
Vainglory Esport


Vainglory



Vainglory Esport


Ref : Windows Central

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လောလောဆယ်မှာ လူကြိုက်အများဆုံး MOBA ဒါမှမဟုတ် Multiplayer Online Battle Arena ဂိမ်းကိုပြောပါဆိုရင် Mobile Legends : Bang Bang ကိုပဲ ညွှန်ပြရမှာပါ။ ဒါပေမယ့် Mobile Legends : Bang Bang ထက်ပိုပြီး Graphic ပိုင်းအရရော Gameplay ပိုင်းအရရော ပိုသာတဲ့ Vainglory က အခုအချိန်မှာ နောက်ထပ်အဆင့်တစ်ခုကို ခုန်ကူးတော့မှာပါ။

Vainglory Esport

Vainglory ဂိမ်းရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Super Evil Megacorp ကနေ အခုအချိန်မှာ Android နဲ့ iOS တွေမှာ အောင်မြင်မှု အများအပြားရရှိထားပြီးဖြစ်တဲ့အတွက် PC ဘက်ကို ကူးတော့မယ်လို့ ကြေညာလိုက်တာပဲဖြစ်ပါတယ်။ ဒါက Dota 2 နဲ့ League of Legends လိုမျိုး PC မှာ အောင်မြင်နေပြီးသား MOBA ဂိမ်းတွေရှိနေတဲ့အတွက် Vainglory လိုမျိုး Mobile Game တစ်ခုအတွက်ကတော့ ဘယ်လိုမျိုး ကျော်ဖြတ်ပြီး PC Gamer တွေကို ဆွဲဆောင်မလဲဆိုတာက စိတ်ဝင်စားစရာပါ။

Vainglory

ဒါပေမယ့်လည်း Vainglory က Mobile MOBA ဂိမ်းတွေထဲမှာ Graphic ပိုင်းအရ Intensive အဖြစ်ဆုံးဂိမ်းတစ်ခုဖြစ်နေတဲ့အတွက် PC မှာလည်း Graphic ပိုင်းမှာ ယှဉ်ပြိုင်နိုင်ဖို့ကတော့ ကျိန်းသေနေပါတယ်။ ဒါ့အပြင် PC နဲ့ Mobile Player တွေအချင်းချင်း Cross-platform ဆော့ကစားနိုင်မယ်ဆိုရင်တော့ ဒါက အဓိက Key Point တစ်ခုဖြစ်လာနိုင်ပါတယ်။

Super Evil Megacorp ကတော့ အခု PC အတွက် Vainglory ကို သူ့ရဲ့ Website မှာ တင်ပေးထားပြီး Alpha အဆင့်ပဲရှိနေတဲ့အတွက် Error တွေနဲ့ Bugs တွေရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ရက်သတ္တပတ်တွေ၊ လတွေမှာ Update ကို မပြတ်ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် တကယ်လို့ Vainglory ကို PC မှာ စမ်းသပ်ဖို့ စိတ်ကူးနေတယ်ဆိုရင် အခုပဲစမ်းသပ်ကြည့်ကြဖို့လည်း ပြောကြားထားပါတယ်။

Vainglory Esport

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းတွေရဲ့ Touch Screen မှာ ဆော့ကစားနေရာကနေ PC မှာ Keyboard ၊ Mouse တွေနဲ့ Vainglory ကို ဆော့ကစားနိုင်တော့မယ်ဆိုတာကတော့ စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။

Ref : Windows Central

Zawyè (Akhayar) 

www.akhayar.com