[Zawgyi]

သူေလးေၾကြေစမယ့္ Valentine Day Present ေလးေတြ

ခ်စ္သူမ်ားေန႔မွာ ကိုယ္သေဘာက်တဲ့သူကိုပဲျဖစ္ျဖစ္၊ ကိုယ့္ခ်စ္သူကိုပဲျဖစ္ျဖစ္ လက္ေဆာင္ေလးေတြေပးၾကပါတယ္။ အဲဒီလိုလက္ေဆာင္ေလးေတြ ေပးၾကတဲ့အခါ ဘယ္ေပးရမလဲ စဥ္းစားရခက္ေနတဲ့သူေတြရွိပါတယ္။ ကိုယ္ခ်စ္တဲ့သူကို Surprise ျဖစ္ေအာင္လုပ္ရတာ နည္းနည္းေလးေတာ့ခက္ခဲတာေပ့ါေလ။ အဲဒီလိုေတြ မျဖစ္ရေလေအာင္ ဒီလက္ေဆာင္ေလးေတြ ေပးသင့္ေၾကာင္း Recommend လုပ္လိုက္ရပါတယ္။

၁။ Teddy Bear

ဝက္ဝံရုပ္ေလးေတြက ခ်စ္သူမ်ားေန႔ရဲ႕ သေကၤတတစ္ခုျဖစ္သလို မိန္းကေလးေတြရဲ႕ အသည္းကို ကိုင္လႈပ္နိုင္တဲ့ နယ္ရုပ္ေလးျဖစ္ပါတယ္။ ဘယ္လိုပဲ အသက္ၾကီးလာပါေစဦးေတာ့ ဝက္ဝံရုပ္ေလးေပးရင္ ေက်နပ္ေနၾကတုန္းပဲ။ လူတစ္ရပ္စာ ဝက္ဝံအရုပ္ေလးေတြ ဝယ္ျပီး လက္ေဆာင္ေပးၾကည့္ပါ။ မေၾကြတဲ့ မိန္းကေလး မရွိေလာက္ပါဘူး။

၂။ Love Letter

Love Letter ဆိုတာ နည္းနည္းေတာ့ေခတ္ေနာက္က်ေပမယ့္ တကယ္ကို Romantic ျဖစ္ပါတယ္ေနာ္။ ကိုယ္သူ႔ကို ခ်စ္ေၾကာင္းေလးေတြ၊ သူနဲ႔ ပတ္သက္တဲ့အမွတ္တရေလးေတြအေၾကာင္း ဖြဲ႔ဖြဲ႔ႏြဲ႔႕ႏြဲ႔ေရးျပီး ေပးလိုက္ပါ။ သူမ်ားနဲ႔လည္း မတူသလို ကိုယ္တိုင္ဖန္တီးျပီး ေပးတာျဖစ္တဲ့အတြက္ ရင္ထဲထိေစမွာျဖစ္ပါတယ္။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

၃။ ေခ်ာကလက္

ေခ်ာကလက္ကေတာ့ ေထြထူးထူး ေျပာစရာမလိုပါဘူး။ ေခ်ာကလက္ေပးတဲ့အခါ မိန္းကေလးေတြ အၾကိဳက္အမ်ားဆံုးျဖစ္တဲ့ ေခ်ာကလက္ေတြကို ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။ ေခ်ာကလက္ကို ပန္းစည္းလိုျပီး အေသအခ်ာလွလွပပေလး ထုတ္ပိုးျပီးေပးတာလည္း သူ ေၾကြသြားေစမွာပါ။

၄။ ႏွင္းဆီပန္း

ႏွင္းဆီပန္းေလးေတြလည္း ခ်စ္သူမ်ားေန႔ရဲ႕ သေကၤတေတြထဲက တစ္ခုျဖစ္ပါတယ္။ ႏွင္းဆီပန္းကို သေဘာမက်သူရွိခ်င္ရွိမယ္။ ႏွင္းဆီပန္းေပးလို႔ မေၾကြတဲ့သူမရွိပါဘူးေနာ္။ ႏွင္းဆီပန္းအနီေရာင္က အခ်စ္ရဲ႕ သေကၤတပါ။ ႏွင္းဆီအနီပန္းစည္္းေလးေပးရင္း သူ႕ကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ တစ္ဆင့္စကားနဲ႔ ေဖာ္ျပလိုက္ပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

၅။ Perfume

ေရေမႊးဆိုတာ မိန္းကေလးေတြရဲ႕ အလွကို ပိုျပီး အသက္ဝင္ေစပါတယ္။ နဂိုရွိရင္းစြဲ အလွကိုလည္း ပိုျပီးျပည့္စံုေစတယ္။ ခ်စ္သူမ်ားေန႔မွာ ေရေမႊးကို လက္ေဆာင္ေပးတာလည္း ေကာင္းပါတယ္။ ေရေမႊးေပးျခင္းက သူ႕ကို တစ္ေနကုန္လွပေစခ်င္တဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။

ခ်စ္သူမ်ားေန႔မွာ ခ်စ္သူစံုတြဲေတြ အားလံုးေရာ ခ်စ္သူမရွိတဲ့ လူသားေတြအားလံုးေရာ ေပ်ာ္ရႊင္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သူလေးကြွေစေမယ့် Valentine Day Present လေးတွေ

ချစ်သူများနေ့မှာ ကိုယ်သဘောကျတဲ့သူကိုပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူကိုပဲဖြစ်ဖြစ် လက်ဆောင်လေးတွေပေးကြပါတယ်။ အဲဒီလိုလက်ဆောင်လေးတွေ ပေးကြတဲ့အခါ ဘယ်ပေးရမလဲ စဉ်းစားရခက်နေတဲ့သူတွေရှိပါတယ်။ ကိုယ်ချစ်တဲ့သူကို Surprise ဖြစ်အောင်လုပ်ရတာ နည်းနည်းလေးတော့ခက်ခဲတာပေ့ါလေ။ အဲဒီလိုတွေ မဖြစ်ရလေအောင် ဒီလက်ဆောင်လေးတွေ ပေးသင့်ကြောင်း Recommend လုပ်လိုက်ရပါတယ်။

၁။ Teddy Bear

ဝက်ဝံရုပ်လေးတွေက ချစ်သူများနေ့ရဲ့ သင်္ကေတတစ်ခုဖြစ်သလို မိန်းကလေးတွေရဲ့ အသည်းကို ကိုင်လှုပ်နိုင်တဲ့ နယ်ရုပ်လေးဖြစ်ပါတယ်။ ဘယ်လိုပဲ အသက်ကြီးလာပါစေဦးတော့ ဝက်ဝံရုပ်လေးပေးရင် ကျေနပ်နေကြတုန်းပဲ။ လူတစ်ရပ်စာ ဝက်ဝံအရုပ်လေးတွေ ဝယ်ပြီး လက်ဆောင်ပေးကြည့်ပါ။ မကြွေတဲ့ မိန်းကလေး မရှိလောက်ပါဘူး။

၂။ Love Letter

Love Letter ဆိုတာ နည်းနည်းတော့ခေတ်နောက်ကျပေမယ့် တကယ်ကို Romantic ဖြစ်ပါတယ်နော်။ ကိုယ်သူ့ကို ချစ်ကြောင်းလေးတွေ၊ သူနဲ့ ပတ်သက်တဲ့အမှတ်တရလေးတွေအကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးပြီး ပေးလိုက်ပါ။ သူများနဲ့လည်း မတူသလို ကိုယ်တိုင်ဖန်တီးပြီး ပေးတာဖြစ်တဲ့အတွက် ရင်ထဲထိစေမှာဖြစ်ပါတယ်။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

၃။ ချောကလက်

ချောကလက်ကတော့ ထွေထူးထူး ပြောစရာမလိုပါဘူး။ ချောကလက်ပေးတဲ့အခါ မိန်းကလေးတွေ အကြိုက်အများဆုံးဖြစ်တဲ့ ချောကလက်တွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။ ချောကလက်ကို ပန်းစည်းလိုပြီး အသေအချာလှလှပပလေး ထုတ်ပိုးပြီးပေးတာလည်း သူ ကြွေသွားစေမှာပါ။

၄။ နှင်းဆီပန်း

နှင်းဆီပန်းလေးတွေလည်း ချစ်သူများနေ့ရဲ့ သင်္ကေတတွေထဲက တစ်ခုဖြစ်ပါတယ်။ နှင်းဆီပန်းကို သဘောမကျသူရှိချင်ရှိမယ်။ နှင်းဆီပန်းပေးလို့ မကြွေတဲ့သူမရှိပါဘူးနော်။ နှင်းဆီပန်းအနီရောင်က အချစ်ရဲ့ သင်္ကေတပါ။ နှင်းဆီအနီပန်းစည်းလေးပေးရင်း သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ တစ်ဆင့်စကားနဲ့ ဖော်ပြလိုက်ပါ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

၅။ Perfume

ရေမွှေးဆိုတာ မိန်းကလေးတွေရဲ့ အလှကို ပိုပြီး အသက်ဝင်စေပါတယ်။ နဂိုရှိရင်းစွဲ အလှကိုလည်း ပိုပြီးပြည့်စုံစေတယ်။ ချစ်သူများနေ့မှာ ရေမွှေးကို လက်ဆောင်ပေးတာလည်း ကောင်းပါတယ်။ ရေမွှေးပေးခြင်းက သူ့ကို တစ်နေကုန်လှပစေချင်တဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေ အားလုံးရော ချစ်သူမရှိတဲ့ လူသားတွေအားလုံးရော ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Redrose (အခရာ)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။