[Zawgyi]

Valentine’s Day အမီ ခ်စ္သူအတြက္ Handmade လက္ေဆာင္ေလးျပဳလုပ္ရေအာင္

Valentine Day ေန႔လည္းေရာက္ေတာ့မွာဆိုေတာ့ ကိုယ့္ရဲ႕ခ်စ္သူေလးကို ဘာလက္ေဆာင္ေပးမယ္လို႔ စဥ္းစားထားလဲ။ ကိုယ္တုိင္ျပဳလုပ္ရတဲ့ Hand Made လက္ေဆာင္က ပိုၿပီးအမွတ္တရျဖစ္ေစမွာပါေနာ္။ ကိုယ္တိုင္လုပ္ၿပီးေပးတာဆိုေတာ့ ကိုယ္ရဲ႕အခ်စ္ေတြကိုလည္း ေဖာ္ျပတာေရာက္တာေပါ့။ ဒါ့ေၾကာင့္မို႔ Handmade လက္ေဆာင္ပစၥည္းကို လြယ္လြယ္ကူကူျပဳလုပ္ႏုိင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဖန္ခြက္

ဒီ Handmade ေလးကေတာ့ ရိုးရိုးရွင္းရွင္းေလးပါပဲ။ လုိအပ္တဲ့ပစၥည္းေတြကေတာ့ အျဖဴေရာင္ဖန္ခြက္တစ္ခြက္၊ ေဖာင္တိန္တစ္ေခ်ာင္းေလးရွိရင္ရပါျပီ။ ကိုယ္ထည့္ခ်င္တဲ့ပစၥည္း ဒါမဟုတ္ မုန္႔၊ ေခ်ာကလက္ေတြကို ဖန္ခြက္ထဲထည္ျပီး ဖန္ခြက္မ်က္ႏွာျပင္ေပၚမွာ ကိုယ္ေရးခ်င္တဲ့စာေၾကာင္းနဲ႔ ပံုေလးေတြဆြဲလိုက္ပါ။ ၿပီးရင္ေတာ့ မင္ေတြပ်က္မသြားေအာင္ Oven ထဲကို မိနစ္အနည္းငယ္ေလာက္ထည့္ထားၿပီး သင္လိုခ်င္တဲ့ ဖန္ခြက္လွလွေလးကို ရရွိႏိုင္ပါၿပီ။

Love glass

Glass

(၂) Valentine’s card

ဒါကေတာ့ ကိုယ့္ခ်စ္သူကို ဘယ္ေလာက္ျမတ္နိုးေၾကာင္း ဘယ္ေလာက္ခ်စ္ေၾကာင္း စာသားေတြကို Valentine’s Card ေလးဖန္တီးၿပီး ေရးရမွာျဖစ္ပါတယ္။ ျဖစ္နုိင္ရင္ ကဒ္ေတြအမ်ားၾကီးေပၚမွာ စာေလးေရးလိုက္ပါ။ ကုိယ္ေရးထားတဲ့ကဒ္ေလးေတြကို ၾကိဳးေလးတစ္ခုနဲ႔ခ်ိတ္ထားျပီး ေနရာတစ္ေနရာရာမွာ Surprise လုပ္ေပးလို႔ရပါတယ္ေနာ္။

Valentine’s Card

Valentine’s Card

(၃) Candy Bags

ကိုယ့္ခ်စ္သူၾကိဳက္တဲ့ သၾကားလံုးေလးေတြကို အိတ္လွလွေလးနဲ့ထည့္ေပးရမွာျဖစ္ပါတယ္။ ပထမဦးဆံုး ပိတ္စနဲ႔ခ်ဳပ္ထားတဲ့ အိတ္တစ္လံုးေပၚမွာ ကိုယ့္အခ်စ္ေတြကို ကိုယ္စားျပဳတဲ့ပံုပဲျဖစ္ျဖစ္ စာသားေလးျဖစ္ျဖစ္ ေဆးရုိက္ရမွာျဖစ္ပါတယ္။ ေဆးရုိက္ျပီးအေျခာက္ခံျပီးရင္ေတာ့ သၾကားလံုး ဒါမွမဟုတ္ ေခ်ာကလက္ထည့္လိုက္ရံုနဲ႔ Handmade Candy Bags ေလးကို ရရွိႏုိင္ပါၿပီ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၄) Cookies

ကိုယ့္ရဲ႕လက္တြဲေဖာ္ကို အခ်စ္စကားလံုးေတြပါတဲ့ ကြတ္ကီးမုန္႔ေလး မေပးခ်င္ဘူးလား။ မုန္႔ေတြမွာ စာေရးတဲ့ အနီေရာင္ေဆးနဲ့ ကြတ္ကီးေပၚမွာ ကုိယ္ေရးခ်င္တဲ့စာသားကို ေရးေပးရမွာျဖစ္ပါတယ္။ ကြတ္ကီးမုန္႔ႀကိဳက္တတ္တဲ့ ခ်စ္သူအတြက္ေတာ့ လံုးဝ Surprise ျဖစ္မယ့္ Handmade လက္ေဆာင္ေလးျဖစ္သြားမွာ အေသအခ်ာပါပဲ။

Cookies

Cookies

(၅) Cupcakes

ခုတေလာ ေမြးေန႔ေတြမွာေတာင္ ကိတ္မုန္႔ႀကီးႀကီးေတြကို မေတြ႔ရေတာ့ဘဲ ခ်စ္စရာေကာင္းတဲ့ Cupcake ေလးေတြနဲ႔ ျပဳလုပ္လာၾကတာကို ေတြ႔ရပါတယ္။ ဒီေတာ့.. Valentine’s Day မွာလည္း ခ်စ္သူအတြက္ ကိုယ္တုိင္လုပ္ထားတဲ့ Cupcake ေလးကို လက္ေဆာင္ေပးလုိက္ပါ။ ပံုမွာျပထားတဲ့အတုိင္း ကိတ္မုန္႔ေပၚမွာ တုတ္ေခ်ာင္းေသးေသးေလး စိုက္ထားလိုက္ပါ။ ျပီးရင္ေတာ့ ကိုယ္ေျပာခ်င္တဲ့ စကားလံုးေတြကို စာရြက္ေပၚေရးသားၿပီး တုတ္ေခ်ာင္းေလးေပၚ ကပ္ထားလိုက္ပါ။ အေရာင္ကိုေတာ့ အခ်စ္သေကၤတကိုေဖာ္ျပတဲ့ ပန္းေရာင္ဆိုရင္ ပိုၿပီးရိုဆန္တာေပါ့။

Cupcakes

Cupcakes

(၆) ပန္းအိုး

ေဆးေရာင္ျခယ္ထားတဲ့ပန္းအိုးေလးနဲ႔ ကိုယ္အခ်စ္ေတြကိုေဖာ္ျပလုိက္ပါ။ အရင္ဆံုးပန္းအိုးအေသးေလးတစ္လံုး အရင္ရွာရမွာျဖစ္ပါတယ္။ ျပီးရင္ ပန္းအိုးအျပင္ဘက္ကေန ပန္းေရာင္ ဒါမွမဟုတ္ အေရာင္ႏုုေလးေတြနဲ႔စပ္ျပီး အေရာင္ျခယ္လုိက္ပါ။ ျပီးရင္ေတာ့ ခ်စ္သူေကာင္မေလးၾကိဳက္နွစ္သက္တဲ့ ပန္းအမ်ိဳးအစားေလးထည့္ျပီး ေပးလုိက္ပါ။ ခ်စ္သူေကာင္းမေလးဆီက အခ်စ္ေတြပိုရလာႏုိင္မယ့္ နည္းလမ္းေလးပါပဲ။

Flower Pot

Flower Pot

(၇) Love Pillow

သူမ်ားစံုတြဲေတြ မစဥ္းစားမိၾကတဲ့ လက္ေဆာင္ေလးပါ။ ေခါင္းအံုးလက္ေဆာင္ေပးတယ္ဆုိေတာ့ ညဘက္အိပ္တဲ့အခါတုိင္း သင့္ကိုသတိရေနေစဖို႔ ရည္ရြယ္ခ်က္နဲ႔ Love Pillow ကို ဖန္တီးလိုက္ပါ။ ေခါင္းအံုးအေပၚမွာ အသဲပံု ဒါမဟုတ္ ကိုယ့္အခ်စ္ေတြကိုေဖာ္ျပေနတဲ့ သေကၤတတစ္ခုခုကို ပံုေဖာ္လုိက္ရံုပါပဲ။

 

Love Pillow

Love Pillow

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Valentine’s Day အမီ ချစ်သူအတွက် Handmade လက်ဆောင်လေးပြုလုပ်ရအောင်

Valentine Day နေ့လည်းရောက်တော့မှာဆိုတော့ ကိုယ့်ရဲ့ချစ်သူလေးကို ဘာလက်ဆောင်ပေးမယ်လို့ စဉ်းစားထားလဲ။ ကိုယ်တိုင်ပြုလုပ်ရတဲ့ Hand Made လက်ဆောင်က ပိုပြီးအမှတ်တရဖြစ်စေမှာပါနော်။ ကိုယ်တိုင်လုပ်ပြီးပေးတာဆိုတော့ ကိုယ်ရဲ့အချစ်တွေကိုလည်း ဖော်ပြတာရောက်တာပေါ့။ ဒါ့ကြောင့်မို့ Handmade လက်ဆောင်ပစ္စည်းကို လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖန်ခွက်

ဒီ Handmade လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အဖြူရောင်ဖန်ခွက်တစ်ခွက်၊ ဖောင်တိန်တစ်ချောင်းလေးရှိရင်ရပါပြီ။ ကိုယ်ထည့်ချင်တဲ့ပစ္စည်း ဒါမဟုတ် မုန့်၊ ချောကလက်တွေကို ဖန်ခွက်ထဲထည်ပြီး ဖန်ခွက်မျက်နှာပြင်ပေါ်မှာ ကိုယ်ရေးချင်တဲ့စာကြောင်းနဲ့ ပုံလေးတွေဆွဲလိုက်ပါ။ ပြီးရင်တော့ မင်တွေပျက်မသွားအောင် Oven ထဲကို မိနစ်အနည်းငယ်လောက်ထည့်ထားပြီး သင်လိုချင်တဲ့ ဖန်ခွက်လှလှလေးကို ရရှိနိုင်ပါပြီ။

Love glass

Glass

(၂) Valentine’s card

ဒါကတော့ ကိုယ့်ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း ဘယ်လောက်ချစ်ကြောင်း စာသားတွေကို Valentine’s Card လေးဖန်တီးပြီး ရေးရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကဒ်တွေအများကြီးပေါ်မှာ စာလေးရေးလိုက်ပါ။ ကိုယ်ရေးထားတဲ့ကဒ်လေးတွေကို ကြိုးလေးတစ်ခုနဲ့ချိတ်ထားပြီး နေရာတစ်နေရာရာမှာ Surprise လုပ်ပေးလို့ရပါတယ်နော်။

Valentine’s Card

Valentine’s Card

(၃) Candy Bags

ကိုယ့်ချစ်သူကြိုက်တဲ့ သကြားလုံးလေးတွေကို အိတ်လှလှလေးနဲ့ထည့်ပေးရမှာဖြစ်ပါတယ်။ ပထမဦးဆုံး ပိတ်စနဲ့ချုပ်ထားတဲ့ အိတ်တစ်လုံးပေါ်မှာ ကိုယ့်အချစ်တွေကို ကိုယ်စားပြုတဲ့ပုံပဲဖြစ်ဖြစ် စာသားလေးဖြစ်ဖြစ် ဆေးရိုက်ရမှာဖြစ်ပါတယ်။ ဆေးရိုက်ပြီးအခြောက်ခံပြီးရင်တော့ သကြားလုံး ဒါမှမဟုတ် ချောကလက်ထည့်လိုက်ရုံနဲ့ Handmade Candy Bags လေးကို ရရှိနိုင်ပါပြီ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

(၄) Cookies

ကိုယ့်ရဲ့လက်တွဲဖော်ကို အချစ်စကားလုံးတွေပါတဲ့ ကွတ်ကီးမုန့်လေး မပေးချင်ဘူးလား။ မုန့်တွေမှာ စာရေးတဲ့ အနီရောင်ဆေးနဲ့ ကွတ်ကီးပေါ်မှာ ကိုယ်ရေးချင်တဲ့စာသားကို ရေးပေးရမှာဖြစ်ပါတယ်။ ကွတ်ကီးမုန့်ကြိုက်တတ်တဲ့ ချစ်သူအတွက်တော့ လုံးဝ Surprise ဖြစ်မယ့် Handmade လက်ဆောင်လေးဖြစ်သွားမှာ အသေအချာပါပဲ။

Cookies

Cookies

(၅) Cupcakes

ခုတလော မွေးနေ့တွေမှာတောင် ကိတ်မုန့်ကြီးကြီးတွေကို မတွေ့ရတော့ဘဲ ချစ်စရာကောင်းတဲ့ Cupcake လေးတွေနဲ့ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ဒီတော့.. Valentine’s Day မှာလည်း ချစ်သူအတွက် ကိုယ်တိုင်လုပ်ထားတဲ့ Cupcake လေးကို လက်ဆောင်ပေးလိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း ကိတ်မုန့်ပေါ်မှာ တုတ်ချောင်းသေးသေးလေး စိုက်ထားလိုက်ပါ။ ပြီးရင်တော့ ကိုယ်ပြောချင်တဲ့ စကားလုံးတွေကို စာရွက်ပေါ်ရေးသားပြီး တုတ်ချောင်းလေးပေါ် ကပ်ထားလိုက်ပါ။ အရောင်ကိုတော့ အချစ်သင်္ကေတကိုဖော်ပြတဲ့ ပန်းရောင်ဆိုရင် ပိုပြီးရိုဆန်တာပေါ့။

Cupcakes

Cupcakes

(၆) ပန်းအိုး

ဆေးရောင်ခြယ်ထားတဲ့ပန်းအိုးလေးနဲ့ ကိုယ်အချစ်တွေကိုဖော်ပြလိုက်ပါ။ အရင်ဆုံးပန်းအိုးအသေးလေးတစ်လုံး အရင်ရှာရမှာဖြစ်ပါတယ်။ ပြီးရင် ပန်းအိုးအပြင်ဘက်ကနေ ပန်းရောင် ဒါမှမဟုတ် အရောင်နုုလေးတွေနဲ့စပ်ပြီး အရောင်ခြယ်လိုက်ပါ။ ပြီးရင်တော့ ချစ်သူကောင်မလေးကြိုက်နှစ်သက်တဲ့ ပန်းအမျိုးအစားလေးထည့်ပြီး ပေးလိုက်ပါ။ ချစ်သူကောင်းမလေးဆီက အချစ်တွေပိုရလာနိုင်မယ့် နည်းလမ်းလေးပါပဲ။

Flower Pot

Flower Pot

(၇) Love Pillow

သူများစုံတွဲတွေ မစဉ်းစားမိကြတဲ့ လက်ဆောင်လေးပါ။ ခေါင်းအုံးလက်ဆောင်ပေးတယ်ဆိုတော့ ညဘက်အိပ်တဲ့အခါတိုင်း သင့်ကိုသတိရနေစေဖို့ ရည်ရွယ်ချက်နဲ့ Love Pillow ကို ဖန်တီးလိုက်ပါ။ ခေါင်းအုံးအပေါ်မှာ အသဲပုံ ဒါမဟုတ် ကိုယ့်အချစ်တွေကိုဖော်ပြနေတဲ့ သင်္ကေတတစ်ခုခုကို ပုံဖော်လိုက်ရုံပါပဲ။

 

Love Pillow

Love Pillow

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။