ ဘာတွေပြောမလဲ နားစွင့်ထားရဦးမှာပါ။

ထပ်ရှင်းပြရင်တော့ Dota Underlords ဟာ Dota 2 Universe ရဲ့ Auto Chess Mod ဖြစ်လာတယ်၊ Dota 2 ဆိုတာလည်း Blizzard အပိုင် Warcraft 3 ရဲ့ Dota Mod ဂိမ်းဆိုတော့ RTS ဂိမ်းစစ်စစ်ကို စောင့်မျှော်နေတဲ့ မိုဘိုင်းဂိမ်မာတွေအတွက် ဝမ်းနည်းစရာ သတင်းပါပဲ။ ဒီအတိုင်းသာဆိုရင် Riot Games ကနေပဲ မိုဘိုင်းအတွက် ထုတ်ပေးသွားမယ်လို့ ကြေညာထားတဲ့ MOBA “League of Legends” ကပဲ Fan Base တွေ ထပ်တိုးပေးသွားမယ်လို့ သုံးသပ်ရပါတယ်။

Source: TheVergeSlashgear
2B (Akhayar)
www.akhayar.com