[Zawgyi]

အူစိန္ေဘာ့ Usain Bolt ေဘာလံုးသမား ျဖစ္လာေတာ့မလား

အိုလံပစ္ေရႊတံဆိပ္ဆုကို ရွစ္ႀကိမ္တုိင္ဆြတ္ခူးထားႏုိင္သူ ဂ်ေမကာအေျပးသမား အူစိန္ေဘာ့ Usain Bolt က ေဘာလံုး၀ါသနာအိုးဆိုတာ ပရိသတ္အားလံုးနီးပါးသိၿပီးသား၊ အခု အူစိန္ေဘာ့က ေဘာလံုးေလာကထဲကို အမွန္တကယ္၀င္ေရာက္ေတာ့မလား။ လာမယ့္ေဖေဖာ္၀ါရီ ၂၇ ရက္မွာ ေဘာလံုးအသင္းတစ္သင္းနဲ႔ စာခ်ဳပ္ခ်ဳပ္သြားမယ္လို႔ အူစိန္ေဘ့ာက အံ့အားသင့္ဖြယ္ေၾကညာခဲ့တာပါပဲ။အသက္ (၃၁)ႏွစ္အရြယ္အူစိန္ေဘာ့က မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အမာခံပရိသတ္လို႔ လူသိမ်ားထားၿပီး ဒေါ့မြန္အသင္းမွာ ေျခစြမ္းစမ္းသပ္မႈေတြ လုပ္ခဲ့ဖူးပါတယ္။ ေဘာလံုးနဲ႔ ပတ္သက္တဲ့ ဗီဇေတြျပသဖူးသလို၊ တာတုိအေျပးသမားတစ္ဦးျဖစ္လို႔ အူစိန္ေဘာ့သာ ေဘာလံုးကစားရင္ေအာင္ျမင္ႏုိင္တယ္လို႔ ထင္ျမင္သူေတြလည္း ရွိတယ္။ အူစိန္ေဘာ့ရဲ႕ ေအးဂ်င့္ျဖစ္သူက သူ႕ကစားသမားကို စိတ္၀င္စားေနတဲ့ေဘာလံုးအသင္းေတြရွိတယ္လို႔ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးတယ္။

အူစိန္ေဘာ့က ၿပီးခဲ့သည့္တနဂၤေႏြေနမွာ ဗီဒီယိုဖုိင္တစ္ခုကို လႊင့္တင္ခဲ့ၿပီး အဲဒီဗီဒီယိုဖုိင္ထဲမွာ ေဘာလံုး အသင္းတစ္သင္နဲ႔ စာခ်ဳပ္ခ်ဳပ္မယ့္အေၾကာင္း ထည့္သြင္းေျပာဆိုခဲ့တာပါပဲ။ အူစိန္ေဘာ့က “ ကမၻာ့အေကာင္းဆံုးကစားသမားျဖစ္လာမယ္လို႔ ဆိုလုိတာမဟုတ္ပါဘူး။ ဒါေပမဲ့အဆင့္တစ္ခုေလာက္ေတာ့ ေရာက္ေအာင္ ကၽြန္ေတာ္ကစားႏုိင္ပါတယ္။ ရြန္နီလိုမ်ဳိးလည္းကစားႏုိင္မယ္ထင္တာပဲ။ ကၽြန္ေတာ္ဘာကို ဆုိလုိလဲဆိုတာသေဘာေပါက္တယ္ မဟုတ္လား” လို႔ ၿပီးခဲ့တဲ့ႏွစ္မွာ ေျပာခဲ့ဖူးပါတယ္။

ေဘာလံုးေလာကကို အူစိန္ေဘာ့တကယ္ကူးေျပာင္းမွာလား။ ကူးေျပာင္းမယ္ဆိုရင္ ဘယ္အသင္းကို သြားမလဲ။ သူအားေပးတဲ့ မန္ခ်က္စတာယူႏုိက္တက္လား၊ သူ႕ရဲ႕ စပြန္ဆာ Puma နဲ႔ ၀တ္စံုစပြန္ဆာေတြခ်ဳပ္ဆိုထားတဲ့ အာဆင္နယ္ကိုလား၊ ေဒါ့မြန္ကိုလား။ ဒါမွမဟုတ္ အူစိန္ေဘာ့ ေဘာလံုးကစားမယ္ဆိုတာ ေကာလာဟလအျဖစ္ပဲ အဆံုးသတ္သြားမလား။ ပိတ္ကားေပၚမွာဆက္လက္ေစာင္ၾကည့္ရန္ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အူစိန်ဘော့ Usain Bolt ဘောလုံးသမား ဖြစ်လာတော့မလား

အိုလံပစ်ရွှေတံဆိပ်ဆုကို ရှစ်ကြိမ်တိုင်ဆွတ်ခူးထားနိုင်သူ ဂျမေကာအပြေးသမား အူစိန်ဘော့ Usain Bolt က ဘောလုံးဝါသနာအိုးဆိုတာ ပရိသတ်အားလုံးနီးပါးသိပြီးသား၊ အခု အူစိန်ဘော့က ဘောလုံးလောကထဲကို အမှန်တကယ်ဝင်ရောက်တော့မလား။ လာမယ့်ဖေဖော်ဝါရီ ၂၇ ရက်မှာ ဘောလုံးအသင်းတစ်သင်းနဲ့ စာချုပ်ချုပ်သွားမယ်လို့ အူစိန်ဘေ့ာက အံ့အားသင့်ဖွယ်ကြေညာခဲ့တာပါပဲ။အသက် (၃၁)နှစ်အရွယ်အူစိန်ဘော့က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ်လို့ လူသိများထားပြီး ဒေါ့မွန်အသင်းမှာ ခြေစွမ်းစမ်းသပ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ ဘောလုံးနဲ့ ပတ်သက်တဲ့ ဗီဇတွေပြသဖူးသလို၊ တာတိုအပြေးသမားတစ်ဦးဖြစ်လို့ အူစိန်ဘော့သာ ဘောလုံးကစားရင်အောင်မြင်နိုင်တယ်လို့ ထင်မြင်သူတွေလည်း ရှိတယ်။ အူစိန်ဘော့ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားကို စိတ်ဝင်စားနေတဲ့ဘောလုံးအသင်းတွေရှိတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ထုတ်ဖော်ပြောကြားခဲ့ဖူးတယ်။

အူစိန်ဘော့က ပြီးခဲ့သည့်တနင်္ဂနွေနေမှာ ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ထဲမှာ ဘောလုံး အသင်းတစ်သင်နဲ့ စာချုပ်ချုပ်မယ့်အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါပဲ။ အူစိန်ဘော့က “ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့အဆင့်တစ်ခုလောက်တော့ ရောက်အောင် ကျွန်တော်ကစားနိုင်ပါတယ်။ ရွန်နီလိုမျိုးလည်းကစားနိုင်မယ်ထင်တာပဲ။ ကျွန်တော်ဘာကို ဆိုလိုလဲဆိုတာသဘောပေါက်တယ် မဟုတ်လား” လို့ ပြီးခဲ့တဲ့နှစ်မှာ ပြောခဲ့ဖူးပါတယ်။

ဘောလုံးလောကကို အူစိန်ဘော့တကယ်ကူးပြောင်းမှာလား။ ကူးပြောင်းမယ်ဆိုရင် ဘယ်အသင်းကို သွားမလဲ။ သူအားပေးတဲ့ မန်ချက်စတာယူနိုက်တက်လား၊ သူ့ရဲ့ စပွန်ဆာ Puma နဲ့ ဝတ်စုံစပွန်ဆာတွေချုပ်ဆိုထားတဲ့ အာဆင်နယ်ကိုလား၊ ဒေါ့မွန်ကိုလား။ ဒါမှမဟုတ် အူစိန်ဘော့ ဘောလုံးကစားမယ်ဆိုတာ ကောလာဟလအဖြစ်ပဲ အဆုံးသတ်သွားမလား။ ပိတ်ကားပေါ်မှာဆက်လက်စောင်ကြည့်ရန်ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။