[Zawgyi]

ခ်စ္သူမ်ားေန႔မွာ အလွဆံုးျဖစ္ေစမယ့္ Outfit ေလးမ်ား

ခ်စ္သူမ်ားေန႔ဆိုတာ တစ္ႏွစ္မွာ တစ္ခါ ခ်စ္သူေတြ အားလံုးၾကည္ႏူးရတဲ့ေန႔ျဖစ္ပါတယ္။ ခ်စ္သူေတြမရွိတဲ့ ေကာင္မေလးေတြလည္း အလွဆံုး ဝတ္ဆင္ျပီး ကိုယ့္သူငယ္ခ်င္းေတြနဲ႔ အျပင္ေလွ်ာက္သြား ေလွ်ာက္လည္ၾကတဲ့ ေန႔ရက္တစ္ရက္ပဲျဖစ္ပါတယ္။ ခ်စ္သူမ်ားေန႔မွာ လူတကာေငးဖို႔ ဝတ္ဆင္သင့္တဲ့ အက်ီၤေလးေတြကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။

၁။ Cardigan

cardigan

ခ်စ္သူမ်ားေန႔မွာ မိန္းကေလးတိုင္းနဲ႔ အလိုက္ဖက္ဆံုးက Cardigan ပါပဲ။ Cardigan အတိုျဖစ္ျဖစ္၊ အရွည္ျဖစ္ျဖစ္ ကိုယ္ၾကိဳက္ႏွစ္သက္တာကို ဝတ္လို႔ရပါတယ္။ Cardigan ကို ဝတ္ဆင္တဲ့အခါမွာ ဂါဝန္ေလးနဲ႔ လိုက္ဖက္ပါတယ္။ ခ်စ္သူမ်ားေန႔ျဖစ္တဲ့အတြက္ အနီေရာင္၊ အဝါေရာင္၊ ပန္းေရာင္နဲ႔ အျဖဴေရာင္တို႔ ေရြးခ်ယ္ျပီး ဝတ္ဆင္ပါ။

၂။ Cami Dress

cami-dressCami Dress ဆိုတာ တစ္နည္းအားျဖင့္ ၾကိဳးတစ္ေခ်ာင္း ဂါဝန္ေလးေတြပါ။ ၾကိဳးတစ္ေခ်ာင္းဂါဝန္ေလးကိုဝတ္ျပီး ခ်စ္စရာေကာင္းတဲ့ေကာင္မေလးအျဖစ္ လူတကာ ေငးေအာင္ လုပ္နုိင္ပါတယ္။ Sneaker ေလးနဲ႔ ဝတ္လို႔လည္း ရသလို Pencil Heel ေလးနဲ႔ လည္း လိုက္ဖက္ပါေသးတယ္။

၃။ Bodycon Dress

bodycon-dress

ခ်စ္စရာေကာင္းတဲ့ ပံုစံမ်ိဳးနဲ႔ မဟုတ္ဘဲ ဆြဲေဆာင္မႈရွိခ်င္တဲ့ ေကာင္မေလးေတြအတြက္ Bodycon Dress ေလးေတြက အသင့္ေတာ္ဆံုးပါ။ ကိုယ့္ကိုယ္ကို ပိုျပီး ယံုၾကည္မႈရွိေစသလို အရမ္းလွတဲ့ ေကာင္မေလးျဖစ္ေအာင္ ဖန္ဆင္းေပးလိုက္မွာျဖစ္ပါတယ္။ Bodycon Dress ေလးေတြကို Lady Shoe ေလးပဲ ျဖစ္ျဖစ္ Pencil Heel ေလးနဲ႔ပဲျဖစ္ျဖစ္ ဝတ္ဆင္ပါ။

၄။ Off-shoulder Top (သို႔) Dress

off-shoulder

Off-shoulder ေလးေတြလည္း ခ်စ္သူမ်ားေန႔မွာ ဝတ္ဆင္သင့္တဲ့အထဲမွာ ပါပါတယ္။ မိန္းကေလးေတြ ပခံုးရိုးေလးေတြျမင္ရင္ ရင္မခုန္တဲ့ ေယာက်ာ္းေလးမရွိဘူးေလေနာ္။ Off-shoulder Top ပဲျဖစ္ျဖစ္၊ Dress ပဲျဖစ္ျဖစ္ ကိုယ္ၾကိဳက္ႏွစ္သက္ရာ ကိုယ္ဝတ္လို႔ရပါတယ္ေနာ္။ Top ကို ဝတ္မယ္ဆိုရင္ေတာ့ ခ်စ္စရာေကာင္းတဲ့ ပံုစံေလးျဖစ္သြားမွာပါ။ Dress ေလးကို ဝတ္ရင္ေတာ့ ခပ္မိုက္မိုက္ပံုစံေလးျဖစ္သြားမွာပါ။

၅။ Lace Dress

lace-dress

ဇာေလးဂါဝန္ေလးေတြလည္း ခ်စ္သူမ်ားေန႔မွာ ဝတ္ဆင္သင့္တဲ့အထဲက တစ္ခုပါ။ ဇာဂါဝန္ေလးကို ဝတ္လုိက္မယ္ဆုိရင္ အျမင္လည္း မရိုင္းဘူး။ ျမင္တဲ့သူတိုင္းကလည္း ႏွစ္သက္သြားေစမွာပါ။ ကိုယ့္ခ်စ္သူဆိုရင္ေတာ့ ေၾကြျပီးရင္းေၾကြေနမွာပါ။ အေရာင္ကိုေတာ့ မိမိၾကိဳက္ႏွစ္သက္တဲ့ အေရာင္ေလးကို ေရြးခ်ုယ္ျပီး ဝတ္ဆင္လို႔ရပါတယ္ေနာ္။ အလွဆံုး အေရာင္ေလးေတြကေတာ့ အျဖဴေရာင္နဲ႔ အသားေရာင္ေလးပါ။

၆။ Silk Dress

silk

ပိုးသားဂါဝန္ေလးေတြက မိန္းကေလးေတြကို နတ္သမီးေလးတစ္ေယာက္ျဖစ္ေအာင္ လုပ္ေပးမွာပါ။ ညဘက္ ဝတ္ဆင္ရင္ေတာ့ ပိုျပီးလွပါတယ္။ ပိုးသားေတြကေတာ့ ဘယ္အေရာင္မဆိုလွပါတယ္။ အစိမ္းရင့္ေရာင္ေလးနဲ႔ အနီေရာင္ေလးကေတာ့ အလွဆံုးပါပဲ။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချစ်သူများနေ့မှာ အလှဆုံးဖြစ်စေမယ့် Outfit လေးများ

ချစ်သူများနေ့ဆိုတာ တစ်နှစ်မှာ တစ်ခါ ချစ်သူတွေ အားလုံးကြည်နူးရတဲ့နေ့ဖြစ်ပါတယ်။ ချစ်သူတွေမရှိတဲ့ ကောင်မလေးတွေလည်း အလှဆုံး ဝတ်ဆင်ပြီး ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွား လျှောက်လည်ကြတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်။ ချစ်သူများနေ့မှာ လူတကာငေးဖို့ ဝတ်ဆင်သင့်တဲ့ အကျီၤလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ Cardigan

cardigan

ချစ်သူများနေ့မှာ မိန်းကလေးတိုင်းနဲ့ အလိုက်ဖက်ဆုံးက Cardigan ပါပဲ။ Cardigan အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်တာကို ဝတ်လို့ရပါတယ်။ Cardigan ကို ဝတ်ဆင်တဲ့အခါမှာ ဂါဝန်လေးနဲ့ လိုက်ဖက်ပါတယ်။ ချစ်သူများနေ့ဖြစ်တဲ့အတွက် အနီရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အဖြူရောင်တို့ ရွေးချယ်ပြီး ဝတ်ဆင်ပါ။

၂။ Cami Dress

cami-dressCami Dress ဆိုတာ တစ်နည်းအားဖြင့် ကြိုးတစ်ချောင်း ဂါဝန်လေးတွေပါ။ ကြိုးတစ်ချောင်းဂါဝန်လေးကိုဝတ်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးအဖြစ် လူတကာ ငေးအောင် လုပ်နိုင်ပါတယ်။ Sneaker လေးနဲ့ ဝတ်လို့လည်း ရသလို Pencil Heel လေးနဲ့ လည်း လိုက်ဖက်ပါသေးတယ်။

၃။ Bodycon Dress

bodycon-dress

ချစ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ ဆွဲဆောင်မှုရှိချင်တဲ့ ကောင်မလေးတွေအတွက် Bodycon Dress လေးတွေက အသင့်တော်ဆုံးပါ။ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိစေသလို အရမ်းလှတဲ့ ကောင်မလေးဖြစ်အောင် ဖန်ဆင်းပေးလိုက်မှာဖြစ်ပါတယ်။ Bodycon Dress လေးတွေကို Lady Shoe လေးပဲ ဖြစ်ဖြစ် Pencil Heel လေးနဲ့ပဲဖြစ်ဖြစ် ဝတ်ဆင်ပါ။

၄။ Off-shoulder Top (သို့) Dress

off-shoulder

Off-shoulder လေးတွေလည်း ချစ်သူများနေ့မှာ ဝတ်ဆင်သင့်တဲ့အထဲမှာ ပါပါတယ်။ မိန်းကလေးတွေ ပခုံးရိုးလေးတွေမြင်ရင် ရင်မခုန်တဲ့ ယောကျာ်းလေးမရှိဘူးလေနော်။ Off-shoulder Top ပဲဖြစ်ဖြစ်၊ Dress ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်ဝတ်လို့ရပါတယ်နော်။ Top ကို ဝတ်မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ ပုံစံလေးဖြစ်သွားမှာပါ။ Dress လေးကို ဝတ်ရင်တော့ ခပ်မိုက်မိုက်ပုံစံလေးဖြစ်သွားမှာပါ။

၅။ Lace Dress

lace-dress

ဇာလေးဂါဝန်လေးတွေလည်း ချစ်သူများနေ့မှာ ဝတ်ဆင်သင့်တဲ့အထဲက တစ်ခုပါ။ ဇာဂါဝန်လေးကို ဝတ်လိုက်မယ်ဆိုရင် အမြင်လည်း မရိုင်းဘူး။ မြင်တဲ့သူတိုင်းကလည်း နှစ်သက်သွားစေမှာပါ။ ကိုယ့်ချစ်သူဆိုရင်တော့ ကြွေပြီးရင်းကြွေနေမှာပါ။ အရောင်ကိုတော့ မိမိကြိုက်နှစ်သက်တဲ့ အရောင်လေးကို ရွေးချုယ်ပြီး ဝတ်ဆင်လို့ရပါတယ်နော်။ အလှဆုံး အရောင်လေးတွေကတော့ အဖြူရောင်နဲ့ အသားရောင်လေးပါ။

၆။ Silk Dress

silk

ပိုးသားဂါဝန်လေးတွေက မိန်းကလေးတွေကို နတ်သမီးလေးတစ်ယောက်ဖြစ်အောင် လုပ်ပေးမှာပါ။ ညဘက် ဝတ်ဆင်ရင်တော့ ပိုပြီးလှပါတယ်။ ပိုးသားတွေကတော့ ဘယ်အရောင်မဆိုလှပါတယ်။ အစိမ်းရင့်ရောင်လေးနဲ့ အနီရောင်လေးကတော့ အလှဆုံးပါပဲ။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။