[Zawgyi]

အိုးလ္ထရက္ဖို႔ဒ္မွာ အူစိန္ေဘာ့ Usain Bolt ေဘာလံုးကစားေတာ့မယ္

ေဘာလံုး၀ါသနာရွင္ အူစိန္ေဘာ့ Usain Bolt အိုးလ္ထရက္ဖို႔ဒ္မွာ ေဘာလံုးကစားပါေတာ့မယ္။ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီ (၂၅)ရက္မွာကတည္းက ေဘာလံုးအသင္းတစ္သင္းမွာ ကစားဖို႔သေဘာတူညီထားၿပီလို႔ အူစိန္ေဘာ့ Usain Bolt ေၾကညာခဲ့တာ၊ အခုအိုးလ္ထရက္ဖို႔ဒ္မွာ ေဘာလံုးကစားေတာ့မွာပါပဲ။ လာမယ့္ဇြန္လ (၁၀)ရက္မွာ က်င္းပမယ့္ Soccer Aid ရံပံုေငြေျခစမ္းပြဲမွာ အူစိန္ေဘာ့ Usain Boltက ႏုိင္ငံတကာေက်ာ္ၾကားသူမ်ားအသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူၿပီး အဂၤလန္ေက်ာ္ၾကားသူမ်ားအသင္းနဲ႔ ရင္ဆုိင္ရပါမယ္။ အူစိန္ေဘာ့ Usain Bolt က “ ကၽြန္ေတာ့္ရဲ႕ အိပ္မက္က ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ေရးပါပဲ။ အခုလို ရံပံုေငြပြဲမွာ နာမည္ေက်ာ္ကစားသမားတခ်ဳိ႕နဲ႔ ကစားခြင့္ရတာဟာ အမွတ္တရပါပဲ” လို႔ေျပာခဲ့ပါတယ္။

Soccer Aid က Unicef ရဲ႕ ရံပံုေငြအစီစဥ္တစ္ခုျဖစ္ၿပီး ၂၀၀၆ ခုႏွစ္ကစၿပီး ကမၻာတစ္၀ွမ္းက ကေလးငယ္မ်ားအတြက္ အေမရိကန္ေဒၚလာ (၂၄)သန္းေပးလွဴထားၿပီးပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ Soccer Aid ရံပံုေငြပဲြကို မာရာဒိုနာ Maradona ၊ ေရာ္နယ္လ္ဒင္ဟို Ronaldinho စတဲ့နာမည္ေက်ာ္ေတြ လာေရာက္ကစားဖူးပါတယ္။ နာမည္ေက်ာ္ဆယ္လီ ေရာ္ဘီ၀ီလီယံစ္က Soccer Aid ရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္ၿပီး ဒီပြဲမွာ အဂၤလန္ေက်ာ္ၾကားသူမ်ားအသင္းေခါင္းေဆာင္အျဖစ္ ပါ၀င္ကစားသြားပါမယ္။ ဒီပြဲအတြက္ လက္မွတ္ေစ်းႏႈန္းေတြကို (၁၀)ေပါင္နဲ႔ ေပါင္ (၅၀)ၾကား သတ္မွတ္ထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိုးလ်ထရက်ဖို့ဒ်မှာ အူစိန်ဘော့ Usain Bolt ဘောလုံးကစားတော့မယ်

ဘောလုံးဝါသနာရှင် အူစိန်ဘော့ Usain Bolt အိုးလ်ထရက်ဖို့ဒ်မှာ ဘောလုံးကစားပါတော့မယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၂၅)ရက်မှာကတည်းက ဘောလုံးအသင်းတစ်သင်းမှာ ကစားဖို့သဘောတူညီထားပြီလို့ အူစိန်ဘော့ Usain Bolt ကြေညာခဲ့တာ၊ အခုအိုးလ်ထရက်ဖို့ဒ်မှာ ဘောလုံးကစားတော့မှာပါပဲ။ လာမယ့်ဇွန်လ (၁၀)ရက်မှာ ကျင်းပမယ့် Soccer Aid ရံပုံငွေခြေစမ်းပွဲမှာ အူစိန်ဘော့ Usain Boltက နိုင်ငံတကာကျော်ကြားသူများအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အင်္ဂလန်ကျော်ကြားသူများအသင်းနဲ့ ရင်ဆိုင်ရပါမယ်။ အူစိန်ဘော့ Usain Bolt က “ ကျွန်တော့်ရဲ့ အိပ်မက်က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ရေးပါပဲ။ အခုလို ရံပုံငွေပွဲမှာ နာမည်ကျော်ကစားသမားတချို့နဲ့ ကစားခွင့်ရတာဟာ အမှတ်တရပါပဲ” လို့ပြောခဲ့ပါတယ်။

Soccer Aid က Unicef ရဲ့ ရံပုံငွေအစီစဉ်တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်ကစပြီး ကမ္ဘာတစ်ဝှမ်းက ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ (၂၄)သန်းပေးလှူထားပြီးပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Soccer Aid ရံပုံငွေပွဲကို မာရာဒိုနာ Maradona ၊ ရော်နယ်လ်ဒင်ဟို Ronaldinho စတဲ့နာမည်ကျော်တွေ လာရောက်ကစားဖူးပါတယ်။ နာမည်ကျော်ဆယ်လီ ရော်ဘီဝီလီယံစ်က Soccer Aid ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပြီး ဒီပွဲမှာ အင်္ဂလန်ကျော်ကြားသူများအသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားပါမယ်။ ဒီပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကို (၁၀)ပေါင်နဲ့ ပေါင် (၅၀)ကြား သတ်မှတ်ထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။