အီမိုဂ်ိ (Emoji) ေလးေတြသံုးရတာ ေပ်ာ္ဖို႔လည္းေကာင္းသလို ကိုယ္႔စိတ္ခံစားမႈကို စကားလံုးေတြနဲ႔ေဖာ္ျပစရာမလုိဘဲ အဆင္အေျပဆံုးထုတ္ေဖာ္ႏိုင္တာမို႔ လူမႈကြန္ရက္သံုးေနတဲ႔ လူေတြအတြက္ မရွိမျဖစ္ဆုိတာ သိၾကျပီးသားပါ။ ဒီအရုပ္ေလးေတြကို ခ်စ္မိ ခင္မိ တြယ္တာမိေပမယ္႔ စကားေျပာတိုင္းသံုးလို႔ေကာင္းသလား ဘယ္လိုအခ်ိန္ေတြမွာ မသံုးသင္႔ဘူးလဲဆိုတာေတာ႔ သိထားရမွာပါေနာ္။

အလုပ္ကိစၥနဲ႔ ေမးလ္ပို႔တဲ႔အခါ ကိုယ္႔အထက္အရာရွိ (သို႔မဟုတ္) လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ရင္းႏွီးခင္မင္မႈတည္ေဆာက္ဖို႔ အီမိုဂ်ိေလးေတြ ထည္႔သြင္းတာမ်ိဳး မလုပ္သင္႔ဘူးလို႔ဆိုပါတယ္။

ဒီအခ်က္ကိုေတာ႔ BGU, University of Haifa နဲ႔ Amsterdam University မွာရွိတဲ႔ သုေတသနပညာရွင္ေတြက ေဖာ္ထုတ္ခဲ႔တာျဖစ္ပါတယ္။

အလုပ္ကိစၥအတြက္ပို႔တဲ႔ေမးလ္ေတြမွာဒီလို အီမိုဂ်ိေတြထည္႔သြင္းတာက သင္႔ကိုအရည္အခ်င္းနည္းတယ္လို႔ ထင္သြားေစပါတယ္။ သတင္းအခ်က္အလက္တစ္ခုုခုကို သင္နဲ႔မွ်ေဝခ်င္စိတ္မရွိျဖစ္ေစတယ္လုိ႔ ဆိုထားပါတယ္။

Emoji-Snapchatဒီေလ႔လာခ်က္ကို ႏိုင္ငံေပါင္း ၂၉ ႏိုင္ငံက လူေပါင္း ၅၄၉ ေယာက္နဲ႔ စမ္းသပ္ခဲ႔တာျဖစ္ပါတယ္။

ဒီလူေတြကို တစိမ္းတစ္ေယာက္ဆီကေရာက္လာတဲ႔ အလုပ္နဲ႔ဆိုင္တဲ႔ အီးေမးလ္ေတြကိုဖတ္ခိုင္းခဲ႔ျပီး ထိုလူရဲ႕ အရည္အခ်င္းနဲ႔ေႏြးေထြးမႈရွိမရွိဆိုတာကို ဆံုးျဖတ္ခိုင္းခဲ႔တာပါ။ တခ်ိဳ႕စာေတြမွာ အီမိုဂ်ိမထည္႔ဘဲ တခ်ိဳ႕စာေတြမွာေတာ႔ ျပံဳးေနတဲ႔ပံုအီမိုဂ်ိေလးထည္႔သြင္းခဲ႔တာျဖစ္ပါတယ္။

အျပံဳးပံုအီမိုဂ်ိေတြကို ေမးလ္မွာျမင္ေတြ႔ရျခင္းဟာ လူတစ္ေယာက္ရဲ႕ အျပဳံးတစ္ပြင္႔လိုမ်ိဳး ေႏြးေထြးမႈမေပးႏိုင္ဘဲ ထိုသူကို အရည္အခ်င္းမရွိဘူးလို႔သာထင္ျမင္ရေစတယ္လုိ႔ BGU မွ Dr. Ella Glikson ကေျပာခဲ႔တာျဖစ္ပါတယ္။  တစ္ဖက္ကေမးလ္ပို႔သူဟာ အမ်ိဳးသားျဖစ္ေစ ၊ အမ်ိဳးသမီးျဖစ္ေစ ေမးလ္ဖတ္လိုက္ရသူကေတာ႔ အမ်ိဳးသမီးလို႔သာထင္သြားေစတယ္လို႔ သူကျဖည္႔စြက္ေျပာခဲ႔ပါတယ္။

တကယ္တမ္းမွေတာ႔ ခင္မင္လြန္းတဲ႔သူေတြခ်င္း ေမးလ္ပို႔ခ်ိန္မွာ အီမိုဂ်ိေတြထည္႔သြင္းသင္႔ျပီး အလုပ္ကိစၥအတြက္ဆက္သြယ္ခ်ိန္ေတြမွာ အီမိုဂ်ိေတြ ထည္႔သံုးျခင္းက ကိုယ္႔အေပၚအထင္ျမင္လြဲေစျပီး အလုပ္ထိခိုက္ေစႏိုင္တယ္လို႔ဆိုႏိုင္ပါတယ္။

 

Ref# www.businessinsider.com

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

HGID_KV_Ads_Square

Unicode

အီမိုဂျိ (Emoji) လေးတွေသုံးရတာ ပျော်ဖို့လည်းကောင်းသလို ကိုယ့်စိတ်ခံစားမှုကို စကားလုံးတွေနဲ့ဖော်ပြစရာမလိုဘဲ အဆင်အပြေဆုံးထုတ်ဖော်နိုင်တာမို့ လူမှုကွန်ရက်သုံးနေတဲ့ လူတွေအတွက် မရှိမဖြစ်ဆိုတာ သိကြပြီးသားပါ။ ဒီအရုပ်လေးတွေကို ချစ်မိ ခင်မိ တွယ်တာမိပေမယ့် စကားပြောတိုင်းသုံးလို့ကောင်းသလား ဘယ်လိုအချိန်တွေမှာ မသုံးသင့်ဘူးလဲဆိုတာတော့ သိထားရမှာပါနော်။
အလုပ်ကိစ္စနဲ့ မေးလ်ပို့တဲ့အခါ ကိုယ့်အထက်အရာရှိ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးခင်မင်မှုတည်ဆောက်ဖို့ အီမိုဂျိလေးတွေ ထည့်သွင်းတာမျိုး မလုပ်သင့်ဘူးလို့ဆိုပါတယ်။

ဒီအချက်ကိုတော့ BGU, University of Haifa နဲ့ Amsterdam University မှာရှိတဲ့ သုတေသနပညာရှင်တွေက ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

အလုပ်ကိစ္စအတွက်ပို့တဲ့မေးလ်တွေမှာဒီလို အီမိုဂျိတွေထည့်သွင်းတာက သင့်ကိုအရည်အချင်းနည်းတယ်လို့ ထင်သွားစေပါတယ်။ သတင်းအချက်အလက်တစ်ခုုခုကို သင်နဲ့မျှဝေချင်စိတ်မရှိဖြစ်စေတယ်လို့ ဆိုထားပါတယ်။
ဒီလေ့လာချက်ကို နိုင်ငံပေါင်း ၂၉ နိုင်ငံက လူပေါင်း ၅၄၉ ယောက်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒီလူတွေကို တစိမ်းတစ်ယောက်ဆီကရောက်လာတဲ့ အလုပ်နဲ့ဆိုင်တဲ့ အီးမေးလ်တွေကိုဖတ်ခိုင်းခဲ့ပြီး ထိုလူရဲ့ အရည်အချင်းနဲ့နွေးထွေးမှုရှိမရှိဆိုတာကို ဆုံးဖြတ်ခိုင်းခဲ့တာပါ။ တချို့စာတွေမှာ အီမိုဂျိမထည့်ဘဲ တချို့စာတွေမှာတော့ ပြုံးနေတဲ့ပုံအီမိုဂျိလေးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အပြုံးပုံအီမိုဂျိတွေကို မေးလ်မှာမြင်တွေ့ရခြင်းဟာ လူတစ်ယောက်ရဲ့ အပြုံးတစ်ပွင့်လိုမျိုး နွေးထွေးမှုမပေးနိုင်ဘဲ ထိုသူကို အရည်အချင်းမရှိဘူးလို့သာထင်မြင်ရစေတယ်လို့ BGU မှ Dr. Ella Glikson ကပြောခဲ့တာဖြစ်ပါတယ်။ တစ်ဖက်ကမေးလ်ပို့သူဟာ အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ မေးလ်ဖတ်လိုက်ရသူကတော့ အမျိုးသမီးလို့သာထင်သွားစေတယ်လို့ သူကဖြည့်စွက်ပြောခဲ့ပါတယ်။

တကယ်တမ်းမှတော့ ခင်မင်လွန်းတဲ့သူတွေချင်း မေးလ်ပို့ချိန်မှာ အီမိုဂျိတွေထည့်သွင်းသင့်ပြီး အလုပ်ကိစ္စအတွက်ဆက်သွယ်ချိန်တွေမှာ အီမိုဂျိတွေ ထည့်သုံးခြင်းက ကိုယ့်အပေါ်အထင်မြင်လွဲစေပြီး အလုပ်ထိခိုက်စေနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

Ref# www.businessinsider.com

ဂျူဂျူး(အခရာ)

www.akhayar.com

HGID_KV_Ads_Square