iPhone တွေကို အရည်သွေးမြင့် စမတ်ဖုန်းတလုံးလို့ လက်ခံထားပေမယ့် ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ၊ Feature တွေနဲ့ လျှို့ဝှက်ချက်တွေကို ဂဃနဏမသိကြပါဘူး။ ကျနော်လည်း လက်လှမ်းမီသလိုက် ဖော်ပြထားတာမို့ စာဖတ်သူအနေနဲ့ရော သိတာလေးများရှိရင် ဝေငှသွားလို့ရပါတယ်။

Spotligh Search နဲ့ အကုန်လုံးရှာကြမယ်

တခုခုသိချင်လို့ Message ၊ People နဲ့ App ပဲဖြစ်ဖြစ် ရှာချင်တယ်ဆိုရင် Display အလယ်ကနေဆွဲချလိုက်တာနဲ့ ပေါ်လာမယ့် Search Box လေးက အရမ်းအသုံးဝင်ပါတယ်။

Image iMore

Setting ကိုလည်း Manual Mode နဲ့ရှာကြမယ်

ဒီလိုပဲ Setting ထဲမှာ Display ၊ Music တခုချင်းစီဝင်ပြီးလိုက်ရှာတာမျိုးထက် ကိုယ်ဖွင့်ချင်တဲ့ Setting နာမည်ရိုက်ရှာလိုက်တာက ပိုမြန်ပါတယ်။ Application များလာရင်ဖြစ်ဖြစ် ရွေးချယ်စရာ Setting များလာခဲ့ရင် ဒီ Feature လေးကအသုံးဝင်တာမို့ Setting App ထိပ်ဆုံးက Search Box လေးကိုလည်း သုံးဖို့မမေ့ပါနဲ့ဦး။

Contact ကို People အလိုက် Customize လုပ်ကြမယ်

ဒီအချက်လေးက Favorite Person ၊ အချစ်ဆုံး၊ မိသားစုဝင်နဲ့ အလုပ်စတဲ့ Contact မှန်သမျှကို နှစ်သက်ရာ Ringtone ၊ Texttone လေးတွေနဲ့ Customize လုပ်နိုင်မှာကို ဆိုလိုချင်တာပါ။ အဲ့ဒီမှာ နှစ်သက်ရာ Apple Ringtone လေးတွေ ရွေးချယ်နိုင်သလို ကိုယ့် Customization အလိုက် ကွဲကွဲပြားပြား သိနိုင်ဦးမှာပါ။

Image (Timeincuk)

iPhone ကို Magnifying Glass အနေနဲ့ အသုံးပြုကြမယ်

iPhone ကင်မရာကို မှန်ဘီလူးအနေနဲ့သုံးလို့ရတယ်ဆိုတာ သိပါသလား? Setting ထဲက General ပြီးသွားရင် Accessibility ထဲက Magnifier ကိုရွေးပြီး မှန်ဘီလူးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

Notification Center ကို Customize လုပ်ကြမယ်

Notification က အရေးကြီးတယ်ဆိုမယ့် တခါတရံ အနှောက်ယှက်ပေးတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ Important လောက်ပဲ Center ထဲမှာ ပြဖို့ ရွေးချယ်ထားလို့ရသလို Deliver Quietly လုပ်တာမျိုး၊ ပိတ်ထားတာမျိုးစသဖြင့် ရွေးချယ်နိုင်ပါသေးတယ်။

Image (Arstechnica)

Lyrics ရိုက်ထည့်ပြီး သီချင်းနာမည်ကို Apple Music မှာရှာနိုင်မယ်

တခါတလေ ဖြစ်တတ်ပါတယ်။ စာသားတော့ သိနေပါရဲ့၊ သီချင်းနာမည် မေ့နေတာမျိုးကြုံဖူးကြမှာပါ။ အကယ်၍ အခုလိုမျိုးကြုံရရင်တော့ Apple Music ထဲမှာ စာသားရိုက်ထည့်ပြီး သီချင်းနာမည်ကို ရိုက်ရှာနိုင်ပါတယ်။

Image (Vulcanpost)

Do Not Disturb Feature နဲ့ အန္တရာယ်ကင်းကင်း ကောင်းမောင်းနိုင်တယ်

အကယ်၍ ခရီးသွားနေရင်း ဖုန်းဝင်လာတာမျိုး၊ Message တက်လာတာကြောင့် စိတ်အနှောက်ယှက်ဖြစ် အန္တရာယ်ဖြစ်မှာ စိုးရိမ်ရရင် Do Not Disturb ဖွင့်ထားနိုင်ပါတယ်။ ဒီလိုဆိုရင် အဝင် Call ၊ Message မှန်သမျှကို လမ်းပေါ်ရောက်နေလို့ဆိုပြီး အကြောင်းပြန်ပေးမှာဖြစ်သလို Notification ကိုလည်း ယာယီ Mute ပေးထားမှာဖြစ်ပါတယ်။

One Handed Keyboard နဲ့ စမတ်ကျကျသုံးကြမယ်

တခါတလေ ဖုန်းသုံးနေရင်း လက်မအားလို့ စာရိုက်ရအဆင်မပြေဖြစ်နေရင် One Handed Mode ပြောင်းပြီး အလွယ်တကူ စာရိုက်နိုင်ပါတယ်။ iPhone ဆိုတာမျိုးကလည်း သေးသေးသွယ်သွယ်နဲ့ဆိုတော့ လက်တဖက်နဲ့တင် Scroll လုပ် စာရိုက်နိုင်တာကအနှစ်ပါ။ ဒီလိုသုံးချင်တယ်ဆိုရင် Globe Icon လေးကို ခေတ္တဖိထားလိုက်ပြီး One Handed Mode ပြောင်းနိုင်ပါတယ်။

Image (iMore)

ဖုန်း Screen ကို Flashlight အနေနဲ့ သုံးကြမယ်

ဒါကတော့ ညရေးညတာ ကိစ္စရှိလို့ ဓာတ်မီးရှာမရဖြစ်နေရင် iPhone Screen ကို Flashlight အနေနဲ့ သုံးနိုင်ပါတယ်။ ဒီလိုသုံးဖို့ Setting ထဲထိဝင်စရာမလိုသလို Screen Wake ဖြစ်သွားတာနဲ့ Lock Screen မှာပေါ်နေတဲ့ Flashlight ကိုနှိပ်ပြီး တန်းသုံးနိုင်ပါတယ်။ (iPhone X နှင့်အထက်သာသုံးနိုင်ပါတယ်)

Siri ကို နှစ်သက်ရာ Nickname ပေးနိုင်တယ်

ဒီ Trick လေးက တကယ်ချစ်စရာလေးပါ။ ငါ့ကို အခုချိန်ကစပြီး …. လို့ ခေါ်ပါ ပြောထားရင် ပေးထားတဲ့ Nickname အတိုင်း Siri က တုံ့ပြန်မှာပါ။

Siri အသံထွက်မှားသွားရင် ပြန်ပြင်၊ သင်ပေးလို့ရပါတယ်

တခါတလေဖြစ်တတ်ပါတယ်၊ ကိုယ့်နာမည်မှားခေါ်လို့ စိတ်ဆိုးဒေါသ ဖြစ်ရတာမျိုးပါ။ အကယ်၍များ Siri က ကိုယ့်နာမည်မှားခေါ်မိခဲ့ရင် “That’s Not How You Say …..” လို့ ပြော၊ ဒါဆိုရင် “OK, how do you Pronounce the Name ……?” လို့ တုံ့ပြန်ပြီး Pronunciation List လေးထုတ်ပြပါလိမ့်မယ်။ အဲ့ဒီထဲကမှ အမှန်ကန်ဆုံးတခုကို ရွေးပြောခိုင်းလို့ရသလို အကုန်လုံးအသံထွက်မှားနေခဲ့ရင် နာမည်အသစ်တခုနဲ့ Siri ကို ထပ်ပြောခိုင်းလို့ရပါသေးတယ်။

ဓာတ်ပုံတွေကို Key Phrase နဲ့ မြန်မြန်ရှာကြမယ်

ဒီအချက်က Photos ထဲမှာ ဓာတ်ပုံများလာရင် ဘယ်နေ့၊ ဘယ်ရက်က ရိုက်ထားတဲ့ပုံကို အသေးစိတ်ပြန်ရှာဖို့ ခက်သလို Scrolling လုပ်နေရတာက ငြီးငွေ့စရာပါ။ ဒါကြောင့် ကိုယ်လိုချင်တဲ့နေရာအထိမသွားတော့ဘဲ Key Phrase တခုခုနဲ့ ဥပမာ “ရန်ကုန်” “Inya Lake” စသဖြင့် အနီးစပ်ဆုံးရွေးချယ်ပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Image (Internet)

Low Power Mode နဲ့ ဘက်ထရီချွေတာမယ်

ပုံမှန်အားဖြင့် ဖုန်းဘက်ထရီကြာကြာခံဖို့ Low Power Mode ကို အားကုန်ခါနီး (၃၀%) လောက်ရောက်မှ ဖွင့်တတ်ကြပါတယ်။ ဒီတော့ စိတ်ထဲမှာ ဘက်ထရီခံဖို့ တခုထဲအတွက်ပဲ အသုံးတည့်တယ်လို့ ယူဆနေတတ်ပြီး တကယ်တမ်းကျ Background App Refresh ကို Limit လုပ်ပေးနိုင်သလို Automatic Download စတဲ့အချက်တွေကိုပါ ကန့်သတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မလို့ ခရီးဝေးသွားရတဲ့အခါ၊ ဖုန်းအသုံးနည်းတဲ့အခါမျိုးမှာ Low Power Mode ဖွင့်ထားတာက ပိုကောင်းပါတယ်။

Image (iMore)

Keyboard မှာ အသုံးများတဲ့ Phrases ၊ Emojis တွေကို Shortcuts လုပ်ထားနိုင်တယ်

Emoji Keyboard မှာ Search Function အဆင့်မြင့်လိုက်တဲ့နောက်ပိုင်း ရိုက်နေကျ စကားလုံးတွေနဲ့ Emoji တွေကို Shortcut နဲ့ Text Replacement လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒိအတွက် Setting ထဲက General>Keyboard ထဲဝင်ပြီး Text Replacement အထိ ရောက်အောင်သွားလိုက်ပါ။ အဲ့ဒီမှာ Plus Sign ကိုနှိပ်လိုက်ပြီး Shortcut ဖွင့်၊ ပြီးရင် နှစ်သက်ရာ စကားစုတခုခုနဲ့ ကိုယ်ရွေးချင်တဲ့ Emoji ၊ Phrase ကို ချိတ်ပေးလိုက်ရုံပါပဲ။

Image (Reddit)

Gridlines ဖော်ပြီး ပိုကောင်းတဲ့ပုံတွေ ရိုက်ကူးကြမယ်

ပုံမှန်အတိုင်း ဓာတ်ပုံရိုက်ရင် Focus လုပ်ချင်တဲ့နေရာ ထားရတာ မလွယ်ပေမယ့် Gridlines ဖွင့်ထားလိုက်ရင် ဘယ်နေရာကို Blur မလဲ၊ Focus ထားမလဲ စသဖြင့် Frame ထဲဝင်အောင် ရိုက်လို့ပိုလွယ်သွားပါတယ်။ The Rule of Thirds ဆိုတဲ့အတိုင်း Photo Editing Tools နဲ့ အကောင်းဆုံးပြင်တတ်ရင်တော့ Pro ဆန်တဲ့ iPhone ဓာတ်ပုံတွေ ထုတ်ကြွားနိုင်မှာဖြစ်ပါတယ်။

Image (iMore)

Siri နဲ့ Apple Device တွေရှာကြည့်မယ်

ဒီ Feature လေးကို စမ်းမသုံးကြည့်ရသေးပေမယ့် Siri နဲ့ Find My AirPods လို့ ပြောလိုက်ရင် Earbuds ကနေ အသံကျယ်ကျယ်ထွက်လာမှာဖြစ်ပြီး အမှတ်မထင် ထားမိတတ်တဲ့နေရာတွေမှာ ပြန်ရှာနိုင်မှာဖြစ်ပါတယ်။

Image (Internet)

Apps Ratings & Reviews ကို ပိတ်ထားမယ်

တခါတလေ ဖုန်းသုံးနေရင်း ဒီ Apps သုံးရတာကြိုက်လား စသဖြင့် Feedback တောင်းတာမျိုးပေါ်လာတတ်ပါတယ်။ တချို့လူအတွက်ကျ Annoying ဖြစ်တတ်တာမို့ ပိတ်ချင်တယ်ဆိုရင် Setting ထဲက iTunes and App Store ထဲကိုဝင် အဲ့ထဲကမှ “In App Rating and Reviews” ကို ပိတ်ထားလိုက်ရုံပါပဲ။

တခုခုတိုင်းတာချင်တယ်ဆိုရင် iPhone ကို သတိရလိုက်ပါ

iOS 12 ကစလို့ ပါဝင်လာတဲ့ Measure Feature လေးဟာ ကိုယ်တိုင်းတာချင်တဲ့ ဝတ္ထုရဲ့ အလျား၊ အနံ၊ အကျယ်စတာတွေကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်နားမှာ Tools တွေ အလွယ်တကူ မရတဲ့အချိန် ကင်မရာဖွင့်လိုက်ပြီး ဘယ်လောက် Size ၊ အရှည်ရှိမလဲ တိုင်းတာနိုင်မှာဖြစ်တဲ့အတွက် စမ်းသုံးကြည့်ကြည့်ပါဦး။

Image (Digital Trends)

Annoying ဖြစ်စေတဲ့ Message တွေကို Silence လုပ်ပစ်မယ်

ဒီအချက်ကတော့ ခေတ္တမမြင်ချင်တဲ့ Message တွေကို ပိတ်ထားနိုင်မှာဖြစ်ပြီး Message App ထဲမှာ သက်ဆိုင်ရာ Sender ကိုရွေး၊ Option ထဲက “Hide Alerts” လုပ်ထားလိုက်ရင် Silence ဖြစ်သွားပါလိမ့်မယ်။

Credit: Dave Smith (BI)
2B (Akhayar)
www.akhayar.com