[Zawgyi]

ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ ၿပီးခဲ့တဲ့ရာသီကထက္ စြမ္းေဆာင္ရည္ပုိေကာင္းတဲ့အသင္းအျဖစ္ ဗလင္စီယာ သတ္မွတ္ခံရ

ဗလင္စီယာအသင္းရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္က အံ့အားသင့္စရာပါ။ ၂၀၁၆-၁၇ ရာသီတုန္းက လာလီဂါမွာ အဆင့္(၁၂)ေနရာမွာ ရပ္တည္ခဲ့ၿပီး ႐ုန္းကန္ခဲ့ရတဲ့ ဗလင္စီယာအသင္းဟာ ဒီရာသီမွာေတာ့ လမး္ေၾကာင္းမွန္ေပၚ ျပန္လည္ေရာက္ရွိခဲ့သလုိ အဆင့္(၄)ေနရာရရွိခဲ့တာေၾကာင့္ တစ္ရာသီၾကာေ၀းကြာခဲ့တဲ့ ခ်န္ပီယံလိဂ္ ၿပိဳင္ပဲြဆီ တစ္ေက်ာ႔ျပန္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ပါၿပီ။ နည္းျပ မာဆယ္လီႏုိ Marcelino ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဗလင္စီယာအသင္းဟာ ၿပီးခဲ့တ့ဲရာသီကထက္ ရမွတ္(၂၇)မွတ္အထိ ပုိရခဲ့ၿပီး ဥေရာပထိပ္သီးလိဂ္(၅)ခုမွာ တိုးတက္မႈအေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ႏုိင္ခဲ့တာျဖစ္ပါတယ္။ပရီးမီးယားလိဂ္အမွတ္ေပးခ်န္ပီယံ မန္စီးတီးအသငး္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားရယူႏုိင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကထက္ ဒီႏွစ္အမွတ္ရရွိမႈက (၂၂)မွတ္သာ ပုိရခဲ့တာေၾကာင့္ ဗလင္စီယာရဲ႕ေနာက္မွာသာ ရပ္တည္ႏုိင္ခဲ့တယ္။

Manchester-City-were-crowned-Premier-League-champions-after-an-improved-season

Manchester-City-were-crowned-Premier-League-champions-after-an-improved-season

ၿပီးခဲ့တ့ဲရာသီကထက္ ဒီရာသီမွာ အမွတ္ပုိမုိရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တဲ့ အသင္းမ်ား

1) Valencia – 27 more points

2) Manchester City – 22 points

3) Real Betis – 21 points

4) Schalke 04 – 20 points

5) Marseille – 15 points

6) Burnley – 14 points
Bayer Leverkusen – 14 points

8) Manchester United – 12 points
Montpellier – 12 points

10) Lyon – 11 points

ဘက္တစ္အသင္းက တတိယေနရာမွာ ရပ္တည္ေနၿပီး ေရွာင္ဒုိက္ရွ္ Sean Dyche ရဲ႕ ဘန္ေလကေတာ့ အဆင့္(၆)ေနရာမွာ ေလဗာကူဆင္အသင္းနဲ႔အတူ ပူးတဲြရွိေနပါတယ္။ ဒီရာသီမွာ စိတ္ပ်က္စရာရလဒ္ေတြ ႀကံဳ ေတြ႕ခဲ့တဲ့ မန္ယူအသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီကထက္ (၁၂)မွတ္သာ ပုိရခဲ့တာေၾကာင္း အဆင့္(၈)ေနရာသာ ရခဲ့တယ္။ ဆန္႔က်င္ဘက္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီထက္ ဒီရာသီမွာ ရမွတ္ဆုံး႐ႈံးမႈအမ်ားဆုံး အသငး္စာရင္း မွာေတာ့ ဘြန္ဒစ္လီဂါကလပ္ ကုိလုံးအသင္းက ထိပ္ဆုံးေနရာမွာ ရွိေနပါတယ္။ ကုိလုံးအသင္းဟာ ၿပီးခဲ့တဲ့ ရာသီနဲ႔ ဒီရာသီ အမွတ္ကြာဟခ်က္က (-၂၇)မွတ္အထိ ရွိခဲ့တာပါ။ ကုိလုံးအသင္းအေနနဲ႔ ၂၀၁၆- ၁၇ ရာသီက အဆင့္(၅)ေနရာရရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တန္းဆင္းခဲ့ရတဲ့အထိ အေျခအေနဆုိးရြားခဲ့တယ္။ အခုစာရင္းထဲမွာ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံဘဲြ႕ကုိ လက္လႊတ္ခဲ့ရတဲ့ ခ်ယ္လ္ဆီးအသင္းလည္း ပါ၀င္ခဲ့ၿပီး (-၂၃)မွတ္အထိရွိခဲ့သလုိ ဒီရာသီ အဆင့္(၅)ေနရာသာရရွိခဲ့လုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လည္း လဲြေခ်ာ္သြားပါၿပီ။ အံ့အားသင့္စရာေကာင္းတာက ဥေရာပထိပ္သီးအသင္းေတြျဖစ္ၾကတဲ့ ရီးယဲလ္၊ အာဆင္နယ္တို႔လည္း ပါ၀င္ခဲ့တာပါပဲ။

Real-Madrid-were-17-points-worse-off

Real-Madrid-were-17-points-worse-off

ၿပီးခဲ့တဲ့ရာသီကထက္ ဒီရာသီမွာ အမွတ္ရရွိမႈ အႏုတ္ျပခဲ့တဲ့အသင္းမ်ား

1) Cologne – 27 points fewer

2) Malaga – 26 points

3) Nice – 24 points

4) Chelsea – 23 points

5) Athletic Bilbao – 20 points

6) Real Madrid – 17 points
Las Palmas – 17 points
Metz – 17 points

9) Real Sociedad – 15 points
Monaco – 15 points

11) West Brom – 14 points
Sevilla – 14 points
RB Leipzig – 14 points

14) Arsenal – 12 points

REF:Daily Mail
Photo: Football-Lineups.com,The Independent,Sportyou
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ ပြီးခဲ့တဲ့ရာသီကထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့အသင်းအဖြစ် ဗလင်စီယာ သတ်မှတ်ခံရ

ဗလင်စီယာအသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည်က အံ့အားသင့်စရာပါ။ ၂၀၁၆-၁၇ ရာသီတုန်းက လာလီဂါမှာ အဆင့်(၁၂)နေရာမှာ ရပ်တည်ခဲ့ပြီး ရုန်းကန်ခဲ့ရတဲ့ ဗလင်စီယာအသင်းဟာ ဒီရာသီမှာတော့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိခဲ့သလို အဆင့်(၄)နေရာရရှိခဲ့တာကြောင့် တစ်ရာသီကြာဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ တစ်ကျော့ပြန် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီ။ နည်းပြ မာဆယ်လီနို Marcelino ရဲ့ ဦးဆောင်မှုနဲ့အတူ ဗလင်စီယာအသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ရမှတ်(၂၇)မှတ်အထိ ပိုရခဲ့ပြီး ဥရောပထိပ်သီးလိဂ်(၅)ခုမှာ တိုးတက်မှုအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်အမှတ်ရရှိမှုက (၂၂)မှတ်သာ ပိုရခဲ့တာကြောင့် ဗလင်စီယာရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့တယ်။

Manchester-City-were-crowned-Premier-League-champions-after-an-improved-season

Manchester-City-were-crowned-Premier-League-champions-after-an-improved-season

ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီမှာ အမှတ်ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းများ

1) Valencia – 27 more points

2) Manchester City – 22 points

3) Real Betis – 21 points

4) Schalke 04 – 20 points

5) Marseille – 15 points

6) Burnley – 14 points
Bayer Leverkusen – 14 points

8) Manchester United – 12 points
Montpellier – 12 points

10) Lyon – 11 points

ဘက်တစ်အသင်းက တတိယနေရာမှာ ရပ်တည်နေပြီး ရှောင်ဒိုက်ရှ် Sean Dyche ရဲ့ ဘန်လေကတော့ အဆင့်(၆)နေရာမှာ လေဗာကူဆင်အသင်းနဲ့အတူ ပူးတွဲရှိနေပါတယ်။ ဒီရာသီမှာ စိတ်ပျက်စရာရလဒ်တွေ ကြုံ တွေ့ခဲ့တဲ့ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ရာသီကထက် (၁၂)မှတ်သာ ပိုရခဲ့တာကြောင်း အဆင့်(၈)နေရာသာ ရခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြီးခဲ့တဲ့ရာသီထက် ဒီရာသီမှာ ရမှတ်ဆုံးရှုံးမှုအများဆုံး အသင်းစာရင်း မှာတော့ ဘွန်ဒစ်လီဂါကလပ် ကိုလုံးအသင်းက ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ကိုလုံးအသင်းဟာ ပြီးခဲ့တဲ့ ရာသီနဲ့ ဒီရာသီ အမှတ်ကွာဟချက်က (-၂၇)မှတ်အထိ ရှိခဲ့တာပါ။ ကိုလုံးအသင်းအနေနဲ့ ၂၀၁၆- ၁၇ ရာသီက အဆင့်(၅)နေရာရရှိခဲ့ပေမယ့် ဒီရာသီမှာတော့ တန်းဆင်းခဲ့ရတဲ့အထိ အခြေအနေဆိုးရွားခဲ့တယ်။ အခုစာရင်းထဲမှာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းလည်း ပါဝင်ခဲ့ပြီး (-၂၃)မှတ်အထိရှိခဲ့သလို ဒီရာသီ အဆင့်(၅)နေရာသာရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်သွားပါပြီ။ အံ့အားသင့်စရာကောင်းတာက ဥရောပထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ရီးယဲလ်၊ အာဆင်နယ်တို့လည်း ပါဝင်ခဲ့တာပါပဲ။

Real-Madrid-were-17-points-worse-off

Real-Madrid-were-17-points-worse-off

ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီမှာ အမှတ်ရရှိမှု အနုတ်ပြခဲ့တဲ့အသင်းများ

1) Cologne – 27 points fewer

2) Malaga – 26 points

3) Nice – 24 points

4) Chelsea – 23 points

5) Athletic Bilbao – 20 points

6) Real Madrid – 17 points
Las Palmas – 17 points
Metz – 17 points

9) Real Sociedad – 15 points
Monaco – 15 points

11) West Brom – 14 points
Sevilla – 14 points
RB Leipzig – 14 points

14) Arsenal – 12 points

REF:Daily Mail
Photo: Football-Lineups.com,The Independent,Sportyou
Naing Linn(Akhayar)
www.akhayar.com