ကျနော်အခု ရေးသားဖြစ်တဲ့ ဆောင်းပါးကတော့ ဇွန်လ ၂၉ ရက်တုန်းက ကျင်းပခဲ့တဲ့ G-20 Summit နဲ့ ဆက်စပ်မှုရှိပါတယ်။ နိုင်ငံခေါင်းဆောင်ကြီးတွေ ဆုံတွေ့ခဲ့ကြတဲ့ အစည်းဝေးပွဲမှာ လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ ဆက်ဆံရေး အခြေနေတွေ ဆွေးနွေးနိုင်ခဲ့တယ်။

မြင်သာအောင် ပြောရမယ်ဆိုရင်တော့ သမ္မတ Trump ကိုယ်တိုင် US ကုမ္ပဏီကြီးတွေကို Huawei နဲ့ ကုန်သွယ်ခွင့် ပြုလိုက်သလို တဖက်ကလည်း အခွန် ၂၅% တိုးကောက်တာကို ဖြတ်ချပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် Huawei Ban ကို ဖြေလျှော့သွားတော့မယ်လို့ ယူဆရပေမယ့် လက်တွေ့မှာတော့ မှုန်ဝါးနေဆဲလို့ ပြောနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ အမေရိကန် ကုမ္ပကြီးတွေဖြစ်တဲ့ HP ၊ Dell ၊ Microsoft နဲ့ Amazon တို့ တရုတ်မြေက စွန့်ခွာဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတွေအရ G-20 ရလာဒ်တွေက Huawei အတွက် Effective မဖြစ်ဘူးလို့ ပြောနေပါတယ်။

ဒါပေမယ့် နိုင်ငံရေးနွယ်နေတဲ့ လှုပ်ရှားမှုတွေ ပါဝင်နိုင်လို့ Ongoing ဖြစ်နေတဲ့ သတင်းကိုသာ ဖော်ပြသွားပါ့မယ်။ ထွက်ခွာရတဲ့ အကြောင်းရင်းကိုတော့ Vox Media မှာ ဒေါ်လာ သန်း ၂၀၀ ထုတ်ကုန်ရဲ့ ၂၅% အခွန်ကြောင့်လို့ ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် Production ၃၀% ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်လာပြီး Microsoft နဲ့ Amazon တို့ရဲ့ Xbox ၊ Kindles နဲ့ Echo Speaker ထုတ်လုပ်မှုတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ သတင်းအနေနဲ့ကတော့ Acer ၊ AsusTeK လို တရုတ်ကုမ္ပဏီတွေလည်း ပြောင်းရွှေ့ဖို့ ပါဝင်နေပြီလို့ ပြောနေကြပါတယ်။

ဒီလို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ တွေ ပြောင်းရွှေ့ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ G-20 ရလာဒ်တွေက ထင်သလောက် Effective မဖြစ်ဘူးလို့ ပြောနိုင်နေပါပြီ။ Apple အနေနဲ့လည်း iPhone အစိတ်ပိုင်းတွေကို တရုတ်ပြင်ပမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး Google လည်း ပါလာပြီလို့ The Wall Street Journal မှာ ဖော်ပြထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ နှစ် ၂၀ လောက် ခြေကုပ်ယူထားတဲ့ တရုတ်မြေကို စွန့်ခွာတာ G-20 နဲ့ မသက်ဆိုင်ဘဲ အနာဂတ်မှာ မျှော်မှန်းလို့ မရတဲ့ အကျိုးဆက်ကြောင့်လို့ သုံးသပ်ထားပါတယ်။ မြင်သာအောင် ပြောရရင်တော့ Huawei ကို Ban တာစလို့ အဆင့်တက်လာတဲ့ အမေရိကန် လှုပ်ရှားမှုတွေက ခန့်မှန်းလို့ မရတာပဲဖြစ်ပါတယ်။

G-20 မှာ အချိုးပြောင်းသွားပေမယ့် လက်ရှိ အခြေနေကို သုံးသပ်ဖို့ မလွယ်ပါဘူး။ Huawei အနေနဲ့ နှုတ်ဆိတ်နေသလို အခုလို အမေရိကန် ကုမ္ပကြီးတွေ ပြောင်းရွှေ့ဖို့ လုပ်နေပြီဆိုကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေက အနှုတ်လက္ခဏာ ဆောင်နေပြီ ထင်ပါတယ်။

Source: The Verge
2B (Akhayar)
www.akhayar.com