ပြီးခဲ့တဲ့ ရက်သတ္တပတ် လောက်တုန်းက နိုင်ငံခေါင်းဆောင်ကြီးတွေ ဆုံတွေ့ခဲ့ကြတဲ့G-20 Summit ကို မှတ်မိဦးမယ် ထင်ပါတယ်။ အဲ့မှာ အမေရိကန် အစိုးရအနေနဲ့ Huawei အပေါ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးသွားမယ်လို့
သမ္မတကြီး Donald Trump ပြောဆိုခဲ့ပါတယ်။

တဆက်ထဲမှာ အမေရိကန် ကုမ္ပကြီးတွေနဲ့ ပြန်လည် ကုန်သွယ်ခွင့်ပြုသွားမယ်လို့လည်း အတည်ပြုသွားပါတယ်။ ကုန်သွယ်ရေး တိုက်ပွဲနဲ့ပတ်သက်လို့ အနည်း၊ အများ Traffic ရှိနိင်တယ် ဆိုခဲ့လို့ အခြေနေထူးမလာသေးပါဘူး။

Photo: CNN

အလားလာကောင်းခဲ့တဲ့ G-20 Summit

ဒါမယ့် တရုတ်ကုမ္ပဏီ Huawei အပေါ် တားမြစ်ချက် တချို့လျော့ပါးလာပြီလို့ သုံးသပ်ရပြီး အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အကြီးကဲ Wilbur Ross အဆိုရ

Huawei ကို ကုန်သွယ်ခွင့်ရဖို့ Special Licence အတည်ပြုမယ့်ကိစ္စကို ဆောင်ရွက်နေပြီလို့” ပြောဆိုလိုက်ပါတယ်။

Special License ဆိုတာ ဘာကြီးလဲ

Ross အဆိုရ ကုန်သွယ်လိုင်စင် ထုတ်ပေးမယ့်ကိစ္စဟာ အမေရိကန် ကြီးကြပ်မှုအောက်မှာပဲ ရှိနေမယ်၊ သမ္မတ Trump က နိုင်ငံတောလုံခြုံရေး ထိပါးစေမယ့် Equipment မရှိသရွေ့ ကုန်သွယ်ခွင့် ပြုထားမယ်ဆိုတဲ့အတွက်

Special License နဲ့ အကြုံးဝင်တဲ့ ပစ္စည်းတွေကိုသာ” တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။

ဒါကတော့ ၂ ဦး ၂ ဖက် နားလည်မှုနဲ့ လိုင်စင်ထုတ်ပေးမယ့် သဘောမှာရှိနေပါတယ်။ အခုချိန်ထိတော့ Ban List ထဲကနေ Huawei ကို ဖယ်ထုတ်ထားခြင်း မရှိသေးသလို GoogleARM စတဲ့ ကုမ္ပဏီကြီးတွေနဲ့ ကုန်သွယ်ခွင့် ရမရကိုလည်း Ross ပြောဆိုထားခြင်း မရှိပါဘူး။

Black List ထဲ အကျုံးဝင်နေဆဲ

အမေရိကန် အစိုးရ ပိတ်ပင်ထားတဲ့ Black List ထဲမှာ တချို့အချက်တွေ ဖြေလျှော့ထားပြီ ဆိုပေမယ့် လုံးဝဥသုံ ဖြတ်ချပေးလိုက်တာမျိုး မရှိတဲ့အတွက် မျှော်လင့်ချက် နည်းပါးနေဆဲပါ။

Photo: Getty Images

တဖက်မှာလည်း တရုတ်ကို တင်သွင်းနေတဲ့ ဒေါ်လာ သန်း ၂၀၀ တန် ထုတ်ကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနေလို့ Apple နဲ့ US နည်းပညာ ကုမ္ပဏီကြီးတွေတောင် တရုတ်ကလစ်ဖို့ ပြင်ဆင်နေကြပါပြီ။

Source: PocketNow
2B (Akhayar)
www.akhayar.com